လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

13 March 2011

Just Do It ဘာလဲဘယ်လဲ

နိုင်ငံရေးလုပ်စားအဖွဲ့ သစ်၏Facebook စာမျက်နှာ
 ယခုတစ်လောတွင် တူနီးရှားမှအစပြုခဲ့သော ကိုယ်ကျိုးစွန့် ပီးအနစ်နာခံတိုက်ပွဲဝင်မှုများသည် အီဂျစ် ဘာရိန်း လစ်ဗျားတို့ အထိ ကူးစက်လာခဲ့ပါသည်။တူနီးရှားတွင် ကျောင်းသားတစ်ယောက် ကကိုယ်ကျိုးစွန့် အနစ်နာခံပြီှးဆန္ဒပြရာမှ လူထုအုံကြွမှုကြီး ဖြစ်ခဲ့ပီးအောင်ပွဲဆင်နိုင်ခဲ့ပါည်။မြန်မာ့ဒီမိုကရေဒီရေးလှုပ်ရှားသူအများစုကတော့ ကိုယ်ကျိုးစွန့် အနစ်နာခံဖို့ မဆိုထားနှင့် Facebook    Blogger   Google  တို့ ပေါ်မှာတွင် ကြောက်ခမန်းလိလိ သွေးရဲ နေသလောက် တစ်ကယ့်တစ်ကယ်တွင် ကိုယ့်အီးမေးလ်အမှန် နာမည်အမှန်ကိုပင် မပြောရဲကြပါ။ယင်းကိစ္စကိုအကြောင်းပြ၍ ယခု ဖေ့စ်ဘွတ်ပေါ်တွင် အဓိပ္ပါယ်မရှိသောJust Do It ဆိုသည့်နိုင်ငံရေးလုပ်စားအဖွဲ့ တစ်ခု ထက်မံပေါ်ပေါက်လာခဲ့ပါသည်။(အပေါ်မှပုံကိုကြည့်ပါ)ဟုတ်မဟုတ်တော့မသိပါ ယခုဖေ့စ်ဘွတ်ပေါ်သို့  ကျွန်တော်မတတ်ရဲပါ။အဘယ်ကြောင့်ဆိုသော်  သကောင့်သားတို့ ၏စာများကိုဖတ်မိခြင်းကြောင့် ကျွန်တော် ဗမာပြည်တွင် ဘယ်တော့ စစ်ဖြစ်မလဲဆိုပီး စိုးရိမ်နေရသောကြောင့်ဖြစ်ပါသည်။သူတို့ ကြေငြာချက်အရ ၁၃ရက်၃လ၂၀၁၁မှာ လူထုအုံကြွမှုဖန်တီးမည်ဟု အတိအလင်းကြေငြာချက်ထုတ်ပြန်ထားပါသည်။မည်သို့ ပင်ဆိုစေကာမူ ယခု ကျွန်တော်ရေးနေသောအချိန်ထိ မည်သူတစ်ဦးတစ်ယောက်မျှလှုပ်ရှားမှုမလုပ်ရဲကြပါ။အတိုက်အခံတို့ ၏ထုံးလမ်းစဉ်လာအရ သူတို့ ရန်ပုံငွေတွေကောက်ပြီးလုပ်စားအဖွဲ့ ဖြစ်မည်ဆိုတာ သေချာပါသည်။ပြည်သူလူထု အလိမ်မခံရစေရန် ကျွန်တော်ကျော်သူအောင်မှ သတိပေးခြင်းဖြစ်ပါသည်။

0 comments:

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons