လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

12 March 2011

ဒေါ်ဧရာဝတီကတော့ လုပ်ပီ ကိုယ့်ဘာကို သတင်းလိမ်တွေလွှင့်ပီး ခုမှ Hijackingလုပ်ခံရတာပါဆိုပီးဖောနေတယ်

ဧရာဝတီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက် အတိုက်အခိုက် ခံရ

ဧရာဝတီ သတင်းစာမျက်နှာ ဝက်ဘ်ဆိုက် အင်္ဂလိပ်ပိုင်းမှာ မနေ့ည သန်းခေါင်လောက်က သတင်း ၂ ပုဒ် တက်လာပါတယ်။ တပုဒ်ကတော့ အဆိုတော် မေဆွိ သေတ်ယ်ဆိုတဲ့သတင်းပါ။ အဲဒီသတင်းဟာ ဧရာဝတီ မဂ္ဂဇင်းက ရေးပြီးတင်တဲ့သတင်း လုံးဝ မဟုတ်ဘူး ဆိုတဲ့အကြောင်းကို ဒီနေရာက ရှင်းပါရစေ။

မမေဆွိ အနေနဲ့ ဒီသတင်းကို ဖတ်ပြီး သူ့ရဲ့ facebook မှာ ရှင်းထားတဲ့အပြင် ဧရာဝတီကိုပါ သတင်းမှားရေးတယ်ဆိုပြီး တော်တော် ဒေါသထွက်နေပုံရပါတယ်။ ဒီသတင်းကို တင်တဲ့သူက ဧရာဝတီအကြောင်း တော်တော် မသိတဲ့သူ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းထောက် နာမည်က ဗိုင်အိုလက်ချို ဖြစ်နေပါတယ်။ ဗိုင်အိုလက်ချိုက ဧရာဝတီမှာ မလုပ်တော့တာ ၁ နှစ်ကျော်ပါပြီ။

အဲဒီသတင်းတွေက ဟက်ကာတဦးဦး ဒါမှမဟုတ် တဖွဲ့ဖွဲ့က ရည်ရွယ်ချက် ရှိရှိနဲ့ တင်လိုက်တာဖြစ်ပါတယ်။ မမေဆွိ သေတယ်ဆိုပြီး ၂၀၀၈ နှစ်ဆန်းပိုင်းလောက်က တခါ အေပီ သတင်းဌာန အမှတ်တံဆိပ်ကိုသုံးပြီး လူတဦး သို့မဟုတ် လူတစုက လုပ်ဖူးပါသေးတယ်။ အဲဒီတုန်းက ဒီဘက်က မီဒီယာတွေတောင် အေပီက ထွက်တာပဲ ဆိုပြီး သတင်းလိုက်ဖို့ လုပ်ကြပါတယ်။ နောက်တော့မှ မဟုတ်ကြောင်း သိရတာပါ။ အခုကတော့ ဧရာဝတီဆိုက်ကို တမင် ရည်ရွယ်ချက်နဲ့ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တာပါ။

နောက်သတင်းတပုဒ်က ပိုဆိုးပါတယ်။ ဧရာဝတီကို NLD နဲ့ ရန်တိုက်ပေးသလို ရေးထားတဲ့ သတင်းပါ။ ဧရာဝတီ၊ DVB စတဲ့ မီဒီယာတွေ ဒိုနာတွေဆီက ရနေတဲ့ ငွေကြေး အလျှော့ခံရတဲ့အတွက် NLD ကို ကျေးဇူးတင်ပါတယ် ဆိုပြီး ရေးထားပါတယ်။ နောက်ထပ် ဘာတွေ ထပ်လုပ်ဦးမယ်ဆိုတာ မပြောနိုင်ပါဘူး။

ဧရာဝတီရဲ့ ကွန်ပြူတာ နည်းပညာသမားများက ဧရာဝတီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုဒ်ဟာ Hijacking လုပ်ခံတာဖြစ်ကြောင်း အတည်ပြုထားပြီး အခု ဝက်ဘ်ဆိုဒ် အမှန်ကို ပြန်ရောက်ရေးအတွက် ကြိုးပမ်းနေပါတယ်။

ထင်ယောင်ထင်မှား ဖြစ်စရာတွေ၊ ပြဿနာ တက်စရာ၊ အငြင်းပွားစရာတွေနဲ့ ရန်တိုက်ပေးတဲ့ ပုံစံမျိုးကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ ဖြစ်တဲ့အတွက် အဲဒီကိစ္စကို ဧရာဝတီက ဖော်ထုတ်ဖို့ ကြိုးစားနေတယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

ဧရာဝတီ
အဆင့်မရှိ သတင်းလိမ် သတင်းမှား..ပေါက်ကရလွှင့်တတ်သော ဒေါ်ဧရာဝတီ

http://www.irrawaddyblog.com/2011/03/blog-post_6812.html

0 comments:

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons