လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

28 March 2011

ဗိုလ်ချုပ်နှင့်အတူငါးမူးတန်းမှာရုပ်ရှင်ကြည့်ခဲ့ဖူးသူများ

အထပ်ပါနှစ်ယောက်မှာ ဗိုလ်ချုပ်နှင့် ရုပ်ရှင်ကြည့်ခဲ့ ဖူးသူများဖြစ်ပါတယ်
သူတို့ ရဲ့ အီးယောင်ဝါးသံယောင်လိုက်နေတဲ့ commentတွေပါ
 Fb ကို ဖွင့်လိုက်တာနဲ့  ကျက်သရေမရှိတဲ့DVBမှ သတင်းတပုဒ်ကို အတိုက်အခံအီးယောင်ဝါး များက Like လုပ်ထားကြတာ များလွန်းလို့  ကျွန်ုပ် ကျော်သူအောင်မှာ သဲထိတ်ရင်ဖိုနှင့် ကြည့်လိုက်တဲ့ တခဏ...အံ့သြ မင်သက်စွာ ဖြစ်ခဲ့ရပါသည်။ အကြောင်းအရင်းမှာ ကျွန်ုပ်ကျော်သူအောင် ပထမဆုံးမြင်လိုက်ရတဲ့ commentတခုမှာတင် ဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရသော ကြောင့်ဖြစ်ပါသည်။ အပြည်အစုံမှာ...Ronal Aung Naing ဆိုသော အီးယောင်ဝါးမှ စဖွင့်လိုက်သည့် commentတွင် ဗိုလ်ချုပ်နှင့်အတူရုပ်ရှင်ကြည့်ခဲ့ဖူးကြောင်း ထင်ရှားနေသောကြောင့်ဖြစ်ပါသည်။ Ronal Aung Naing ဆိုသော ကပြား(အင်္ဂလိပ်နှင့်ဖောက်ထားတာဖြစ်နိုင်) နှင့်vera okioဆိုသော (ဘာလူမျိုးမှန်းတော့မသိ)မြန်မာလိုတော့ရေးတတ်တဲ့သူတို့ နှစ်ယောက်ပြောပုံအရ သူသည်ဗိုလ်ချုပ်နှင့်အတူ ငါးမူးတန်းတွ ရုပ်ရှင် ကြည့်ခဲ့ဖူးသောလူများဖြစ်နေသောကြောင့်တည်း။။။သူတို့ ကို ကြည့်ရသည်မှာ ကျွန်ုပ်ကျော်သူအောင်မဆိုထားနှင့် လာရောက်ဖတ်ရှူသူများပင်လျင်မျက်ရည်လည်နိုင်ကြသည်အထိ ဗိုလ်ချုပ်ကို လွမ်းနေသောကြောင့်ဖြစ်ပေသည်။များမကြာမီကျွန်ူပ်ကျော်သူအောင်မှ ယင်းတို့ နှစ်ယောကိုခေါ်၍ Interviewလုပ် ကာ အပြည့်အစုံ ဗိုလ်ချုပ်နှင့် ဘာကားကြည့်ခဲ့ သလဲဆိုတာကို တင်ပြနိုင်အောင် ကြိုးစားပေးပါမည်လို့   အသိပေးအကြောင်းကြားလိုက်ပါတယ်ခင်ဗျာ။

27 March 2011

စောလားဘွယ် အဖွဲ့ မှတပ်ဖွဲ့ ဝင်များ အစိုးရထံသို့  ပြန်လည်ပူးပေါင်း


အစိုးရထံပြန်လည်ပူးပေါင်းလာကြသူများ
မ၀တီမြို့ကို နိုဝင်ဘာ ၇ ရက်နေ့က ပစ်ခတ် တိုက်ခိုက်ပြီး KNU အဖွဲ့နှင့် ပူးပေါင်း သွားခဲ့သည့် ဗိုလ်မှူးချုပ် စောလားဘွယ် အဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မြန်မာ အစိုးရ တပ်များ၏ ဖိအားပေး တိုက်ခိုက်မှုများကြောင့် ဗိုလ်မှူးချုပ် စောလားဘွယ် လက်အောက်တွင် ဆက်လက် နေထိုင်ရန် အခက် အခဲများ ဖြစ်ပေါ် နေပြီး အဖွဲ့လိုက် အဖွဲ့လိုက် နယ်ခြားစောင့် တပ်များနှင့် ပြန်လည် ပူးပေါင်းလျက် ရှိကြောင်း သိရှိရပါသည်။
အစိုးရတပ်များနှင့် လာရောက်ပူးပေါင်းခဲ့သည့် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွှေးအဖွဲ့မှ ဗိုလ်မှူးကြီး နိုင်လွင်၊ ချင်းလုံ၊ ဗိုလ်မှူးကြီး စောလားဒါးနှင့် တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူ နယ်မြေအတွင်း လှုပ်ရှားနေသော DKBA ဗဟိုလုံခြုံရေး တပ်ရင်း ၉၀၆ မှ ဗိုလ်မှူး မန်းသိန်း ဦးစီး (၁၅)ဦး လက်နက်မျိုးစုံ (၁၄) လက်နှင့်အတူ ဘုရားသုံးဆူ အစိုးရ တပ်စခန်းသို့ ဒီဇင်လာလ (၁)ရက်နေ့တွင် ရောက်ရှိ သွားပါသည်။ ဘုရားသုံးဆူမြို့ ကုန်သည်တစ်ဦးက ‘‘ဗိုလ်မှူးချုပ် နှုတ်ခမ်းမွှေး အဖွဲ့တွေ ပြန်ရောက် လာတာ သေချာတယ်၊ အခုပြန်လာတဲ့ အဖွဲ့တွေက အရင်တုန်းက အတင်းခေါ်သွား ခံရတယ်လို့ ပြောတယ်။ တောထဲမှာ စားရေးသောက်ရေး ခက်နေတယ်။ တချို့ KNU ခေါင်းဆောင်တွေ ကလည်း လက်မခံချင်လို့ ပြန်လာတာလို့ ပြောသံကြားတယ်’’ ဟု ချင်းမိုင်ဒေးလီးလ် သတင်း မီဒီယာ အဖွဲ့သို့ ပြောကြားခဲ့ပါသည်။ အလားတူ ဗိုလ်မှူးကြီး နိုင်လွင်နှင့် ဗိုလ်မှူးကြီး စောလားဒါး အဖွဲ့မှ အင်အား (၄၀) ကျော်လည်း မြ၀တီ အနီးရှိ နယ်ခြားစောင့် တပ်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ နှင့်အတူ ပြန်လည် ရောက်ရှိသွားကြောင်း သိရှိ ရပါသည်။
ဗိုလ်မှူးချုပ် စောလားဘွယ် အဖွဲ့ကို KNU အဖွဲ့မှ လိုအပ်သည့် ထောက်ပံ့ ကူညီမှုများ ပြုလုပ်ပေးနေ သော်လည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့ မယုံ သင်္ကာစိတ်များ ကြီးမားနေသဖြင့် ပူးပေါင်းရန် အခက်အခဲ ရှိနေကြောင်း၊ စစ်အစိုးရ တပ်များနှင့် တိုက်ပွဲ ဖြစ်ရာတွင် ဗိုလ်မှူးချုပ် စောလားဘွယ်၏ တပ်များက ရှေ့တန်းကျကျ တိုက်ခိုက် နေရကြောင်း၊ ဗိုလ်မှူးချုပ် စောလားဘွယ် အဖွဲ့များသည် ၁၉၉၅ ခုနှစ်ခန့်က KNUမှ ခွဲထွက် လာခဲ့ပြီး မြန်မာ အစိုးရ တပ်များ၏ ယုံကြည်မှု ရရှိအောင် DKBAတပ် အနေဖြင့် KNUကို ပြန်လည် တိုက်ခိုက် ရာတွင်လည်း မြန်မာ အစိုးရ တပ်များ၏ ရှေ့မှ တိုက်ခိုက် ခဲ့ရကြောင်း၊ ယခု ၂၀၁၀ ပြည့်နှစ်တွင် မြန်မာ အစိုးရကို ဆန့်ကျင်ပြီး KNU နှင့် ပြန်လည်ပူးပေါင်း ချိန်မှာ KNU အဖွဲ့မှ ယုံကြည်မှု ရရှိအောင် မြန်မာ အစိုးရ တပ်များကို ပြန်လည် တိုက်ခိုက်ရာတွင် KNU တပ်များ၏ ရှေ့မှ တိုက်ခိုက် နေရကြောင်း၊ ဒါ့ကြောင့် အဖိုး နှုတ်ခမ်းမွှေး အဖွဲ့ဟာ အခုလက်ရှိ အချိန်မှာတော့ မိတ်ဆွေမရှိဘဲ မြန်မာ အစိုးရ ကလည်း ရန်သူ၊ KNU ကလည်း မိတ်ဆွေစစ်စစ် မဟုတ်၊ ယခင်က သေအတူ ရှင်မကွာ ဖြစ်ခဲ့တဲ့ DKBA အသွင်ပြောင်း နယ်ခြားစောင့် တပ်ဖွဲ့နှင့်လည်း ပြန်လည် တိုက်ခိုက် ရတော့မှာ ဖြစ်လို့ တိုက်ပွဲတွေကို စိတ်ကုန်နေပြီး ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက် နေထိုင် သွားတော့မှာ ဖြစ်ကြောင်း မြန်မာ အစိုးရနှင့် ပြန်လည် ပူးပေါင်းသွားသည့် ဗိုလ်မှူးကြီး စောလားဒါး မှ ပြောကြားခဲ့ ပါသည်။
ပြန်လည် ပူးပေါင်းသွားသည့် အဖွဲ့များကို DKBA အဖွဲ့မှ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ရှေ့တွင် သစ္စာရေ သောက်ခိုင်း ကြောင်း သိရှိရ ပါသည်။

၁၈နှစ်အတွင်း လနှင့်ကမ္ဘာ အနီးဆုံးနေရာရောက်ရှိသည့်ဖြစ်စဉ် Supermoonကို ကမ္ဘာတဝန်းမှရှုမြင်နိုင်ခဲ့

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ အယ်လ်မူဒီနာ ဘုရားကျောင်းဝန်းကျင် မြင်ကွင်း

အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့ လင်ကွန်းအောက်မေ့ဖွယ် အဆောက်အအုံဝန်းကျင် မြင်ကွင်း
အယ်လ်ဆာဗေးဒိုးနိုင်ငံ၊ ဆန်ဆာဗေးဒိုးရှိ အခြေခံဥပဒေ အထိမ်းအမှတ်ရုပ်တုအနီး မြင်ကွင်း
၁၈ နှစ်အတွင်း လနှင့်ကမ္ဘာ အနီးဆုံးရောက်သည့် Supermoon ဖြစ်စဉ်ကို ကမ္ဘာတစ်ဝန်းမှ နက္ခတ်တာရာကြည့် ၀ါသနာရှင်များ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့သည်။ မတ်လ ၁၉ ရက်နေ့ ညပိုင်းတွင် လသည် ကမ္ဘာနှင့် မိုင်ပေါင်း ၂၂၁၅၆၅ မိုင် အကွာအဝေးတွင် လုံးဝ အပြည့်အနေအထား၌ မိနစ် ၅၀ ကြာမျှ ရှိနေခဲ့ပြီး ၁၉၉၃ ခုနှစ်နောက်ပိုင်း အကြီးဆုံးနှင့်အတောက်ပဆုံး မြင်တွေ့ခွင့် ရခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ် Supermoon ဖြစ်စဉ်ကြောင့် သဘာဝဘေး အန္တရာယ်များ ဖြစ်လာနိုင်သည် ဟူသော အယူအဆနှင့် ဂျပန်ဆန်ဒိုင်းငလျင် တိုက်ဆိုင်ခဲ့သောကြောင့် စိတ်ဝင်စားဖွယ်ထက် စိုးထိတ်ဖွယ်ရာ အခိုက်အတန့် ဖြစ်ခဲ့ရသည်။ နာဆာ နှင့် အခြား အဖွဲ့အစည်းမျိုးစုံမှ သိပ္ပံပညာရှင်များက ဆက်စပ်မှု မရှိကြောင်း သုံးသပ်ခဲ့ကြသည်။ စနေနေ့၏ လပြည့်ချိန်သည် ပုံမှန်မြင်နေကျ အသေးဆုံးမြင်ရသည့် လပြည့်ထက် ၁၄ ရာ ခိုင်နှုန်းမျှ ကြီးပြီး ၃၀ ရာခိုင်နှုန်းမျှ ပိုမိုတောက်ပခဲ့ကြောင်း သိရသည်။

နယူးအလဲဗင်း

26 March 2011

ဒေါ်ညုနှင့်ဧရာဝတီတို့ စားခွက်လုနေကြပီ

ညုတလုံးဆောင်အိုတောင်မဆင်းရဲ

မြန်မာနိုင်ငံ၏မီးစများ





ပြီးခဲ့သည့်နှစ် ဒေါ်စုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ချိန်မှ စပြီး ယင်းတို့၏ ရန်ပုံငွေ သုံးပုံ တစ်ပုံခန့် ဖြတ်တောက် ခံခဲ့ရကြောင်း ထိုင်းအခြေစိုက် Irrawaddy Media Group နဲ့ နော်ဝေအခြေစိုက် Democratic Voice of Burma (DVB) က ပြောကြားခဲ့ပါတယ်။ အဲဒီလို ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် အဆိုပါ သတင်းဌာနတွေရဲ့ လုပ်ငန်း လည်ပတ်မှုတွေ ထိခိုက် နစ်နာခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။



နိုင်ငံတကာ အလှူရှင်များက ၎င်းတို့အတွက် ရန်ပုံငွေတွေ လျှော့ချခြင်းနဲ့ ပတ်သက်ပြီး ဒေါ်စုကြည်နဲ့ NLD တို့ဟာ အဓိက တရားခံတွေ ဖြစ်ကြောင်း ထိုင်းနေ့စဉ်ထုတ် သတင်းစာ Matichon နဲ့ တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှ ဧရာဝတီ မီဒီယာ အုပ်စုရဲ့ အယ်ဒီတာချုပ် အောင်ဇော်က ပြောဆိုခဲ့ပါတယ်။ ပြည်ပြေး မီဒီယာတွေကို ရန်ပုံငွေ ပေးမယ့်အစား NLD ရဲ့ လူမှု အဖွဲ့အစည်းတွေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အစီအစဉ်တွေအတွက် လှူဒါန်း ပေးကမ်းသင့်တယ်လို့ ဒေါ်စုကြည်ရဲ့ ဆွဲဆောင် တောင်းဆိုမှုတွေကြောင့် ဧရာဝတီ မီဒီယာအနေနဲ့ ၎င်းတို့ နှစ်စဉ် ရနေတဲ့ ရန်ပုံငွေတွေထဲက တစ်သန်းကျော် ဖြတ်တောက်ခံရပြီး DVB အနေနဲ့ ယူရိုငွေ ၅သိန်းခန့် ဖြတ်တောက်ခံရတယ်လို့ ဆိုကြပါတယ်။



ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ရာမှာ NLD ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အောင်ဇော်ရဲ့ စွပ်စွဲချက်တွေကို ချေပ ပြောဆိုခဲ့ပါတယ်။ မကြာသောကာလတွင် NLD အနေဖြင့် ကိုယ်ပိုင် မီဒီယာကို အကောင်အထည် ဖော်ရန် စီစဉ်နေကြောင်း၊ သို့မှသာ ယင်းတို့အနေနဲ့ ပြောလိုတဲ့ ကိစ္စတွေကို ပြောကြားပေးရန် ပြည်ပြေး မီဒီယာတွေကို မှီခိုနေရမှု ကင်းဝေးလိမ့်မည် ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။



ယင်းပြောဆိုချက်တွေဟာ ဒေါ်စုကြည်နဲ့ နော်ဝေ သံအမတ်ကြီး HE Katja Christina Norgaard နဲ့ တယ်လီဖုန်း ပြောဆိုမှုမှာ ပါဝင်တဲ့ အချက်တွေ ဖြစ်တယ်လို့ NLD က ဦးဥာဏ်ဝင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ DVB ကဲ့သို့ ပြည်ပြေး မီဒီယာတွေကို ပေးအပ်နေတဲ့ ပစ္စည်းတွေနဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံအတွင်း NLD ကဆောင်ရွက်နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ်တွေမှာ အသုံးပြုပါက ပိုမိုကောင်းမွန်လိမ့်မယ်လို့ ဒေါ်စုကြည်က နော်ဝေသံအမတ်ကြီး HE Katja Christina Norgaardကို စည်းရုံး ဆွဲဆောင် ပြောဆိုခဲ့ပါတယ်။ ပြည်ပြေး မီဒီယာတွေက အယ်ဒီတာချုပ်တွေရဲ့ ငွေကြေး အလွဲသုံးစား လုပ်မှုတွေကို လွန်စွာမှ စိတ်ပျက်မိတယ်လို့ ဒေါ်စုကြည်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ငွေကြေး အလွဲသုံးစား လုပ်တယ်ဆိုတဲ့ အချက်မှာ ပြည်တွင်း ပြည်ပ နှစ်ရပ်လုံးမှာ သိသာ ထင်ရှားကြောင်း၊ ဧရာဝတီနဲ့ ဒီဗွီဘီကဲ့သို့သော မီဒီယာအဖွဲ့တွေမှာ လှူဒါန်းရရှိတဲ့ ငွေရဲ့ ငါးပုံ တစ်ပုံကိုသာ ယင်းတို့ရဲ့ လုပ်ငန်း ရည်မှန်းချက်တွေအတွက် အသုံးပြုနေပြီး ကျန်ငွေတွေကို အယ်ဒီတာချုပ်တွေက ကိုယ်ကျိုးအတွက် သုံးစွဲနေကြောင်း ဒေါ်စုကြည်က အတည်ပြု ပြောဆိုခဲ့ပါတယ်။ အဲဒီလို ပြည်ပြေး မီဒီယာအဖွဲ့တွေရဲ့ ရန်ပုံငွေ အလွဲသုံးစား လုပ်မှုတွေကြောင့် ဧရာဝတီ မီဒီယာ အုပ်စုကို ရန်ပုံငွေ ဖြတ်တောက်ရန် ဒိန်းမတ် အစိုးရက မကြာသေးမီက ရန်ပုံငွေ ဖြတ်တောက်ခဲ့မှုကို ဒေါ်စုကြည်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။



ဒေါ်စုကြည်ရဲ့ သဘောထားနဲ့ အပြောအဆိုတွေကို ပြည်ပက ပြည်ပြေးတွေ အနေနဲ့ ကျိတ်မနိုင် ခဲမရ ဖြစ်ကြမှာ အမှန်ပါပဲ။ ဘာလို့လည်း ဆိုတော့ ဒေါ်စုကြည် လုပ်သမျှ အကောင်းချည်းပဲလို့ သူတို့အနေနဲ့ ၀ါဒဖြန့်ပြီး ဒေါ်စုကြည်နဲ့ NLD ကို အပြည့်အ၀ ထောက်ခံခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ နောက်တစ်ဖက်က ကြည့်ပြန်ရင်လည်း ဒေါ်စုကြည်နဲ့ NLD ကို တည်ကြက်လုပ်ပြီး တစ်နည်းအားဖြင့် သတင်းသားကောင်အဖြစ် အသုံးချပြီး စီးပွားရှာနေတဲ့ အောင်ဇော်တို့လို လူစားတွေရဲ့ လုပ်ကွက်ကို ဖော်ထုတ်ပြီး ခေတ်သစ် ရန်ပုံငွေ စုဆောင်း တတ်တဲ့ ဒေါ်စုကြည်ရဲ့ ရန်ပုံငွေရှာ နည်းသစ်ကို လေ့လာ တွေ့ရှိကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါ်စုကြည်နဲ့ ပြည်ပြေးတွေ စာခွက်လုနေကြတာတော့ သေချာပါကြောင်း တင်ပြလိုက်ရပါတယ်။

ကိုပြည်ချစ်



ဒါကတော့ အထောက်အထားလေးတွေပါ...

Zin linn1

DASSK Say

24 March 2011

ကာနယ်ဘို ဆိုလို့ ပါ...

အတိုက်အခံတို့ ရဲ့ အသိုက်တွေမှလွှင့်တာချည်းပဲ...ဟူးးးးးး
ပြောပြန်ရင် လဲကျော်သူအောင့်အလွန်..ခုချိန် ကာနယ်ဘိုဆိုတဲ့ စကားသုံးလုံး google search engineမှာရိုက်ထည့်လိုက်ပါ.ဝိုင်းဆုအကြောင်းတွေချည်းပဲမထွက်လာရင် ပြောချင်သလိုပြောကြ။အတိုက်အခံတို့ က ဝါဒဖြန့် ထားတာတွေချည်းပါပဲ။တစ်ယောက်ယောက်က တခုခုကို ထူးထူးခြားခြားလုပ်လိုက်ရင် ခုလိုပဲ copy&pasteလုပ်တတ်ကြတာ ဒေါ်လာစားတို့ ရဲ့အလုပ်တခုပါပဲ(ဒါမှဒေါ်လာရမှာပါ)ကဲကဲ ဝိုင်းဆုဘက်က နာတဲလူမရှိကြဘူးလား...ဝိုင်းဆု အသရေဖျက်ခံနေရပါတယ်။:)

22 March 2011

ကျော်သူ(ဝမ်းတွင်းရူး)၏ရင်တွင်းဖြစ်

ကျော်သူ(ဝမ်းတွင်းရူး)ရဲ့အမေ့ကျေးဇူး

21 March 2011

နိုင်ငံရေးအရေခြုံများဖုံးကွယ်ထားသော ၁၉၈၈ခုနှစ်ဖြစ်ရပ်မှန်များ


၁၉၈၈နှင့်ပါတ်သက်၍ထိုခောတ်ကျောင်းသားပြည်ပြေးအများစုသည်အဘယ်အတွက်ကြောင့်သမိုင်းတွင်အောင် လူသတ်ခဲ့ သော ၈၈၈၈ မှ အရှက်မဲ့ဖွယ် ဖြစ်ရပ်မှန်များ ကို မပြောဆိုကြပဲ စစ်တပ်မှ သေနတ်ဖြင့် ပစ်ခတ်ထိန်းသိမ်းခဲ့ရသည်များကို ပြောနေကြပါသလဲ ??မှန်ပါတယ် စစ်တပ်မှ သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းခဲ့ရလောက်အောင် အဲဒီ့ခောတ်ကျောင်းသားလူငယ်ဆိုသော အရိုင်းအစိုင်းလူယုတ်မာများနှင့် အောက်တန်းကျသောပြည်သူများဘာတွေပြုလုပ်ခဲ့ကြလဲဆိုတာ နောင်လာနောင်သားများ သိရှိစေရန် ဖော်ပြလိုက်ရပေသည်။


                                       ၁၉၈၈ဖြစ်ရပ်မှန် အပိုင်း(၁)


၁၉၈၈ဖြစ်ရပ်မှန် အပိုင်း(၂)


၁၉၈၈ဖြစ်ရပ်မှန် အပိုင်း(၃)


၁၉၈၈ဖြစ်ရပ်မှန် အပိုင်း(၄)



ကျွန်တော့အနေဖြင့် မြန်မာနိုင်ငံမှာခုလိုမျိုး အရေးအခင်းမျိုး ဘယ်သောအခါမှ ထပ်မဖြစ်ပါစေနဲ့ လိုဆုတောင်းလိုက်ပါတယ်။

တပ်မတော်


                         တပ်မတော်ဆိုတာ

ဗမာ့လွပ်လပ်ရေးတပ်မတော် BIAအလံ
ယနေ့ တပ်မတော်၏အလံတော်

မြန်မာ့ တပ်မတော် သည် မြန်မာ နိုင်ငံ၊ နိုင်ငံတော် စစ်အင်အားစု အားလုံးကို ရည်ညွန်းသည်။ တပ်မတော်ကို ကာကွယ်ရေး ဝန်ကြီးဌာန မှ ထိန်းချုပ်ပြီး တပ်မတော် (ကြည်း)၊ တပ်မတော် (ရေ)၊တပ်မတော် (လေ) နှင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ဟု ခွဲထားသည်။ အရန်အင်အားအနေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နှင့် လုံထိန်း တပ်ဖွဲ့ တို့ဖြစ်ကြသည်။

၎င်းတပ်ဖွဲ့ဝင် အားလုံးတို့မှာ နိုင်ငံတော် ကာကွယ်ရေး အတွက် မိမိ ဆန္ဒအလျှောက် အစိုးရ အင်အားဖြည့်တင်းရန် ဝင်ရောက်ခြင်းဖြစ်သည်။ ၁၉၄၈ ခု ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်လပ်ရေး ရသည်မှစ၍ တပ်မတော်သည် ပြည်ပကျူးကျော်သူများ၊ပြည်တွင်းသောင်းကျန်းသူများ၊ နိုင်ငံရေး ဆန္ဒပြသူများ နှင့် မူးယစ်ဆေးဝါး အင်အားစုများအား ပြင်းပြင်းထန်ထန် ခြေမှုန်းနိုင်ခဲ့သည်။ ဗြိတိသျှ ကိုလိုနီ ခေတ်မှစခဲ့သော စစ်ဖွဲ့စည်းပုံကို ယူခဲ့ပြီး နောက်ပိုင်းတွင် အခြားနိုင်ငံများမှ လက်နက်သစ်များ ဖြင့် ဖြည့်တင်းခဲ့သော်လဲ များစွာ ခေတ်နောက်ကျ လျှက်ပင် ရှိသေးသည်။ထို့ကြောင့် လက်ရှိတပ်မတော် အစိုးရ မှ ခေတ်မှီတပ်မတော် အဖြစ်ရပ်တည်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်လျှက်ရှိသည်။


                           

“ဆောင်ပုဒ်”

  • "ဘာလုပ်နေလဲ - လေ့ကျင့်နေတယ်"
  • "ဘာလုပ်ဖို့လဲ - တိုက်ပွဲဝင်ဖို့"
  • "ဘယ်သူ့အတွက်လဲ - ပြည်သူ့အတွက်"
  • "ဘာစိတ်ဓာတ်လဲ - သံမဏိစိတ်ဓာတ်”

    ကာကွယ်ရေးဦးစီးချုပ်များ


ဗိုလ်ချုပ်ကြီးနေဝင်း

ဗိုလ်ချုပ်ကြီးသူရတင်ဦး ယခု NLDမှချီးထုပ်ကြီး
ဗိုလ်ချုပ်ကြီးစန်းယု


ဗိုလ်ချုပ်ကြီးသူရကျော်ထင်(ဓါတ်ပုံမရှိ)


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

မြန်မာစစ်တပ် ရာထူးအဆင့်အခေါ်အဝေါ်များ

(၁) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Commander in Chief of Defense Services
(၂) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Deputy Commander in Chief of Defense Services
(၃) ကာကွယ်ရေး ဦးစီးချုပ် Commander in Chief (Army)
(၄) ကာကွယ်ရေး ဦးစီးချုပ် (ရေ) Commander in Chief (Navy)
(၅) ကာကွယ်ရေး ဦးစီးချုပ် (လေ) Commander in Chief (Air)
(၆) စစ်ရေးချုပ် Adjutant General
(၇) စစ်ထောက်ချုပ် Quartermaster General
(၈) တပ်မတော်စစ်ဆေးရေး အရာရှိချုပ် Defense Services Inspector General
(၉ ) တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် Chief of Armed Forces Training
(၁ဝ) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် Military Affairs Security (Chief)
(၁၁) စစ်ဦးစီးအရာရှိချုပ် (ကြည်း) Chief of Staff (Army)
(၁၂) စစ်ဦးစီး အရာရှိချုပ် (ရေ) Chief of Staff (Navy)
(၁၃) စစ်ဦးစီး အရာရှိချုပ် (လေ) Chief of Staff (Air)
(၁၄) စစ်ရာထူးခန့်ချုပ် Military Appointments General
(၁၅) စစ်ဥပဒေချုပ် Judge Advocate General
(၁၆) တွဲဖက်စစ်ရေးချုပ် Vice Adjutent General
(၁၇) တွဲဖက် စစ်ထောက်ချုပ် Vice Quartermaster General
(၁၈) တပ်မတော် တပ်ထိန်းချုပ် Provost Marshal
(၁၉ ) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး Director of Ordinance
(၂ဝ) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး Director of Military Enginerring
(၂၁) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး Director of Medical Services
(၂၂) ဆက်သွယ်ရေး ညွှန်ကြားရေးမှူး Director of Signal
(၂၃) ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူး Director of Defense Services Procurment
(၂၄) ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး Director of People Militias and Frontier Forces
(၂၅) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး Director of People Relation and Psychological Welfare
(၂၆) ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး Director of Resettlement
(၂၇) လေ့ကျင့်ရေး ညွှန်ကြားရေးမှူး Director of Military Training
(၂၈) သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူး Director of Armor
(၂၉ ) အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး Director of Artillery
(၃ဝ) တိုင်းမှူး Command Commander
(၃၁) တပ်မမှူး Division Commander
(၃၂) စစ်ဗျူဟာမှူး Tectical Operation Command
(၃၃) လက်ထောက်စစ်ဥပဒေချုပ် Assistant Judge Advocate General
(၃၄) တပ်ရင်းမှူး Commanding Officer
(၃၅) ဒုတိယ တပ်ရင်းမှူး Second in Command
(၃၆) စစ်ဦးစီးအရာရှိ (ပထမတန်း) General Staff Officer Grade I
(၃၇) စစ်ဦးစီးအရာရှိ (ဒုတိယတန်း) General Staff Officer Grade II
(၃၈) စစ်ဦးစီးအရာရှိ (တတိယတန်း) General Staff Officer Grade III
(၃၉ ) တပ်ရေးဗိုလ်ကြီး Adjutant
(၄ဝ) တပ်ထောက်ဗိုလ်ကြီး Quarter Master
(၄၁)ထောက်လှမ်းရေးအရာရှိ Intelligence Officer
(၄၂) ဆက်သွယ်ရေးအရာရှိ Signal Officer
(၄၃) ဆေးမှူး Medical Officer
(၄၄) ဆေးလက်ထောက် အရာခံဗိုလ် Medical Assistant
(၄၅) တပ်ရင်းတပ်ထောက် အရာခံဗိုလ် Regimental Quarter Master Sergeant
(၄၆) ရုံးအုပ်ကြီး Head Clerk
(၄၇) တပ်ကြပ်ကြီးစာရေး Sergeant Clerk
(၄၈) တပ်စာရင်းကိုင် Unit Accountant
(၄၉ ) ဗိုလ်လောင်း Cadet
(၅ဝ) အလုပ်သင်ဗိုလ် Apprentice

(၁) ဗိုလ်ချုပ်မှူးကြီး Senior General
(၂) ဒုတိယဗိုလ်ချုပ်မှူးကြီး Vice Senior General
(၃) ဗိုလ်ချုပ်ကြီး General
(၄) ဒုတိယ ဗိုလ်ချုပ်ကြီး Lieutenant General
(၅) ဗိုလ်ချုပ် Major General
(၆) ဗိုလ်မှူးချုပ် Brigadier General
(၇) ဗိုလ်မှူးကြီး Colonel
(၈) ဒုတိယ ဗိုလ်မှူးကြီး Lieutenant Colonel
(၉ ) ဗိုလ်မှူး Major
(၁ဝ) ဗိုလ်ကြီး Captain
(၁၁) ဗိုလ် Lieutenant
(၁၂) ဒုတိယ ဗိုလ် Second Lieutenant
(၁၃) အရာခံ ဗိုလ် Warrant Officer I
(၁၄) ဒုတိယအရာခံ ဗိုလ် Warrant Officer II
(၁၅) တပ်ခွဲ တပ်ကြပ်ကြီး Quarter Master Sergeant
(၁၆) တပ်ကြပ်ကြီး Sergeant
(၁၇) တပ်ကြပ် Corporal
(၁၈) ဒုတပ်ကြပ် Lance Corporal
(၁၉ ) တပ်သား Private

20 March 2011

နောက်တစ်ချီဖုံးတဲ့ ဒီတစ်လုံးမှာ ဂျပန်ဗေဒါ ပြန်ပေါ်မှာလား

ဂျပန်နိုင်ငံရှိ ငလျင်နှင့်ဆူနာမီကြောင့်ပျက်စီးသွားသည့် အိုဖူနာ တိုမြို့တွင် သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးကို မတ်လ ၁၅ ရက် နေ့ကတွေ့ရစဉ်။ မတ်လ ၁၁ ရက်နေ့ကဖြစ်ခဲ့သည့် ငလျင်နှင့် ဆူနာမီအပြီး 'ကန်'၊ ဗြိတိန်နှင့် တရုတ်နိုင်ငံတို့က ဂျပန်ကို အကူအညီများပေးလျက်ရှိသည်။ ဓာတ်ပုံ - အေအက်ဖ်ပီ
(အေအက်ဖ်ပီ)
ကိုကိုနှင့် တီအေ ဘာသာပြန်သည်။
အတွဲ ၂၆ ၊ အမှတ် ၅၁၀ (၁၈ - ၂၄ ၊ ၃ ၊ ၂၀၁၁)
ဆင်ဒိုင်း (ဂျပန်) - ပင်လယ်ထဲမှဒေါမာန်ကြွ၍ နိုးထလာသော ဆူနာမီ ရိုင်း၊ ဒီရေလှိုင်းကို လုပ်တိုင်း မခံ၊ တွန်း လှန်ထွက် ပြေးနိုင်ခဲ့ကြသော ဂျပန်နိုင်ငံ သားအချို့က ၎င်းတို့၏ သည်းထိတ်ရင်ဖိုအတွေ့အကြုံများ ပြန်ပြောင်း ပြောခဲ့ကြသည်။
သေကံမရောက်၍သက်မပျောက်ခဲ့ကြသူများတွင် မီကီအိုတိုမို၏ အစ်မ ဖြစ်သူလည်း တစ်ဦး အပါအ၀င်ဖြစ် သည်။ အထိအနာဆုံး ဖြစ်သော ဆင်ဒိုင်းမြို့အနီးတွင် နက်မှောင်သော လှိုင်းကြီးများနှင့်အတူ အိမ်ပျက် ကြီး များ၊ မော်တော်ကားများကြား၌ မျောပါ အသက်ဆုံးသွားကြသော ကံဆိုးသူများ၏ မြင်ကွင်းကိုမူ သူ၏ မျက်စိထဲမှ ထွက်တော့မည် မဟုတ်ချေ။
"အစ်မစီးလာတဲ့ ဘတ်စ်ကားရဲ့ နောက်က လှိုင်းလုံးကြီးတွေက လိုက် လာတယ်။ကားဒရိုင်ဘာက ကားကိုရပ်ပြီးအားလုံးကို ကားထဲက ဆင်း ပြီး ထွက်ပြေးကြဖို့ ပြောလိုက်တယ်။ အစ်မက လွတ်အောင်ပြေးလိုက် နိုင်ပေမယ့် တချို့ လွတ်အောင်မပြေးနိုင်လို့ လှိုင်းလုံးကြီးတွေရဲ့ ၀ါးမျို ခြင်းကိုခံခဲ့ ကြရရှာတယ်"
ဆယ်ကျော်သက်အရွယ် ကလေး သုံးယောက်၏မိခင် အိုတိုမိုကိုယ်တိုင် ကမူ ဒီလှိုင်းများလာစဉ်က ၎င်း၏ ကားထဲတွင်ရှိနေသည်။ ၎င်းဖခင် နှင့်ခွေးကို ကားထဲ အလျင်အမြန်ထည့်ကာ မောင်းထွက်ပြေးနိုင်ခဲ့သဖြင့် လှိုင်းဘေးမှ လွတ်မြောက်နိုင်ခဲ့သည်။ သူ၏ မိသားစုအားလုံး အသက်ဘေးမှလွတ်မြောက်ခဲ့ကြသော်လည်း ဆင်ဒိုင်းမြို့အနီးရှိ ၎င်း၏အိမ်မှာမူ ငလျင်ဘေးနှင့် ဆူနာမီလှိုင်းဘေး ကပ်ဘေးကြီးနှစ်ခုတွင် လုံးဝပျက်စီးသွားခဲ့ပြီ။
သောကြာနေ့က တုန်လှုပ်သွားသော ပြင်းအား ရစ်ခ်ျတာစကေး ၈ ဒသမ ၉ ရှိ ငလျင်ကြီးသည် ဂျပန်နိုင်ငံတွင် လှုပ် ခဲ့ဖူးသမျှ ငလျင် များတွင် အပြင်းထန်ဆုံး ဖြစ်ပြီး ၎င်းနှင့်အတူ ပေ ၃၀ ခန့်မြင့်မားသော ဒီရေလှိုင်းလုံးကြီးများကို လည်းဖြစ်ပေါ်စေခဲ့သည်။ ယခုအထိ သေဆုံးသူ ၁၀,၀၀၀ ကျော် သွားပြီဟု သိရှိရပြီး ထပ်တိုးလာ စရာအကြောင်း ရှိသည်ဟု သက်ဆိုင်ရာက ကြေညာ ထားသည်။ ယခု အခါ ဒုက္ခသည်များ အားနီးစပ်ရာစာသင်ကျောင်းများ နှင့် အားကစားရုံများတွင် နေရာချထားပြီး ရွှေ့ပြောင်းသယ်ယူနိုင်သော အိမ် သာ များကို စီစဉ်ပေးထားသည်။
ဂျပန်လူမျိုး သန်းပေါင်းများစွာသည် စားစရာရိက္ခာ မရှိ၊ သောက်စရာရေမရှိ၊ လျှပ်စစ်မီး လည်းမရှိဘဲ တနင်္လာနေ့ (မတ်လ ၁၄ ရက်) ကကြုံခဲ့ရသည်။ဂျပန်နိုင်ငံတွင်အင်အားပြင်းသည့် မြေငလျင်ကြီးလှုပ်သွားပြီး ဆူနာမီရေလှိုင်းကြီးများကြောင့် အိုးမဲ့အိမ်မဲ့ဘ၀ရောက် သွားသူများသည် သိန်းနှင့်ချီ၍ရှိသည်။
ကမ္ဘာတစ်ဝန်းလုံးမှ ရောက်ရှိလာသော ကယ်ဆယ်ရေးလုပ်သားများနှင့် ရှာဖွေ ရေးအဖွဲ့များသည် ဂျပန်စစ်သား ၁၀၀,၀၀၀ နှင့် ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို အပြင်းအထန်လုပ်ကိုင်နေကြသည်။ ငလျင်ကြီးလှုပ် ပြီးနောက် နောက်ဆက်တွဲငလျင် များ ဆက်လှုပ်နေ၍ မတည်မငြိမ်ဖြစ်နေသော ဂျပန်နိုင်ငံတွင် ဆူနာမီရေလှိုင်းကြီးများ ထပ်လာမည်ကို လန့်နေကြသည်။ တစ်ချိန် တည်းတွင် အပူချိန်သည်လည်း ကျဆင်းလျက်ရှိသည်။
လူများသည်ကြောက်လန့်ပြီး စိုးရိမ်ပူပန်မှုများစွာဖြင့် ၀ယ်ယူခဲ့မှုကြောင့်တစ်နိုင်ငံလုံးရှိ စတိုးဆိုင်များနှင့် ဓာတ်ဆီဆိုင်များတွင် ရောင်း စရာမရှိဖြစ်နေသည်။ အိုးအိမ်ပေါင်း ၂ ဒသမ၆ သန်းသည် လျှပ်စစ်မီးမရ၊ လူ ၃ ဒသမ၂ သန်းသည် ဓာတ်ငွေ့မရဖြစ်နေသည်။
ငလျင်ဒဏ်အကြီးအကျယ်ခံရသော ဆင်ဒိုင်းမြို့တွင် လူများသည် လိုအပ် သည့် ပစ္စည်းများဝယ်ရန်အတွက် စိတ် ရှည်ရှည်ဖြင့် တန်းစီ စောင့်ဆိုင်းနေရသည်။တယ်လီဖုန်းလိုင်းများလည်း ပြတ်တောက်နေပြီးဘေးဒုက္ခကျရောက်နေသည့်ဒေသတွင် တယ်လီဖုန်း အဆက် အသွယ် ရတစ်ချက် မရတစ် ချက်ဖြစ်နေသည်။
စူပါမားကက်တစ်ခုတွင် ပြုံးပြုံးရွှင် ရွှင်ဖြင့် ၀န်ထမ်းများသည် ကားရပ် ကွင်းတွင် ဈေးဆိုင်များ ခင်းကျင်းပြီး စားနပ်ရိက္ခာများ ရောင်းချ ပေးနေ သည်။ လူတစ်ဦးလျှင် ဂရိတ်ဖရုနှစ်လုံး၊ လိမ္မော်သီးနှစ်လုံး၊ အာလူးကြော်၊ချောကလက်ငါးထုပ်နှင့် တူနာငါး သေတ္တာနှစ်ဘူးစီ ရောင်းချပေးသည်။
လူဦးရေ ၁၆၅,၀၀၀ ရှိသော အီရှီ နိုမာကီမြို့တွင် လျှပ်စစ်ဓာတ်အားလည်းပြတ်တောက်နေပြီး ဆက်သွယ်ရေးလုပ်ငန်းများလည်း ပြတ်တောက်နေသည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းပျက်စီးသွား၍ ကယ်ဆယ်ရေး ထောက်ပံ့မှုများလည်း အထစ်ထစ်အငေါ့ငေါ့
ဖြစ်နေသည်။ မြို့တစ်ဝက်ကို ဆူနာမီရေလှိုင်းကြီးက ဖုံးလွှမ်းသွားသည်။
"ပထမဦးဆုံး ကျွန်တော်ပြောချင် တာကတော့ ကျွန်တော်တို့မှာ သောက်စရာရေမရှိဘူး။ ကျွန်တော်တို့မှာ စားစရာစားနပ်ရိက္ခာမရှိ ဘူး။ ဘာသတင်းမှလည်းမရဘူး"ဟု မြို့တော်ဝန်ဟီရိုရှီကာမီယာမာက အစိုးရအသံလွှင့်ဌာန အင်န်အိပ်ခ်ျကေကို ပြောကြားသည်။
အီရှီနိုမာကီမြို့တွင် လုပ်ကိုင်နေ သော အာရှ-ပစိဖိတ်ဒေသ ကြက်ခြေနီ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် ဖူလာက "အပျက်အစီး တောင်ပုံရာပုံ ကြီးအောက်ရောက်နေတဲ့ ပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ဖို့ကိစ္စက အချိန် နာရီနဲ့အပြိုင် အကြိတ်အနယ်လုပ်ဆောင် နေတယ်"ဟု ပြောကြားသည်။
"ကြက်ခြေနီဆေးရုံမှာအသုံးပြုဖို့ နေရာကွက်လပ်တောင်မကျန်ဘူး။ပင်ပန်းနွမ်းနယ်နေတဲ့ ကြက်ခြေနီ ဆေးဝန်ထမ်းတွေဟာ ဒဏ်ရာ ရတဲ့ လူတွေနဲ့ ဘေးချင်းယှဉ်ပြီးအိပ်နေရ တယ်"ဟုလည်း ဖူလာက ကြက်ခြေနီ ဘလော့တွင် ရေးသားဖော်ပြခဲ့သည်။
"ဒဏ်ရာရတဲ့လူတွေဟာ ဆေးဝါး အကူအညီရဖို့ လိုအပ်နေတုန်းပဲ။ ဒဏ်ရာရတဲ့လူတွေဟာ ခြေလျင်နဲ့ တစ်မျိုး၊ ရဟတ်ယာဉ်နဲ့တစ်ဖုံ၊ မိမိတို့ လုပ်ဖော်ကိုင်ဖက်များက တွဲလာ၍ တစ်မျိုး ဆေးရုံကို လာနေကြပါတယ်" ဟု လည်းဆိုသည်။
ဂျပန်နိုင်ငံတွင် ၁ ဒသမ ၄ သန်းထက်မနည်းသည့်ဦးရေသည် လောလောဆယ်ဘုံဘိုင်ရေမရဘဲ ပြတ်လပ်လျက်ရှိသည်။ လူဦးရေ ငါးသိန်းကျော်သည် ရွှေ့ပြောင်းခဲ့ရပြီး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေကြရသည်ဟုလူသားရေးရာညှိနှိုင်းရေး ကုလသမဂ္ဂရုံး
(အိုစီအိပ်ခ်ျအေ)က ပြောကြားသည်။
"အဓိကလိုအပ်ချက်ကတော့ စားနပ် ရိက္ခာ၊ သောက်သုံးရေ၊ စောင်၊ လောင် စာဆီနှင့် ဆေးဝါးတွေဖြစ်တယ်။ ဂျပန် အစိုးရနဲ့ ပုဂ္ဂလိက အခန်းကဏ္ဍက ချက်ချင်းတစ်နိုင်ငံလုံး လှုံ့ဆော်ကာ အဲဒီပစ္စည်းတွေကို ဘေးအန္တရာယ်ကျရောက်တဲ့ဒေသကို ပို့ပေးနေတယ်"လို့ အိုစီ
အိပ်ခ်ျအေအဖွဲ့က ပြောကြားသည်။
လျှပ်စစ်ဓာတ်အား ချွေတာသည့် အနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားကိုအလှည့်ကျပေးနေသည်။ နျူကလီးယားမှ လျှပ်စစ် ဓာတ်အား ထုတ်ယူမှုကို အကြီးအကျယ်မှီခိုနေရသော ဂျပန်နိုင်ငံသည် ဖူကူရှီမာမြို့ရှိ အဏုမြူဓာတ်ပေါင်းဖိုများပေါက်ကွဲပြီး အရည်
ပျော်ကျသွားမှာကို စိုးရိမ်နေရသည်။
တစ်ချိန်တည်းတွင် ရေနံချက်စက်ရုံလည်း မီးလောင်နေသည်။လျှပ်စစ်ဓာတ်အားနှင့် ဓာတ်ငွေ့ ထောက်ပံ့ရေး အခက်အခဲရှိသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။ ဂျပန် ဆောင်းရာသီကလည်း ညဘက်တွင် အပူချိန် သုညမှတ်အောက် ရောက်နေသည်။ လာမည့် ရက်များတွင်ဆီးနှင်းနှင့်မိုးကျနိုင်သည်ဟု ခန့်မှန်းထားသည်။
"နောက်ဆက်တွဲငလျင်တွေ၊ ဆူနာမီသတိပေးချက်နဲ့ မီးလောင်မှုတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုအဟန့်အတားဖြစ်စေတယ်။
"ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းရိုးတန်း နေရာဒေသ အတော်များများဟာ အဆက်မပြတ်ဖြစ်နေတယ်။ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ မရောက်သေးဘူး" ဟုလည်း အိုစီအိပ်ခ်ျအေကပြောသည်။ စစ်သားများသည် အပူပေးစက်များ၊ အရေးပေါ် စားသောက် စရာများ၊ စောင်များ၊ သောက်သုံးရေများကို ဝေငှပေးခဲ့သည်။ လူ ၁၀,၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်သည်။
ဒေသအတော်များများတွင် မြေပြိုမှုများဖြစ်ပြီး တံတားများ၊ ရထားလမ်း များကိုလည်း ရေတိုက်စားသွားသည်။ နိုင်ငံအရှေ့မြောက် ပိုင်းရှိ အဓိကအဝေးပြေးလမ်းမကြီး အားလုံးကိုလည်းပိတ်ထားသည်။ သို့သော်လည်း အရေး ပေါ်ခရီးသွားလာမှုကိုကား ခွင့်ပြုထား သည်ဟု ဂျပန်ကြက်ခြေနီအဖွဲ့မှပြော ကြားသည်။
"အပျက်အစီးဟာ ကြီးမားတယ်။ ဒါပေမယ့် ဂျပန်အာဏာပိုင်တွေရဲ့ အရေးတယူရှိမှုကလည်း လေးစား လောက်တယ်"ဟု ဂျပန်နိုင်ငံ ဆိုင်ရာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ညွှန်ကြားရေးမှူး အဲရစ် အွန်နက်က အေအက်ဖ်ပီကို ပြောသည်။

source:မြန်မာ့တိုင်းမ်

18 March 2011

သံရုံးက ဘာမှ အကူအညီမပေးဘူးဆိုပြီးပြောနေတဲ့ အချောင်သမားဒေါ်လာစားများဖတ်ရန်

သံရုံးဝဘ်ဆိုဒ်
မြန်မာနိုင်ငံသားများ သိသာစေရန်
ဂျပန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန၊ရယ် နှင့် ဆက်နွယ်ဖြစ်ပေါ်ဆဲ အခြေ အနေတို့ ကြောင့် မြန်မာနိုင်ငံသို့  ပြန်လိုသော မြန်မာနိုင်ငံသားများ အတွက် ကောင်စစ်ဆိုင်ရာ ကိစ၊ရပ်များကို သံရုံးမှ အပူတပြင်း ဆောင်ရွက်ပေးလျက် ရှိပါသည်။ မြန်မာနိုင်ငံသို့  ပြန်လိုသော်လည်း လေယာဉ်လက်မှတ်မရရှိသဖြင့် အခက်အခဲ ကြုံတွေ့  နေသော မြန်မာနိုင်ငံသားများ အနေဖြင့် သံရုံးသို့  ဆောလျင်စွာ သတင်းပေးပို့  ဆက်သွယ်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။
                                                                                                                        မြန်မာသံရုံး၊ တိုကျို
                                                                                                                                ၁၈-၃-၂၀၁၁


ငလျင်မလှုပ်ခင် ငလျင်လှုတ်နေစဉ်နှင့် ငလျင်လှုတ်ပြီးသည့် အချိန်များတွင် လိုက်နာဆောင်ရွက်ရန် အချက်များ ဖတ်ရှုရန်  ဒီ  မှာနှိပ်ပါ

17 March 2011

ရရင်ရမရရင်ချမဲ့ ဒေါ်လာစား Nge Naing


Nge Naing ဟုဆိုလိုက်လျှင် ဒီမိုကရေစီအတိုက်အခံတော်တော်များများ အထူးပင်လေးစားကြသော မမဆိုတာလူတိုင်းသိနေကြပါပီ။ သူမ၏နိုင်ငံရေးခံယူချက် မှာ" ရရင်ရ မရရင်ချ"  ဆိုသောဆောင်ပုဒ်လေးဖြစ်ပါသည်။

ငယ်နိုင်၏နိုင်ငံရေးခံယူချက်

                        ကျွန်မသည် အရင်တုန်းက တောတွင်းလက်နက်ကိုင်ဘဝ ဖြင့် သူပုန်လုပ်ခဲ့သည်။ မငယ် ဆိုရင် လူတိုင်းသိသည်။ ဇ ရှိလား မရှိလား ဓာတ်ပုံကြည့်လျှင် သိနိုင်သည်။ စိတ်ကြီးသည်။ အီးပါလျှင်တောင် တစ်တုံးပါမယ်လို့ ဆုံးဖြတ်ထားလျှင် တစ်တုံးသာ ပါသည်။ မတော်တဆ နှစ်တုံးထွက်ကျသွားခဲ့သော် ချက်ချင်း ပြန်ကောက်စားသည်။ အဲ့လောက်ထိ စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။ အစိုးရကို လက်နက်ကိုင် ဆန့်ကျင်ခြင်းက မထိရောက်ဘူးလို့ ယူဆမိသောကြောင့် ဒုက္ခသည် စခန်းမှ အသနားခံကာ အော်ဇီ တွင် သူနာပြုလုပ် အလုပ်ကျွေးပြုရင်း တော်လှန်ရေးကြီးကို ဆက်လက် လုပ်ဆောင်လျှက်ရှိသည်။ ချစ်လင် ကိုကျော်နိုင်ကို အဆွဲပြုပြီး ငယ်နိုင် ဆိုတဲ့ ဒီဘလော့မှာ ကော်ပီ တချို့၊ ထင်ရာမြင်ရာ တချို့ကို ရေးသားလျှက်ရှိသည်။ လက်နက်ကိုင် တိုက်ပွဲဝင်ရခြင်းထက် ကီးဘုတ်ကိုင် တိုက်ပွဲဝင်ရခြင်းဖြင့် မြန်မာနိုင်ငံ ကို ပြောင်းလဲ တိုးတက်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါသည်။


သူမသည်ပြောသည့်အတိုင်းပင်အမှန် အကန် ဒီမိုကရေစီရရှိအောင် ချနေပါကြောင်းသတင်းကောင်းပါးလိုက်ပါသည်။ဒီမိုရေစီရရှိအောင်ကျိုးပမ်းရင်းနဲ့  ဖာသည်မတစ်ယောက်ဖြစ်သွားရတဲ့ မငယ်နိုင်အား ဂုဏ်ပြုပါ၏။


မငယ်နိုင်ရဲ့ ငယ်ငယ်က ဖောက်သည်များ

ရရင်ရမရရင်ချမဲ့ မမ Nge Naing

ဒီမိုကရေစီ ရရှိရန် ကြိုးပမ်းရင် ဝါသနာအရ ဖာဖြစ်သွားသောမငယ်နိုင်အားဂုဏ်ပြုပါတယ်

သွားလည်ချင်တယ်ဆိုရင်တော့  ဒီ  မှာနှိပ်လိုက်။

နျူကလီးယားစက်ရုံ၌ မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ပြီးနောက် ဂျပန်တွင် ရေဒီယိုသတ္တိကြွမှု အကျပ်အတည်း ပိုမို နက်ရှိုင်းလာ

b35123
ငလျင်ကြောင့် ဖူကူရှီးမားရှိ ဒိုင်အီးချီ ဓာတ်အားပေးစက်ရုံ ပျက်စီးသွားမှုကို ကောင်းကင်မှ ရိုက်ကူးထားသော ဓာတ်ပုံ


ငလျင်ဒဏ် ခံစားခဲ့ရသော နျူကလီးယားစွမ်းအင် စက်ရုံတွင် မတ်လ ၁၆ ရက်နေ့က မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့ပြီးနောက် ဂျပန်၏ နျူကလီးယား အကျပ်အတည်းမှာ ပိုမိုဆိုးရွားလာခဲ့သည်။
နျူကလီးယားစက်ရုံ မီးလောင်ကျွမ်းမှုကြောင့် ရေဒီယိုသတ္တိကြွမှု ဖြစ်ပေါ်ခဲ့ပြီး စက်ရုံ အလုပ်သမားများကို ယာယီရွှေ့ပြောင်း ကယ်ဆယ်ခဲ့ရသည်။ ဧရာမရေပုံးကြီးများ သယ်ဆောင်ထားသော စစ်ဘက်ရဟတ်ယာဉ်များက စက်ရုံပေါ်ကို ရေလောင်း ချရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း စက်ရုံအပေါ်တွင် ရှိနေသော ဓာတ်ရောင်ခြည် ဖြာထွက်မှု မြင့်မားသောကြောင့် ရေလောင်းချရန် ကြိုးပမ်းမှုကို ရွှေ့ဆိုင်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မတ်လ ၁၁ ရက်နေ့က ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် တိုကျိုအရှေ့မြောက်ဘက် ၁၅၅ မိုင်အကွာရှိ ဖူကူရှီးမား အမှတ် (၁) စက်ရုံတွင် ပေါက်ကွဲမှု (၄) ကြိမ် ဖြစ်ပွားခဲ့ပြီး မီးနှစ်ကြိမ် လောင်ခဲ့သည်။ စက်ရုံ၏ ၁၂ မိုင်ပတ်လည် ပြင်ပတွင် ကျန်းမာရေးနှင့် ပတ်သက်သည့် စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း ဂျပန်အစိုးရအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ယူကီအိုအီဒါနိုက ပြောကြားခဲ့သည်။
ဆူနာမီကြောင့် အအေးပေးစနစ်များ ရပ်ဆိုင်းသွားခဲ့ပြီးနောက် အပူလွန်နေသော ဓာတ်ပေါင်းဖို လောင်စာတောင့်များကို ရေလောင်းချရန်အတွက် ထပ်မံ ကြိုးပမ်းနေကြောင်း အီဒါနိုက ပြောကြားခဲ့သည်။ အမှတ်(၂) နျူကလီးယား ဓာတ်ပေါင်းဖို၏ ထိန်းချုပ် အဆောက်အအုံ အောက်ခြေ၀န်းကျင်တွင် ပျက်စီးမှုများ ရှိခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။ သို့သော် ပျက်စီးသည့် ပမာဏမှာ တိတိကျကျ မသိရသေးပေ။ လောင်စာတောင့်များ ထားရှိသည့် အောက်ခြေကန်ကို အပူပေးရန် လိုအပ်နေသည်။ ရေများ အငွေ့ပျံသွားပါက ယင်းလောင်စာတောင့်များ ပေါက်ကွဲသွားနိုင်ပြီး လေထုထဲတွင် ရေဒီယိုသတ္တိကြွမှု ဖြစ်ပွားနိုင်သည်။ အမှတ်(၁) ဓာတ်ပေါင်းဖိုမှ လောင်စာတောင့် ၇၀ ရာခိုင်နှုန်းခန့် နှင့် အမှတ်(၂) ဓာတ်ပေါင်းဖိုမှ လောင်စာတောင့် ၃၃ ရာခိုင်နှုန်း ပျက်စီးခဲ့ဖွယ် ရှိကြောင်း နျူကလီးယား အန္တရာယ် ကင်းရှင်းရေး အေဂျင်စီက ပြောကြားခဲ့သည်။

16 March 2011

ကိုမိုးချီးရဲ့ ကြေငြာ (ဒေါ်လာစားမဟုတ်ပါ)

ကိုမိုးချီးရဲ့ စာအုပ်လေးကြေငြာပေးတာပါခင်ဗျာ။လောကနီတိကို ပိုးစိုးပက်စက်ဝေဖန်ထားပါတယ်တဲ့။

အားပေးလိုက်ကြပါဦး။တစ်အုပ်ဒေါ်လာ ၁၀ပါတဲ့။

ကိုမိုးချီး  က   ဒေါ်လာစားမဟုတ်ပါဘူး။

နိုင်ငံရေးကို ခုတုံးလုပ်ပြီးစီးပွားရေးမလုပ်ပါဘူးခင်ဗျာ။


အားပေးတဲ့လူတွေကို အထူးကျေးဇူးတင်ပါတယ်။

ကိုမိုးချီးက blogger မှာကြေငြာထားပါတယ်။



ဒေါ်လာ ၁၀ ထဲပါတဲ့

15 March 2011

စီးပွားရေးပိတ်ဆို့ မှု ရုပ်သိမ်းရေး လွှတ်တော်၌တရားဝင် ရှိနေသော နိုင်ငံရေးပါတီ၁၀ဖွဲ့ မှ တောင်းဆို

ဥရောပသမဂ္ဂ (EU) ရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ မူတွေဟာ မြန်မာပြည်သူအများ ရသင့်ရထိုက်တဲ့ စီးပွားရေးနဲ့ တခြား အကူအညီ၊ အခွင့်အလမ်းတွေကို ကန့်သတ်ထားသလို ဖြစ်နေတယ်ဆိုပြီး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ ပြည်တွင်းက ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၁၀ ခုက EU ခေါင်းဆောင်တွေဆီ အိတ်ဖွင့်စာရေးပြီး တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒတွေ ချမှတ်နိုင်ဖို့ အတွက်လည်း လွှတ်တော်အတွင်းက ဥပဒေမူကြမ်းတွေ အဆိုတင်သွင်းပြီးတော့ အားထုတ် ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။
ဒီမိုကရေစီ မိတ်ဆွေများပါတီလို့ နာမည်ပေးထားတဲ့ ပြည်တွင်းက ရွေးကောက်ပွဲဝင်ခဲ့ပြီး အမတ်နေရာတချို့ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီ ၁၀ ခုကြား မဟာမိတ်ပုံစံမျိုး ဖွဲ့ထားတဲ့ အဖွဲ့က ကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တွေ့ဆုံခဲ့ကြပြီး ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတဲ့မူကို ရုပ်သိမ်းပေးဖို့နဲ့အတူ မြန်မာနိုင်ငံရဲ့ လူမှုရေး ကဏ္ဍတွေမှာ အကူအညီတွေ ထပ်တိုးပေးဖို့ ဥရောပ ခေါင်းဆောင်တွေဆီ အိတ်ဖွင့်စာပေးပို့ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီပါတီ ၁၀ ခုကတော့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ၀ံသာနု NLD၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြပါတယ်။
ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ အစိုးရကို ပစ်မှတ်ထားတယ် ဆိုပေမဲ့ ပြည်သူတွေ ထိခိုက်နေတာကြောင့် အခု ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် လက်ရှိ ချမှတ်ကျင့်သုံးနေတဲ့ မူကို ပြန်လည်သုံးသပ်နေတဲ့ အချိန်နဲ့ ကိုက်ပြီး အခုလို အိတ်ဖွင့်စာ ပေးပို့ခဲ့တာ ဖြစ်တယ်လို့ NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ဗွီအိုအေကို ပြောပါတယ်။
“Sanction after Sanction ဟာ ပြည်သူတွေအတွက် အကျိုးမရှိပါဘူး။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးကြောင့် ပိတ်ဆို့ထားတယ်ဆိုရင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးဟာ ဘယ်တော့ရမလဲ ဆိုတာကို ဘယ်သူမှ အပ်ချမတ်ချ မပြောနိုင်ပါဘူး။ အဲတော့ ဒဏ်ခံရမှာကတော့ မြေစာပင်ဖြစ်တဲ့ ပြည်သူတွေပဲ ဖြစ်တာမို့ သက်ဆိုင်ရာပါတီ ၁၀ ပါတီစလုံးက သူတို့လည်း ဒီလို ခံစား သိရှိတဲ့အတွက်ကြောင့် အခုလို စုပေါင်းပြီး ရေးရခြင်း ဖြစ်ပါတယ်။”
ဒါပေမဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းလိုက်ရင် မြန်မာပြည်သူတွေအတွက် ရေတို ရေရှည်မှာ ဘယ်လိုမျိုး အကျိုးခံစားခွင့်တွေ ရနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ ဦးခင်မောင်ဆွေက အခုလို ဖြေကြားပါတယ်။
“ပိတ်ဆို့မှုတွေကို ဖွင့်လိုက်မယ်ဆိုရင် မြန်မာပြည်သူတွေမှာ ချက်ချင်း လက်ငင်းကြီး အကျိုးရသွားမလားဆိုတော့ အဲဒီလို မျှော်လင့်ချက်မျိုး မဟုတ်ပါဘူး။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ်ဆိုရင် စီးပွားရေး အခွင့်အလမ်းတွေ ပေါလာမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ ပိတ်ဆို့မှုတွေကြောင့် တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက် အကျိုးသက်ရောက်ပြီး ဥပမာ ဂီရိတို့၊ ဆိုင်ကလုန်း နာဂစ်တို့ ဖြစ်ခဲ့တုန်းက ရတဲ့အလှူငွေတွေဟာ တခြားနိုင်ငံနဲ့ ယှဉ်မယ်ဆိုရင် အများကြီးကို Sanction ပိတ်ဆို့မှုကြောင့် နည်းပါးပြီး ရတာကို သိရပါတယ်။
“ဒါ့အပြင် ODA ဆိုတဲ့ Oversea Development Assistance တွေ မရတဲ့အခါမှာ နိုင်ငံတော် စီးပွားရေး အခွင့်အလမ်းတွေ တက်လာဖို့၊ လူတွေ တဦးချင်းရဲ့ အလားအလာတွေကို ထိခိုက်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။”
တဘက်မှာလည်း မြန်မာနိုင်ငံမှာ စီးပွားရေး ချွတ်ခြုံကျရတာတွေဟာ ပိတ်ဆို့ဒဏ်ခတ်မှုထက် စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းလို့၊ တရားဥပဒေ စိုးမိုးမှုအပေါ် အခြေမခံဘဲ စစ်တပ်နဲ့ သူတို့နဲ့ နီးစပ်သူတွေက စီးပွားရေးလုပ်ငန်းတွေ အားလုံးလိုလို လက်ဝါးကြီးအုပ်တဲ့ အတွက်ကြောင့် ဆိုပြီး ကျွမ်းကျင်သူ အများက ထောက်ပြကြပါတယ်။ ဒါကြောင့် ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းရေးအပြင် မြန်မာနိုင်ငံ စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံရေးပါတီတွေ အနေနဲ့ ဘယ်လိုများ လုပ်ဆောင်မှုတွေ ရှိနေပါသလဲ။ NDF ပါတီကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စီးပွားရေး မူဝါဒတွေ ချမှတ်နိုင်ဖို့ လွှတ်တော်တွင်းကနေ ဥပဒေမူကြမ်းတွေ အဆိုတင်သွင်းဖို့ ကြိုးစားနေတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။
“စီးပွားရေး ပိတ်ဆို့မှု တခုတည်းကြောင့် မတိုးတက်တာလား ဆိုရင်တော့ မဟုတ်ပါဘူး။ စီးပွားရေး ပိတ်ဆို့မှုက အကြောင်းအချက်တွေထဲက တချက် ဖြစ်ပါတယ်။ တဘက်မှာ စီးပွားရေး ပိတ်ဆို့မှုတွေ ဖွင့်ဖို့ တောင်းဆိုသလို တဘက်မှာလည်း ကျနော်တို့က လွှတ်တော်ထဲမှာ ရှိနေတဲ့ ကိုယ်စားလှယ်တော်တွေက နေပြီးတော့ အများပါဝင်တဲ့ စီးပွားရေးဖြစ်အောင် Competition Law ပေါ့၊ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့် ဥပဒေကိုလည်း ကျနော်တို့ တင်သွင်းထားပါတယ်။
“ကျနော်တို့ပါတီက လယ်ယာကဏ္ဍမှာ စိုက်ပျိုးစရိတ်တွေ မလောက်ငတဲ့ ဟာတွေကို တိုးမြှင့်ပေးဖို့ဆိုတဲ့ အဆိုပြုချက်ကို ဒီနေ့ပဲ တင်ပြီထင်ပါတယ်။ အဲဒီလိုပဲ ကျန်တဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ပိုမိုပွင့်လင်းလာတဲ့ စီးပွားရေးနဲ့ မိတ်ဘက်ဖြစ်မယ့် ဥပဒေတွေ သိဖို့လည်း အဆိုပြုချက်တွေ တင်သွင်းသွားဖို့ ရှိပါသေးတယ်။”
NDF ပါတီက ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း အထင်ကရ နိုင်ငံတကာ သုတေသန အဖွဲ့ကြီးတခုဖြစ်တဲ့ ICG အဖွဲ့ကလည်း အနောက်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေးအရ ဆက်လက် ပိတ်ဆို့ ဒဏ်ခတ် အရေးယူထားမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ဖို့အတွက် မက်လုံးရှိမှာ မဟုတ်ဘူးဆိုပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးဖို့ အဆိုပြုထားပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့လ အတွင်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခြေအနေတွေမှာ သိသာတဲ့ တိုးတက်ပြောင်းလဲမှု မရှိသေးတာကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်လက်ထားရှိဖို့ ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
အခုလောလောဆယ် မြန်မာနိုင်ငံကို ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ EU ဥရောပသမဂ္ဂ၊ နယူးဇီလန်၊ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတို့ ဖြစ်ပါတယ်။

ဗြောင်လိမ်ဗြောင်စား Just Do It!ဒေါ်လာစားအဖွဲ့ 

Just Do It သည် အိုင်ပီမိုးချီးနှင့်ပါသတ်သတ်မှူမရှိပါဟု ဗြောင်ပြောသည့်ခေါင်းရှောင်
အဓိပ္ပါယ်မရှိအွန်လိုင်းမှာ အီးပေါက်နေကြသော အီးယောင်ဝါးများ
ဒေါ်လာစားထားတဲ့JUSI DO IT
၂၀၁၁ အစောပိုင်းကာလများတွင် မြန်မာ့နိုင်ငံရေးအတွက် ဂယက်ရိုက်ခတ်နေတာကတော့ Just Do It ဟု မတန်မရာနာမည်ပေးထားသော ပြည်တွင်းပြည်ပလုပ်စားအဖွဲ့ သစ်တခု ဖြစ်ပါသည်။၎င်းတို့ အဖွဲ့ သည် အွန်လိုင်းပေါ်တတ်တတ်ချင်းဆင်ဖမ်းမည်ကျားဖမ်းမည်ဟုပြောပီး ပုရွက်ဆိတ် တကောင်ပင် အဖြစ်ရှိအောင်မဖမ်းနိုင်ပဲ တောင်စဉ်ရေမရလျှောက်ပြောနေကြတာ စာဖတ်သူအနေဖြင့် ရုတ်တရက်သာဖတ်မိပါက မြန်မာနိုင်ငံကြီး တွင် မက်လ၁၃ရက်နေ့ တွင် လူထုအုံကြွမှုကြီးဖြစ်ပီး စစ်အစိုးရကို ဖြုတ်ချလိမ့်မည်ဟုထင်ခဲ့ရပါလိမ့်မည်။ယင်းသတင်းကြောင့်ကျွန်တော် မောင်ကျော်သူအောင်ပင်လျှင် နှစ်ရက်ခန့် အွန်လိုင်းမတတ်ရဲခဲ့ပါ။သို့ ရတွင် မက်လ၁၃ရက်နေ့ ကျော်သွားသည့်သကာလ မြန်မာနိုင်ငံတွင် ဘာမှထူးခြားမှုတစုံတရာမဖြစ်ခဲ့ပဲ ထုံးစံအတိုင်းဗိုလ်နေမြဲ ကျားနေမြဲသာ အေးအေးလူလူပင်ဖြစ်ပါသည်။သို့ ရတွင်  Just Do It အဖွဲ့  ဝင်များမှ ခေါင်းဆောင်လုပ်သူကို မေးရာ ခေါင်းဆောင်လုပ်သူမှ အတိတ်မေ့သလိုလို ရွှေပျောက်သလိုလိုနှင့် အထက်ပါပုံအတိုင်း ဘူးခံငြင်းကာ ဘယ်နေ့ တော်လှန်ရေးစမလဲဟု နောက်လိုက်ငယ်သားများကို ပြန်မေးနေရခြင်းကို ကြည့်ခြင်းဖြင့် ၎င်းတို့ကို မည်သို့ မည်ပုံယုံကြည်၍ မည်သို့ မည်ပုံ ခေါင်းဆောင်တင်မည်ဆိုတာကို စာဖတ်သူများစဉ်းစားရန် စေတနာအကျိုးမျှော်၍ ကျွန်ုပ်မောင်ကျော်သူအောင်  ခေါ်  ဖိုးကျော် မှ တိုက်တွန်းနှိုးဆော်လိုက်ရပေသည်။

ရည်ရွယ်ချက်မရှိ အစိုးရ ဘာလုပ်လုပ်ကန့်ကွက်မည်ဆိုသည့် အတိုက်အခံများ




ကျွန်ုပ်တို့ နေ့ စဉ်အလေးပြုခဲ့ကြတဲ့ အလံတော်



ခွေးခြေထောက်နှင့် ကျွန်ုတို့ အလံ
အတိုက်အခံများမှာတော့ဒီမိုကရေစီရရှိရန် အလံတော်ကို ဤကဲ့သို့ ရက်စက်စွာ ခြေဖြင့်နင်းခဲ့ကြပါတယ်

ကျွန်ုတို့  သူငယ်တန်းဘဝမှ စတင်ပြီး နေ့ စဉ်နေ့ တိုင်း ဦးထိပ်ပန်ဆင်ကာ ဒီအလံတော်ရှေ့မှာကမ္ဘာမကျေ သီဆိုခဲ့ကြရပါတယ်။မြန်မာနိုင်ငံသားမှန်ရင် တိုင်းရင်းသားပါမကျန် ဒီအလံတော်ကို အလေးမပြုဖူးတဲ့ လူမရှိပါဘူး။သို့ ပေမဲ့  မြန်မာ့ ဒီမိုကရေစီအရေခြုံများကတော့ ဒီမိုကရေစီရရှိရေးဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနှင့်ကျွန်ုပ်တို့ နေ့ စဉ်နေ့ တိုင်း ဦးထိပ်ပန်ဆင်ကာအလေးပြုခဲ့ကြရသော ဤအလံတော်ကို ရက်စက်စွာ ခြေဖြင့်နင်းရက်ခဲ့ကြပါတယ်။


ယနေ့ နိုင်ငံတော်အစိုးရမှပြောင်းလဲခဲ့သောအလံတော်


အရှက်မရှိတဲ့ထိန်လင်း





ရှို့ ကြမယ်ဟေ့ကောင်းကောင်း


ကုလားမများကလဲ ဒီမို ဟိုမို



ယနေ့ အစိုးရမှ နိုင်ငံတော်တွင်မူဝါဒသစ်များချမှတ်၍ နိုင်ငံတော်အလံကို ပြောင်းလဲတပ်ဆင်ခဲ့ရာတွင်လဲ သကောင့်သားတို့ မှဤသို့ ဤပုံ ဆန့် ကျင်ကန့် ကွက်ဆန္ဒပြခဲ့ကြပါသည်။ဤအချင်းအရာကို ကျွန်ပ်ကျော်သူအောင်မှ အပစ်မပြောလို ပါ အဘယ့်ကြောင့်ဆိုသော် သူတို့  နိင်ငံတော်ကို သိက္ခာချဖို့ အမြဲတမ်းကြိုးစားနေကြသူများမို့  ကျွန်ုစိတ်ဆိုးလဲ စိတ်ဆိုးတာပဲအဖတ်တင်မည်ဆိုတာ ကြိုသိနေသောကြောင့်ပင်.....သို့ ပေမဲ့လဲ......ဤသို့ သောအရှက်မရှိသည့် အချင်းအရာကို မြင်လိုက်ရသည့်တခဏမှာ  တော့.....
ချိုမိုင်မိုင်လက်သီးကို ဒေါင်းတံဆိပ်တပ်ပြီးနှင်းဆီပန်းကိုင်လို့ ကိုင်



အလံတော်သစ်ကို ကံ့ကွက်ပီး ရုံးခန်းမှာပြန်ချိတ်လို့ ချိတ်
၁၉ရာစုကအလံတွေပြန်လွှင့်လို့ လွှင့်



ဒါကတော့မလေးရှားအတိုက်အခံတဲ့ဗျာ




အရွယ်တူကြယ်ဖြူ၁၄လုံးကို ပြန်ကိုင်လို့ ကိုင် ရည်ရွယ်ချက်ပျောက်နေကြပုံများ
သူတို့ ရဲ့ အဓိက ရည်ရွယ်ချက်မှာတော့ စစ်တပ် ဘာလုပ်လုပ် နိုင်ငံခြားကနေ ကန့်ကွက်ဆန္ဒပြပီး ဒေါ်လာတောင်းမယ်ဆိုတဲ့ရည်ရွယ်ချက်တခုသာရှိကြောင်းကျွန်တော်သိရှိခဲ့ရပါတယ်။အလံတော်ဟောင်းကို ဆန္ဒပြတယ် မီးရှို့ တယ် ခြေထောက်နဲ့ နင်းတယ် ။အစိုးရကအလံတော်ကိုလဲလိုက်တော့ အလံတော်သစ်ကို ဆက်လက်လုပ်တယ်။အလံဟောင်းကို ပြန်လည်ပြီးကောင်းမွန်ကြောင်း ငါတို ရဲ့အလံကွဆိုပြီး အရှက်တရားကင်းမဲ့စွာပြန်ပြောလို့ .. ပြီးတော့တဖန် နိုင်ငံတော်က သုံးရောင်ချယ်အလံတော်ကို သုံးမှသူတို့ ကထပီးသုံးရောင်ချယ်အလံဟောင်းကြီး ကိုင်မြောက်လို့ မြှောက်နှင့် အရှက်ကင်းမဲ့စွာ ဖြစ်ချင်တိုင်းဖြစ်နေသော ဒေါ်လာစားအတိုက်အခံကြီးများနှင့် အီးယောင်ဝါးများအကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။


ပုံများကိုဒေါ်လာBlog မှ
http://dollarsar.blogspot.com

13 March 2011

စာတွေထဲက ဇာတိပြတယ်နော

စာဖတ်ပရိသတ်တစ်ယောက်ကကျောင်းမှာ စိတ်ပညာယူခဲ့သလားဆိုတဲ့ မေးခွန်းတစ်ခုထူးထူး ဆန်းဆန်းမေးဖူးပါတယ်။ ရေးတဲ့စာတွေထဲမှာ လူ့စိတ်သဘောသဘာဝတွေကို လေ့လာဆန်းစစ် ပြလေ့ရှိပြီး အများအားဖြင့်လည်း အမှန်နဲ့ တော်တော်လေးနီးစပ်တာ သတိထားမိလို့ပါလို့ ပြောပါတယ်။
နလပိန်းတုံးအဆင့်
မေးလာသူ စာဖတ်ပရိသတ်က စိတ်ပညာ၊ ဒဿနိကဗေဒဘာသာရပ်များနဲ့ မဟာဘွဲ့ယူခဲ့တဲ့ အငြိမ်းစားဝန်ထမ်းကြီးတစ်ယောက် ဖြစ်ပါတယ်။ ကျောင်းမှာသိပ္ပံဘာသာတွဲတွေယူခဲ့တာကြောင့် စိတ်ပညာတို့၊ ဒဿနိကတို့နဲ့ ပတ်သက် ရင်နလပိန်းတုံးအဆင့်သာရှိကြောင်း  ပြောပြတော့ သူတော်တော်အံ့သြ တဲ့အကြောင်း ပြောပါတယ်။ သူ့လို ပဲ တခြားသူ သုံးလေးဦးကလည်း မေးတာခံရဖူးတယ်။ စာရေးတဲ့ နာမည်ကြီးဆရာတော် တစ်ပါးကလည်း အလားတူမိန့်ကြားခဲ့ဖူးတယ်။ ဆရာတော်က ”ဒကာကြီး ဝိပဿနာအလုပ် တော်တော်လုပ်ခဲ့သလား” လို့မေးတာပါ။ ရှက်ရှက်နဲ့ မလုပ်ဖူးသေးကြောင်း ဝန်ခံလိုက်ရပါတယ်။ ပိဋကတ်မြန်မာပြန်ကျမ်း တွေ အစုံလိုက်ဝယ်ပြီး ဖတ်ခဲ့ပေ မယ့်လက်တွေ့အားထုတ်မှုတော့ မပြုဖူးသေးပါဘူး။
မျက်စိကြုံဖတ်တဲ့စာ
အမေးခံရပါများတော့ ကိုယ့် ဟာကိုယ် ပြန်စဉ်းစားကြည့်ရတယ်။ ကျောင်းသားဘဝမှာသာမက တစ်သက်လုံးမှာလည်း စိတ်ပညာ စာအုပ်၊ ဒဿနိကစာအုပ်တွေ သေ သေချာချာဖတ်ခဲ့ဖူးတာ မရှိပါဘူး။ စာအုပ်စာစောင်တွေထဲမှာ ‘မျက်စိ ကြုံ’ ဖတ်လိုက်မိတာလောက်ပဲရှိ ပါတယ်။ လူ့စိတ်သဘောသဘာဝ ကို နည်းနည်းပါးပါး နားလည်သလို ရှိတာက ငယ်စဉ်ကတည်းက သြလနူ ခေါ် ဝတ္ထုရှည်ကြီးတွေ စွဲစွဲ မက်မက်ဖတ်ခဲ့တဲ့ ကျေးဇူးပဲဖြစ်လိမ့် မယ်လို့ ထင်မိတယ်။ ဝတ္ထုရှည်ကြီး တွေမှာက လူ့စရိုက်သဘာဝကို အထူးအလေးထားပြီး ရေးသားကြ တာ မဟုတ်လား။
စာရေးဆရာလို ဖတ်နိုင်တယ်
အသက် ခုနစ်ဆယ်တန်း ရောက်တဲ့အထိလည်း ဝတ္ထုရှည် ကြီးတွေရော ဝတ္ထုတိုတွေပါ တမင် တကာ အချိန်ယူပြီး ဖတ်နေဆဲဖြစ် တယ်။ ဝတ္ထုတွေကပေးတဲ့ရသကို ခံစားနှစ်ခြိုက်သလို၊ လူ့သဘာဝ၊ လူ့စရိုက်မျိုးစုံကိုလည်း ကောင်း ကောင်းလေ့လာနိုင်တယ်။ စာတွေ နေ့စဉ်မပြတ် ဖတ်နေတဲ့အတွက် ရ လာတဲ့ ကောင်းကျိုးကတော့ စာတွေထဲက လူတွေရဲ့စရိုက်သဘာဝ မျိုးစုံနဲ့ စာတွေထဲကပေးတဲ့ ဒဿန ပေါင်းစုံကို နားလည်သဘောပေါက် လာရုံသာမက ရေးတဲ့စာရေးဆရာ ရဲ့ စိတ်နေစိတ်ထားနဲ့ သူ့သဘော သူ့သဘာဝတွေကိုပါ ဖတ်ရှုနိုင်လာ ခြင်းဖြစ်တယ်။
စာတွေထဲက ဇာတိပြ
”စကားထဲက ဇာတိပြ” ဆို တဲ့ စကားရှိပါတယ်။ လူတစ် ယောက်ရဲ့ ပြောစကားတွေ နား ထောင်ရင်းနဲ့ အဲဒီလူဟာ ဘယ်လို လူစားမျိုးဖြစ်တယ်ဆိုတာ သိနိုင် တယ်လို့ဆိုလိုတာပါ။ စကားဆိုတာ ကသိပ်များသွားရင် မှတ်မိဖို့ မလွယ် လှဘူး။ စာဆိုတာကျတော့ ဘယ် အချိန်ကြည့်လိုက် ကြည့်လိုက် မျက်စိထဲမှာ အထင်းသား အရှင်း သားမြင် နေရတာဖြစ်တော့ စာတစ် ပုဒ်ဖတ် လိုက်တာနဲ့ စာဖတ်နာတဲ့ မျက်စိအဖို့တော့ စာရေးသူရဲ့ အ ကြောင်းကို ကောင်းကောင်းကြီး သိ သွားနိုင်တယ်။ အဲဒါကြောင့် ‘စာတွေ ထဲက ဇာတိပြ’လို့ ပြောရင်လည်း ရပါတယ်လို့ ဆိုချင်တယ်။
အင်္ဂဝိဇ္ဇာဆရာလို
စာတစ်ပုဒ်ကို ဖတ်လိုက်တာ နဲ့ ဝါရင့်စာဖတ်သူဟာ အင်္ဂဝိဇ္ဇာ ဆရာတစ်ယောက်လို စာရေးဆရာ ရဲ့ အကြောင်းကို အများကြီး ဟော နိုင်ပြောနိုင် ပါတယ်။ သူ့စာတွေထဲ ကနေပြီး အဲဒီ စာရေးဆရာဟာ ထင်ပေါ်ကျော်ကြား လူကြိုက်များ ပေါ်ပြူလာဖြစ်ချင်သူလား၊ ငါသိ၊ ငါ တတ်၊ ငါသိပ်တော် ဆိုတဲ့ ငါစွဲ အတ္တကြီးမားသူလား၊ ဝန်တို မစ္ဆရိယ စိတ်ကြီးမားသူလား၊ သိမ်ငယ်စိတ် လွှမ်းမိုးခံနေရသူလား၊ ဒါမှမဟုတ်  ဝင့်ဝါထောင်လွှား တတ် သူလား၊ စိတ်သဘောထားကြီးရင့်ပြည့်ဝသူ လား၊ ငါစွဲမရှိရင့်ကျက်သူလား၊ ပေါ် ပြူလာသမားမဟုတ်တဲ့ ရိုးစင်းသူလား ဆိုတာတွေကို ကွက်တိနီးပါး မှန်အောင် ပြောနိုင် ဟောနိုင်ပါ တယ်။
တောင်းပန်ရ၊ ဖြေရှင်းရ
အဲဒါကြောင့် စာရွက်ပေါ်မှာ အက္ခရာတင် ကျန်ရစ်စေတဲ့စာတွေ ကို ပြီးပြီးရော မရေးသင့်ကြဘူး။ ရေးပြီးမှ မှားလို့တောင်းပန်ရတာ၊ ဖြေရှင်းချက် ထုတ်ရတာဟာ စာရေး ဆရာရဲ့ ပြီးစလွယ်လုပ်တတ်တဲ့ စရိုက်ကိုဖော်ပြနေတဲ့ သဘောဖြစ် တယ်။ စာတစ်ပုဒ်စမရေးခင်က တည်းက သေသေချာချာ စဉ်းစား ပြီးမှ ရေးရင် တောင်းပန်စရာကိစ္စ၊ ဖြေရှင်းချက်ရေးရတဲ့ကိစ္စမရှိနိုင်ပါ ဘူး။ ‘စာတွေထဲက ဇာတိပြ’ တယ် ဆိုတဲ့အချက်ကို စာရေးဆရာတိုင်း သတိပြုသင့်ကြပါတယ်လို့ အကြံပြု လိုက်ချင်ပါတယ်။
လူထုစိန်ဝင်း

Source : http://popularmyanmar.com/mpaper/?p=1181

မြန်မာပြည်နဲ့ မတန်ဘူးတဲ့

တချို့များ ဗမာစကားကို နိုင်ငံခြားသံဝဲပြီး ပြောရုံတောင် မက ပါဘူး။ သူတို့ တတ်ထားတဲ့ ပညာတွေ ဟာ မြန်မာပြည် နဲ့ မတန်အောင် မြင့်နေတဲ့ အတွက် ပြန်လာလည်း အချည်းနှီးပဲ လို့တောင် ပြောတတ် ကြသေးတယ်။


တတ်ထားတဲ့ ပညာနဲ့ လူသား တွေကို အကျိုးပြု နေဖို့ပဲ လိုတယ်။ ဘယ်နိုင်ငံသား ဖြစ်ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုး မထားသင့်ဘူး။


ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်မှာ ဂလိုဘယ် အ မြင်ရှိဖို့ လိုတယ်။ ဟို နိုင်ငံသား၊ ဒီ နိုင်ငံသား ဆိုတဲ့ သတ်မှတ်ချက် တွေဟာ ခေတ်နဲ့ မညီတော့ဘူး။ လူသား အားလုံး ဟာ ကမ္ဘာသူ၊ ကမ္ဘာသား တွေပဲ လို့ ကြည့်တတ် မြင်တတ် ရမယ် လို့လည်း ပြောလေ့ ရှိကြတယ်။


အရှက် မရှိလို့ မျက်နှာပြောင်တိုက် ပြီး ပြောနေ ကြတာပါ။ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့် ဆွေမျိုး အသိုင်းအ၀ိုင်း ကိုတောင် အကျိုးပြု ချင်တဲ့ စေတနာ မရှိတဲ့ သူမျိုးက ကမ္ဘာ့ လူသားတွေကို အကျိုးပြု မယ်လို့ ပြော နေတာကို ဘယ်သူက ယုံမှာလဲ။


လူထုစိန်ဝင်း
လူထုစိန်ဝင်း

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons