လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

17 March 2011

နျူကလီးယားစက်ရုံ၌ မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ပြီးနောက် ဂျပန်တွင် ရေဒီယိုသတ္တိကြွမှု အကျပ်အတည်း ပိုမို နက်ရှိုင်းလာ

b35123
ငလျင်ကြောင့် ဖူကူရှီးမားရှိ ဒိုင်အီးချီ ဓာတ်အားပေးစက်ရုံ ပျက်စီးသွားမှုကို ကောင်းကင်မှ ရိုက်ကူးထားသော ဓာတ်ပုံ


ငလျင်ဒဏ် ခံစားခဲ့ရသော နျူကလီးယားစွမ်းအင် စက်ရုံတွင် မတ်လ ၁၆ ရက်နေ့က မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့ပြီးနောက် ဂျပန်၏ နျူကလီးယား အကျပ်အတည်းမှာ ပိုမိုဆိုးရွားလာခဲ့သည်။
နျူကလီးယားစက်ရုံ မီးလောင်ကျွမ်းမှုကြောင့် ရေဒီယိုသတ္တိကြွမှု ဖြစ်ပေါ်ခဲ့ပြီး စက်ရုံ အလုပ်သမားများကို ယာယီရွှေ့ပြောင်း ကယ်ဆယ်ခဲ့ရသည်။ ဧရာမရေပုံးကြီးများ သယ်ဆောင်ထားသော စစ်ဘက်ရဟတ်ယာဉ်များက စက်ရုံပေါ်ကို ရေလောင်း ချရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း စက်ရုံအပေါ်တွင် ရှိနေသော ဓာတ်ရောင်ခြည် ဖြာထွက်မှု မြင့်မားသောကြောင့် ရေလောင်းချရန် ကြိုးပမ်းမှုကို ရွှေ့ဆိုင်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မတ်လ ၁၁ ရက်နေ့က ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် တိုကျိုအရှေ့မြောက်ဘက် ၁၅၅ မိုင်အကွာရှိ ဖူကူရှီးမား အမှတ် (၁) စက်ရုံတွင် ပေါက်ကွဲမှု (၄) ကြိမ် ဖြစ်ပွားခဲ့ပြီး မီးနှစ်ကြိမ် လောင်ခဲ့သည်။ စက်ရုံ၏ ၁၂ မိုင်ပတ်လည် ပြင်ပတွင် ကျန်းမာရေးနှင့် ပတ်သက်သည့် စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း ဂျပန်အစိုးရအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ယူကီအိုအီဒါနိုက ပြောကြားခဲ့သည်။
ဆူနာမီကြောင့် အအေးပေးစနစ်များ ရပ်ဆိုင်းသွားခဲ့ပြီးနောက် အပူလွန်နေသော ဓာတ်ပေါင်းဖို လောင်စာတောင့်များကို ရေလောင်းချရန်အတွက် ထပ်မံ ကြိုးပမ်းနေကြောင်း အီဒါနိုက ပြောကြားခဲ့သည်။ အမှတ်(၂) နျူကလီးယား ဓာတ်ပေါင်းဖို၏ ထိန်းချုပ် အဆောက်အအုံ အောက်ခြေ၀န်းကျင်တွင် ပျက်စီးမှုများ ရှိခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။ သို့သော် ပျက်စီးသည့် ပမာဏမှာ တိတိကျကျ မသိရသေးပေ။ လောင်စာတောင့်များ ထားရှိသည့် အောက်ခြေကန်ကို အပူပေးရန် လိုအပ်နေသည်။ ရေများ အငွေ့ပျံသွားပါက ယင်းလောင်စာတောင့်များ ပေါက်ကွဲသွားနိုင်ပြီး လေထုထဲတွင် ရေဒီယိုသတ္တိကြွမှု ဖြစ်ပွားနိုင်သည်။ အမှတ်(၁) ဓာတ်ပေါင်းဖိုမှ လောင်စာတောင့် ၇၀ ရာခိုင်နှုန်းခန့် နှင့် အမှတ်(၂) ဓာတ်ပေါင်းဖိုမှ လောင်စာတောင့် ၃၃ ရာခိုင်နှုန်း ပျက်စီးခဲ့ဖွယ် ရှိကြောင်း နျူကလီးယား အန္တရာယ် ကင်းရှင်းရေး အေဂျင်စီက ပြောကြားခဲ့သည်။

0 comments:

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons