လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

08 April 2011

မိုးဇလမှ မိုးလေဝသ သတင်းများ အချိန်မီ ကြေညာနိုင်ရန် ဝက်ဘ်ဆိုက် လွှင့်တင်

မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနမှ မိုးလေဝသ သတင်း များ အချိန်မီ ထုတ်ပြန် ကြေညာနိုင် ရန်အတွက် မိုးဇလ ဝက်ဘ်ဆိုက်ကို လွှင့်တင် ထားသည်ဟု သိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်ကို ပြီးခဲ့ သည့်မတ်လ အတွင်းက စတင်ကြည့် ရှုနိုင်ပြီး ပြည်တွင်း မိုးလေဝသနှင့် ပတ်သက်သော သတင်းအချက်အ လက်များကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ပေးထားသည်။ ပြည်တွင်း တွင် မိုးလေဝသနှင့် ပတ်သက်၍ ကြည့်ရှုနိုင်ရန်အတွက် မူလက မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၏ ဝက်ဘ်ဆိုက်ကိုသာ ကြည့်ရှုနိုင်ပြီး မိုးဇလမှဝက်ဘ်ဆိုက် လွှင့်တင်ပြီး ချိန်တွင် ကြည့်ရှုနိုင်ရန် ဆိုက်နှစ်ခုရှိသည်ဟု သိရသည်။ "အခုနောက်ပိုင်းက ရာသီ ဥတုအခြေအနေကမမှန်တော့ မိုးလေဝသ ဝက်ဘ်ဆိုက်တွေကိုပဲ အဓိက ထားကြည့်ရ ပါတယ်။ တီဗီက ကြေညာ တာကို လည်းသတိထား ကြည့်ရပါတယ်" ဟုဆိုသည်။ မိုးလေဝသမှ လွှင့်တင်ထား သောဝက်ဘ်ဆိုက်မှာ www.moezala.gov.mm ဖြစ်ပြီး ဒေါက်တာထွန်း လွင် ဝက်ဘ်ဆိုက်မှာ www.tunlwin.com ဖြစ်သည်။

0 comments:

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons