လာရောက်ဖတ်ရှု့ သွားသူပေါင်း
အားလုံးမင်္ဂလာပါ
29 April 2011
အာဖျံခွီးကတုံးဘုန်းကျော်
ဒီနေ့ ဖိုးကျော်တစ်ယောက်ပျင်းပျင်းရှိတာနဲ့  ဟိုသွားဒီသွား သွားရင်းလာရင်း လူ့ ဘောင်ချစ်ဘုန်းကျော်ဆိုတဲ့ ကတုံးကြီးဘလော့ထဲကို ဝင်ရာက်မွှေနှောက်ကာ အမှန်တရားလေးတစ်ချို့ ဖော်ထုတ်လာခဲ့ပါတယ်...အမှန်တော့သူလဲ ဒုတ္ခသည်အယောင်ဆောင်တစ်ယောက်ဖြစ်ပီး သြစတျေးလျရောက်ခါမှ တောသားမြို့ ရောက် အလေနတော ကလေကချေ ပေါက်လုပ်ပဲစား ဒုတ္ခသည်အတုများ(ယခုဒေါ်လာစားရင်းအငြိမ်ဇယားနေနေကြသော)သူအချင်းချင်း ဘူဘူချင်းတစ်လုပ်နေသော ကတုံးရဲ့ စာအချို့ ကို ထုတ်နှုတ်တင်ပြလိုက်ရပေသည်။ထိုကတုံးသည် ဖိုးကျော်၏အကြောင်းကိုဂဂနဏမသိရှိပဲနှင့်ဖိုးကျော်ကို myanmarexpress  ရေးသူတစ်ယောက်ဟု ထင်နေသော အီးယောင်ဝါးအဆင့်တစ်ယောက်ဖြစ်ပေသည်။ဒေါ်အောင်ဆန်းစုကြည်ဆိုသူကို ငါးတန်းနှစ်မှသိရှိခဲ့သူတစ်ယောက်ဖြစ်လျက်နှင့်အဘယ်အတွက်ကြောင့် ဒုတ္ခသည် အဖြစ်နိုင်ငံခြားမှာနေထိုင်နေရသလဲဆိုတာ မေးစရာမေးခွန်းတွေဖြစ်လာပါသည်။အောက်တွင်ဖော်ပြထားသော စာများမှာ၎င်း၏ Blog ထဲမှာ blog postအနဲငယ်ဖြစ်ပေသည်.ရှူစားတော်မူကြပါ ပရိတ်သတ်တို့ ၎င်းတို့ ကိုအချောင်သမား ဒေါ်လာစားဟုခေါ်ရမည်လား..ဒုက္ခသည်လို့ ခေါ်ရမည်လား...နိုင်ငံရေးသမားဟုခေါ်ရမည်လား??
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော့်ရဲ့ ခေါင်းဆောင်မဟုတ်ပါ
လူထုခေါင်းဆောင်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြားရတွေ့ရဖတ်ဖူးရတယ်။ ကျနော်က လူထုခေါင်းဆောင်ဆိုတဲ့နာမည်ကို ဘယ်သူပေးလဲမသိဆိုပြီးစဉ်းစားနေမိတယ်။
ကျနော်တို့ထမင်းငတ်နေတာကို ဒေါ်အောင်ဆန်းစုကြည်မလုပ်ပေးနိုင်သေးဘူး။ ကျနော်တို့သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ ငတ်နေတာကို ဒေါ်အောင်ဆန်းစုကြည်မလုပ်ပေးနိုင်သေးဘူး။ ဗိုလ်ချုပ်ကြီးသန်းရွှေလုပ်ပေးလားဆိုတော့ သူလည်းမလုပ်ပေးနိုင်ဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရှိအနေအထားအထိ ကျနော်တို့ကို ထမင်းဝတဲ့ဘ၀၊ စိတ်ချမ်းသာတဲ့ဘ၀ကို မလုပ်ပေးနိုင်သေးဘူး..။
လူထုခေါင်းဆောင်ဆိုရင်အထက်က အခြေအနေတွေကို ဖြည့်ပေးနိုင်ရမယ်။ အခုဒေါ်အောင်ဆန်းစုကြည်ဘာမှ မလုပ်ပေးနိုင်သေးဘူး။
ကျနော်က ဒီလိုမြင်တယ်။ လောလောဆယ်ကာလမှာ...
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းလို မပြတ်သားဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူနာမည်ကြီးတာကို ဂုဏ်ယူနေပြီး နအဖပြောတာကို အခုထက်ထိကျနော်တို့ကို ပြန်မပြောသေးဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို ခင်ဗျားတို့ဘာ့ကြောင့် လူထုခေါင်းဆောင်တင်လဲမသိ။ လူထုခေါင်းဆောင်ဆိုတာ ဘာလဲ????
သိရင်ဖြေပေးပါ။
ၾသစေတ်းလ် နိုင္ငံကုိ နယ်စပ်ဒုက္ခသည်စခန်းတွေကနေ မြန်မာဒုက္ခသည်တွေရောက်လာကြတယ်။ ပြည်တွင်းကလည်း လာကြတယ်။ လေးငါးခြောက်လလောက်နေပြီးတော့ သူတို့က TV ဆိုရင် အပြားမှ။ ကြီးမှ ကြိုက်ကြတယ်။ Flat TV လို့ခေါ်တဲ့ TV အပြားက နောက်ဆုံးပေါ်ဖြစ်တော့ သြစီက မြန်မာတွေ အိမ်တိုင်းနီးနီးရှိကြတယ်။
ဒုက္ခသည်စခန်းနဲ့ မြန်မာပြည်မှာ နေတုန်းက TV အပြား မပြောနဲ့ ဂေါ်ပြားလောက်ပဲကိုင်ဖူးတဲ့လူက အခုဆိုရင် TV အလုံးမကြည့်ချင်။ အလုံးရှိနေရင် ဂုဏ်ငယ်သလိုမျိုး။ ငါ့အိမ်က အပြားက နင့်..အိမ်က အပြားထက်ပိုကြီးတယ်။ ဒါ့ကြောင့် ငါက,နင့်ထက်ပိုပြီး ချမ်းသာတယ်ပေါ့။ ဒီလိုမျိုး။..ပြိုင်စရာမရှိ ကြံဖန်ပြီး အကြီးအသေး ပြိုင်ကြလေတယ်။
လုပ်တဲ့အလုပ်က စက်ရုံမှာ။ ဈေးဆိုင်တွေမှာ။ သန့်ရှင်းရေးနဲ့ စက်ရုံအလုပ်သမား။ ၀င်ငွေကလည်း တစ်ယောက်နဲ့ တစ်ယောက် သိပ်မကွာ။ အတူတူလောက်ပဲ။ ဒါကိုများ TV အပြားပြိုင်ရတာနဲ့ ဘာနဲ့။
ဗဟုသုတကလည်း ရှိသလားမမေးနဲ့။
တချို့ သော မြန်မာဒုက္ခသည်တွေက TV ပြားရင်၊ ကြီးရင် ပြီးရော ကျန်တာသူတို့စိတ်မ၀င်စား။ TV အပြားက Plasma လား၊ LCD လား၊ LED လားလည်းမသိ။ ဘယ်ဟာက ပိုပြီး မီးတာခပိုသက်သာ၊ ပိုပြီးတိကျရှင်းလင်းလည်းမသိ။ သူတို့သိတာက ပြားရမယ်၊ကြီးရမယ်။
Flat TV ဆိုပြီး ဘိုလိုမခေါ်တက်တော့ ဘယ်လိုခေါ်လဲသိလား။ "ဟို TV ပြားပြားလေးကွာတဲ့"..ရီလည်းရီရတယ်။
အနေကြာတော့ ဘိုလိုတက်တယ်လို့ထင်လား?။
ဖပ်နဲ့ ရှစ်နဲ့တော့ အလွတ်ရတယ်။ နှစ်ပေါင်း ၁၅-နှစ်လောက်နေခဲ့တဲ့ ကိုရွှေတို့ ဘိုလိုလည်း ကျွမ်းသလားမမေးနဲ့။ ရုံးကိစ္စ၊ အလုပ်ကိစ္စပြောပြီးဆိုရင် ခွေးအ,ကြီးလှည်းနင်းထားသလို။ အရေးအကြောင်းရှိရင် ဟိုလူ့ခေါ်ရ ဒိလူ့ခေါ်ရနဲ့။ ဘာသာ ပြန်ပေးပါအုံးဟဲ့။ အဲ...တခုတော့ရှိတယ်။ ဗမာတွေ ကိုယ့်အချင်းချင်းစုဝေးပြီဆိုရင် ပါးစပ်က တဖပ်ဖပ် Fuck ၊ တရှစ်ရှစ် (Shit) ပြောလိုက်တဲ့ ဘိုလို။ သူ့လောက်တက်တဲ့ လူ, မရှိတော့ဘူး။ လူအထင်ကြီးအောင်။
အားလုံးက ဓာတ်သိတွေပဲဆိုတော့ ဒီကောင်ဖပ်လည်း၊ ဖပ်တာပဲ အဖပ်တင်တယ်။ ဒီလူရှစ်လည်း ရှစ်တာပဲအဖတ်တင်တယ်။ ဘယ်သူမှလည်း အထင်မကြီး။
ထိုင်း၊ မလေးမှာရှိတဲ့ အလုပ်သမားတွေ သုံးလေးနှစ်ဆိုရင် ထိုင်းနဲ့မလေးစကားကို ကောင်းကောင်း ပြောနိုင်ပြီ။ သြစတျေးလျက ရွှေမြန်မာတွေ ၁၀-နှစ်နေလည်း တဖပ်ဖပ်၊ တရှစ်ရှစ် နဲ့ပဲ နိဂုံးချုပ်နေတော့တယ်။
ဒါ့ကြောင့် TV ဆိုရင်ပြားရမယ်။ ကြီးရမယ်။ ကျန်တာနားမလည်တဲ့ ကိုရွှေဗမာတွေ ဖြစ်နေကြတာပေါ့။
သူများလုပ်တိုင်း လျှောက်လုပ်တဲ့လူစားတွေက အထက်ကပြောတဲ့အတိုင်း TV ဆိုရင် ပြားမှကြီးမှ။ Plasma လား၊ LCD လား၊ LED လား ခွဲခြားမသိတဲ့ လူစားမျိုးတွေပါပဲ။ ပြီးတော့ ပါးစပ်ကလည်း တဖပ်ဖပ် နဲ့ တရှစ်ရှစ်နဲ့။
ခေတ်မှီကြလေသတည်း။
အမေရိကမှ ယောက်ဖ၀ယ်ပေးတာ
ဘော်ဒါတို့ရေ...ယနေ့ကာလမှာ ရေပန်းစားတဲ့ စကားတခုရှိတယ်ကွဲ့ ။ ဒီစကား ကတော့....."အမေရိကမှာရှိတဲ့ ယောက်ဖ ၀ယ်ပေးတာ" ဆိုတဲ့ ဟာသလေးပါ။
လက်ရှိထိုင်းအခြေစိုက်အတိုက်အခံ ၈၈-မျိုးဆက် ခေါင်းဆောင်ဟုခေါ်သော ငကြောင်တွေဟာ ထိုင်းဘတ်ငွေ သုံးလေးသိန်းတန် ကားကြီးကားကောင်း၊ အိမ်ကြီးအိမ်ကောင်းတွေနဲ့ နေသတဲ့ကွယ်။ အားလုံးတော့မဟုတ်ပါဘူး။
သူတို့က သူများရီရအောင်ဒီလိုလည်း ပြောတက်တယ်ကွဲ့ ။
"အမေရိကားမှာရှိတဲ့ ငါ့ယောက်ဖက ၀ယ်ပေးတာ"
ဒါနဲ့ပက်သက်ပြီး "သူများယောက်ဖတွေတော့ အတော်ကောင်းကွာ" ..RFA က လူကြီးတစ်ယောက်က မနေ့က ဒီလိုပြောတယ်။
ကဲ...ဘာဘဲဖြစ်ဖြစ် သူများတွေကားကြီးကားကောင်း အိမ်ကြီးအိမ်ကောင်း NGO က ရတဲ့ငွေနဲ့ နေနိုင်တာကို မနာလိုမဖြစ်ပါဘူး။ သို့သော်...ဒီလိုသူခိုးတွေ တော်လှန်ရေးမှာ ကြီးစိုးနေတာကို ဒေါသထွက်လို့ပါဗျာ။
0 comments:
Follow me
Twitter Delicious Facebook Digg Stumbleupon Favorites More
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons