လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

31 May 2011

ဘာလဲဟဲ့နိုဗယ်ဆု (သားကောင်းရတနာနှင့်ကြောင်ချီး)

ကမ္ဘာ့ကုလသမ္မဂအတွင်းရေးမှူးချုပ်ဦးသန့် 
ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ ၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ ၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ ၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ ၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ ၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ် ၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ် ၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ် ၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ် ၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ် ၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ် ၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ် ၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ ၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ ၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ် ၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ် ၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ် ၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ ၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက် ၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက် ၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်
၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။
၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။


ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။


ဒါကတော့ဒီမိုဇတ်လိုက်ကျော်ကြီးအဖြူကောင်မိန်းမ အဲရစ်စုကြည်ခေါ်ဒေါ်စု(ခ)ဒေါ်ညု
သူကတော့လက်ရှိ ကမ္ဘာကိုမဆိုထားနှင့်ဦးမြန်မာနိုင်ငံအတွက်ဆိုရင်လဲ နဲနဲကြီးနေမလားမသိ သူခေါင်းဆောင်နေတဲ့ပါတီနှင့်ပါတီအဖွဲ့ ဝင်များကိုတောင်လူမွေးလူတောင်ပြောင်အောင်မလုပ်ပြနိုင်သေးပါဘူး။ထောင်ထဲဝင်လိုက် ပြန်ထွက်လိုက်နှင့် နိုင်ငံတကာမှဆုတွေတစ်နှစ်ပြီးတစ်နှစ်မရိုးနိုင်အောင်အားပေးအားမြောက်လုပ်ခါ ပေးလေ့ရှိပါတယ်။ဒေါ်စုဟာလည်း ပါးစပ်က ပြည်သူအတွက် ပြည်သူတွေကိုချစ်ပါတယ်ဆိုပြီး တဖွဖွပြောနေပေမဲ့လဲ ခုချိန်ထိ ပြည်သူအတွက် ဘာမှမလုပ်ပေးသေးပါဘူး။အာဏာရူးရူးကာ ရဖို့ မဖြစ်နိုင်တဲ့ အာဏာကို ရရှိအောင်သာ အစဉ်တစိုက် ကြိုးစားခဲ့တာခုဆိုရင်၂၃နှစ်ကျော်လာခဲ့ပါပီ။ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိပါ။အနောက်နိုင်ငံတို့ မှလည်းဆုတံဆိပ်အမျိုးမျိုးပေးခါ အရူးဘုံမြောက်လျက်ပင်ရှိနေဆဲပါ။ဤကဲ့သို့ ဘာတခုမှဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်သော်ငြားလဲ အောက်ပါအတိုင်းဆုတံဆိပ်များ ဆက်တိုက်ဆိုသလို ထောင်ထဲမှာနေရင်းနှင့် ရရှိခဲ့ပါသည်။
စဉ် ဆုအမည် ပေးသည့် အဖွဲ့အစည်း ရသည့်ခုနှစ်
Honorary Fellow St Hugh's College (Oxford, UK) ၁၉၉၀
သိုးရော်ဖ် ရဖ်တို အထိမ်းအမှတ် ဆု Human Rights (နော်ဝေ) ၁၉၉၀
ဆာခါရော့ဗ်ဆု Freedom of Thought (European Parliament) ၁၉၉၁
နိုဘယ် ငြိမ်းချမ်းရေးဆု Oslo, (နော်ဝေ) ၁၉၉၁
Honorary Member International PEN (Norwegian Center) ၁၉၉၁
Humanities Human Rights Award (USA) ၁၉၉၁
Honorary Member International PEN (Candian Center) ၁၉၉၁
Marisa Bellisario Price အီတလီ ၁၉၉၂
Annual Award of the international Human Rights ဥပဒေအဖွဲ့ (အမေရိကန်) ၁၉၉၂
၁၀ Honorary President Students' Union London School of Economics and Political Science (UK) ၁၉၉၂
၁၁ Honorary Member International PEN (English Centre) ၁၉၉၂
၁၂ Honrary Life Member University of London Union (UK) ၁၉၉၂
၁၃ Honorary Professional Fellowship Law and Society Trust (Sri Lanka) ၁၉၉၂
၁၄ Honorary Doctorate in Political Science Thammasat University (Thailand) ၁၉၉၂
၁၅ International Simon Bolivar prize UNESCO ၁၉၉၂
၁၆ Prix Litteraire des Droits de l'Homme Nouveaux Droits de l'Homme, France ၁၉၉၂
၁၇ Honorary Member World Commission on Culture and Development (UNESCO) ၁၉၉၂
၁၈ Member Academie Universelle des Cultures (Paris) ၁၉၉၃
၁၉ Rose Prize arbejderbevaegelsens Internationale Forum/International Forum of the Danish Labour Movement, Copenhagen ၁၉၉၃
၂၀ Victor Jara International Human Rights Center for Human Rights and Constitutional Law, Los Angeles, USA ၁၉၉၃
၂၁ Member of the Advisory Board Francois-Xavier Bagnoud Center for Health and Human Rights, Harvard University ၁၉၉၃
၂၂ Honorary Doctorate of Law University of Toronto (Canada) ၁၉၉၃
၂၃ The Freedom of the City Commune of Giugliano, Italy ၁၉၉၃
၂၄ Bremen Solidarity City of Bremen, Germany ၁၉၉၃
၂၅ Premio Mujer Progresista (Federacion Mujeres Progresistas / Spanish Federation of Progressive Women, Madrid) ၁၉၉၃
၂၆ Honorary Doctorate Philosophy & Letters, Free University of Brussels, Belgian ၁၉၉၄
၂၇ Honorary Adviser Forum of Democratic Leaders in the Asia-Pacific ၁၉၉၄
၂၈ The Freedom of the City Aversa, Italy ၁၉၉၅
၂၉ Liberal International Prize for Freedom Britanints Liberal Democracy Party, UK ၁၉၉၅
၃၀ Honorary Doctorate of Laws Queen's University, Canada ၁၉၉၅
၃၁ Jawaharlal Nehru Award for International Understanding (for 1993) India ၁၉၉၅
၃၂ Gandhi Award Simon Fraser University, Canada ၁၉၉၅
၃၃ Honorary Doctorate of Civil Law University of Oxford ၁၉၉၅
၃၄ IRC Freedom Award International Rescue Committee ၁၉၉၅
၃၅ Companion of the Order of Australia Australia ၁၉၉၆
၃၆ Liberal International Prize (UK) ၁၉၉၆
၃၇ Asia Human Rights of Law (Japan) ၁၉၉၆
၃၈ W.Averell Harrimen Democracy Award National Democratic Institute U.S.A ၁၉၉၆
၃၉ Rajiv Shmirti Parashka (Rajiv Gandhi Memorail Award) India ၁၉၉၆
၄၀ Empty Chair Award Women of the Year Lunch, London, UK ၁၉၉၆
၄၁ Honorary Doctorate of Law Charles University in Prague, Czeeh Republic ၁၉၉၇
၄၂ Honorary Doctorate of Letters Sydney University of Technology, Australia ၁၉၉၇
၄၃ Honorary Doctorate of Letters California Chapman University, U.S.A ၁၉၉၇
၄၄ Honorary Doctorate of Law Natal University, South Africa ၁၉၉၇
၄၅ Honorary Doctorate of Law America University,Washington D.C, U.S.A ၁၉၉၇
၄၆ Distinguished Alumni Award Central University / Delhi University ၁၉၉၇
၄၇ Honorary Citizenship of Rome (Italy) (May 23,1997) ၁၉၉၇
၄၈ Honorary Doctorate of Letters Glasgow University (UK) ၁၉၉၇
၄၉ Pearl S. Buck Woman's Award Pearl S. Buck Foundation (USA) ၁၉၉၇
၅၀ International Award St. Angela's Peace and Justice Group, Waterford (Eire) ၁၉၉၇
၅၁ Profiles in Courage Award Kennedy Society of Denmark ၁၉၉၇
၅၂ Honorary Doctorate Cambridge University (June 1998) ၁၉၉၈
၅၃ Freedom of the City (Oxford, UK) ၁၉၉၈
၅၄ Honorary Doctorate of Laws University of Wales, Cardiff ၁၉၉၈
၅၅ Honorary Doctorate of Laws University of Bristol (UK) ၁၉၉၈
၅၆ Honorary Doctorate of Laws University of Melbourne (Australia) ၁၉၉၈
၅၇ Honorary degree Université catholique de Louvain, Belgium - December ၁၉၉၈
၅၈ Honorary Degree University of Bath (UK) - December ၁၉၉၈
၅၉ Honorary Degree Bucknell University - May ၁၉၉၉
၆၀ Freedom Award International Republican Institute, USA (October 1999) ၁၉၉၉
၆၁ The Freedom of the City of Dublin Award Ireland (November 1999) ၁၉၉၉
၆၂ 2000 CAW Nelson Mandela Human Rights Award Canada (December 2000)


ကမ္ဘာကြီးကို တတိယကမ္ဘာစစ်ကြီး ဖြစ်လုဆဲဆဲမှ ကယ်တင်ခဲ့သောဦးသန့်ပင်လျင် နိုဗယ်ဆုကို မရရှိခဲ့သော်လဲ ဒေါ်စုခင်ဗျ မှာတော့ ထောင်ကျနေရင်းနှင့် နိုယ်ဗယ်ဆုအပါအဝင် ဆုပေါင်းများစွာကိုထိုက်တန်မှုမရှိစွာရရှိခဲ့ပါတယ်။နိုယ်ဗယ်ဆုချီးမြင့်ရန် ဆုံးဖြတ်ခဲကြသောနိုလ်ဗယ်ကော်မတီဝင်များနှင့် အနောက်ဓနအင်အားကြီးနိုင်ငံများကို ဤပို့ စ်ဖြင့် ဂုဏ်ပြုလိုက်ရပါတယ်။
ဖိုးကျော်

ရေးချိန်တန်ကရေးရမှာပဲ

''အင်ဂျီအိုတွေနဲ့ ပတ်သက်ပြီး ဆရာ ရေးတာကို ပြင်းပြင်းထန်ထန် တိုက်ခိုက် ထားတာ အင်တာနက် ထဲမှာ တွေ့ရတယ်။ ဆရာ ဖတ်ပြီးရောပေါ့၊ ဘာမှ ပြန်မရေးတော့ဘူးလား'' ဂျာနယ်တိုက် တစ်ခုက လူငယ်တစ်ယောက် ပြောတဲ့စကား ဖြစ်ပါတယ်။ အခုတလေ သူ့လို လာပြောသူတွေ နေ့စဉ်ပြတ်တယ် မရှိပါဘူး။
နောကြေပြီးသားပါ
ပြောတဲ့လူငယ်တိုင်းကိုလည်း ပြန်မရေးပါဘူးလို့ပဲ ပြန်ဖြေလိုက်ပါတယ်။ မကြိုက်ရင် မကြိုက်ဘူးလို့ပြောပိုင်ခွင့် လူတိုင်းမှာရှိပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို အသိ အမှတ်ပြုပြီး လိုက်နာကျင့်သုံးခြင်းဆိုတာ ယဉ်ကျေးတဲ့ လူသားများရဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်။ ကိုယ်က လွတ်လွတ်လပ်လပ် ပြောချင်ရေးချင်သလို သူများလည်း ပြောချင် ရေးချင်မှာပဲဆိုတဲ့ စိတ်ဓာတ်မျိုးရှိရမှာပေါ့။
''ဒါပေမယ့် သူက တော်တော်မိုက်မိုက်ရိုင်းရိုင်း ရေးထားတာခင်ဗျ''
လူငယ်လေးက တော်တော်ခံပြင်းပုံ ရပါတယ်။ ကိစ္စ မရှိပါဘူး။ လူတွေက အတုံးအ,အတွေမှ မဟုတ်တာ။ စာတစ်ပိုဒ် ဖတ်လိုက်တာနဲ့ အဲဒီစာရေးသူဟာ ဘယ်လို အတန်းအစားကလူလဲ ဆိုတာ ကောင်းကောင်း သိကြပါတယ်။ မြန်မာစာဖတ် ပရိသတ်က''နောကြေ''ပြီးသား ပရိသတ်ပါ။
အင်တာနက်ကျေးဇူး
လူငယ်တွေ အများစုကလည်း ပြန်ရေးနေစရာ မလိုပါဘူးလို့ သဘောတူကြပါတယ်။ ''ဆရာက ပြန်ရေးဖို့တောင် မလိုပါဘူး။ သူ့စရိတ်နဲ့သူ သွားပါပြီ။ အင်တာနက်ထဲမှာ သူ့ကိုဝိုင်းတီးတဲ့စာတွေ တစ်ပုံကြီးပါပဲ''
လူငယ်တချို့က မဖတ်ရမှာစိုးပြီး အင်တာနက်ထဲက စာတွေအားလုံး ဆွဲချကူးယူပြီးတောင် လာပေးကြပါ တယ်။ အင်တာနက်ရဲ့ကျေးဇူးကြောင့် လူတိုင်း စာရေး ဆရာတွေ ဝေဖန်ရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ ဖြစ်လာကြတာ ဝမ်းသာစရာကောင်းလှတယ်။ စာရေးတဲ့ အလုပ်ကို စာရေးဆရာတွေပဲ အပိုင်စီးထားလို့ မရတော့ ဘူး။ လူတိုင်းလူတိုင်း ကိုယ့်ရင်ထဲက စကားတွေကို လွတ် လွတ်လပ်လပ်ချက်ချင်းလက်ငင်း ဖွင့်ထုတ်နိုင်ကြတယ်။ မကောင်းဘူးလား။
အနာပေါ်တုတ်ကျ
ကမ္ဘာတစ်နိုင်ငံလုံးရှိ အင်ဂျီအိုတွေရဲ့ သဘာဝက ''မျောက်ပြဆန်တောင်း'' လုပ်တာပဲလို့ တလောလေးက ရေးလိုက်တယ်။ နိုင်ငံတကာမှာ သူတို့ဘာတွေ လုပ်လုပ်ဘာမှ ဝင်ပြောစရာ မလိုပါဘူး။ ဒါပေမယ့် အဲဒီကူးစက်ရောဂါဆိုးက မြန်မာနိုင်ငံအတွင်းထိ ကူးစက်ပျံ့နှံ့လာပြီး မြန်မာလူငယ်တွေပါ ဆိုင်းဘုတ် အမျိုးမျိုးထောင်ပြီး အင်ဂျီအို လုပ်စားလာကြတာ အတော်လေး များလာတာ တွေ့မြင်နေလို့ ရေးလိုက်တာပါ။ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိထားလို့ ရေးလိုက်တာပဲ။ ပြည်တွင်းက မျောက်ပြဆန်တောင်း ကြသူတွေကို မျောက်အဖြစ် ပြန်အသုံးချပြီး ဆန်တောင်းနေကြတဲ့ နိုင်ငံခြားသားတွေကိုပါ ကောင်းကောင်း သိနေတာကိုး။
ကိုယ့်ထမင်းကိုယ်စား လုပ်သူတွေ
အခုအခါ မြန်မာပြည်အနှံ့အပြားမှာ ပေါ်ထွန်းလာကြတဲ့ နာရေးကူညီမှု အသင်းတွေလို၊ စေတနာ စာသင်ကျောင်းတွေလို အမှတ်တကယ် ပရဟိတ အလုပ်လုပ်ကိုင်နေသူများ ဆီကတော့ ''အနာပေါ်တုတ်ကျသံတွေ'' လုံးဝ မကြားရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အားလုံးက ကိုယ့်ရပ်ကိုယ်ရွာက စေတနာရှင်များရဲ့ စေတနာသန့်သန့် လှူဒါန်းမှုများနဲ့ အလုပ်လုပ်ကြပြီး လုပ်သူအားလုံးကလည်း ကိုယ့်ထမင်းချိုင့်လေး ကိုယ်စွဲပြီး တကယ်ကို ပရဟိတ လုပ်နေကြတာ ဖြစ်လို့ပါ။ မြန်မာပြည်ရဲ့ ပထမဆုံး ပေါ်ပေါက်လာတဲ့ ဗြဟ္မစိုရ် နာရေးကူညီမှု အသင်းကြီးဟာ မန္တလေး မြို့မိမြို့ဖများရဲ့ လှူဒါန်းငွေနဲ့ စတင်ထူထောင်ခဲ့တာ ဖြစ်ပြီး အခုထိလည်း ဘယ်နိုင်ငံ အဖွဲ့အစည်းမျိုးရဲ့ ကူညီမှုကိုမှ လက်မခံပါဘူး။ ဒါတောင် နာရေး ကူညီမှုသာမကတော့ အခမဲ့ ဆေးဝါးကုသမှု လုပ်ငန်းတွေထိ တိုးချဲ့ လုပ်ဆောင်နိုင်ပါတယ်။ မြန်မာလူမျိုးများရဲ့ စေတနာသန့်သန့် လှူဒါန်းမှုတွေနဲ့ပဲ လုပ်ဆောင်နေတာပါ။ အဲဒီအသင်းရဲ့ အမှုဆောင်တွေ အားလုံး ကိုယ့်ထမင်းချိုင့်လေး ကိုယ်ယူပြီး စေတနာ့ဝန်ထမ်း လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။
ကြည်ညိုစရာကောင်းသူတွေ
မန္တလေးက ဗြဟ္မစိုရ်အသင်းကြီးကို အတုယူ တည်ထောင်ခဲ့ပြီး ဗြဟ္မစိုရ်အသင်းကြီးလိုပဲ သြဇာကြီးမားတဲ့ အသင်းကြီး ဖြစ်နေတဲ့ ရန်ကုန်နာရေးကူညီမှု အသင်းကြီက အမှုဆောင် အားလုံးဟာလည်း ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေကြတာပါ။ တစ်နိုင်ငံလုံး အနှံ့ရှိနေတဲ့ နာရေးကူညီမှု အသင်းတွေ အားလုံးလည်း စေတနာသန့်သန့်နဲ့ ပရဟိတစစ် ဝင်လုပ်နေကြတာပါ။ ကြည်ညိုစရာ ကောင်းလှပါတယ်။ သူတို့အားလုံးရဲ့ နောက်မှာ မြန်မာနိုင်ငံက ပြည်သူလူထုကလွဲပြီး ဘယ်သူမှ မရှိပါဘူး။ ဘယ်နိုင်ငံတကာ အကူအညီမှလည်း မလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့တစ်တွေက မျောက်ပြဆန်တောင်း သူတွေမှ မဟုတ်တာ
ခေတ်ပျက်သူဌေးမျိုး
အနာပေါ်တုတ်ကျလို့ ငယ်သံပါအောင် အော်ဟစ်သူတွေလို ပြန်မရေးတာ သဘောထားကြီးလို့တော့ မထင်လိုက်ပါနဲ့။ ကျွန်တော်က ဘယ်ဘက်ပါးကို ရိုက်ရင် ညာဘက်ပါးကို ထိုးပေးနိုင်တဲ့ သူတော်ကောင်းမဟုတ်ပါဘူး။ ရေးဖို့ မလိုလို့မရေးတာပါ။ ရေးဖို့လိုရင်တော့ သတင်းစာ သမားပီပီ၊ သွယ်ဝိုက်မနေဘဲတိုက်ရိုက်ဒဲ့ဒိုး(တဲ့တိုး)ပဲ ရေး ပါတယ်။ တချို့ဆိုရင် အားနာမနေဘဲ ပွင့်ပွင့်လင်းလင်းကို ဝေဖန်ရေးသားပါတယ်။ ဘယ်လိုတချို့လဲဆိုတော့ လေရူးသုန်သုန်ဝတ္ထုကြီးထဲက ခေတ်ပျက်မှာ သူဌေးဖြစ်လာတဲ့ ''ရက်ဘတ္တလာ''လို နိုင်ငံရေး အချောင်သမားမျိုးပါ။
စက်ဆုပ်စရာ အီလစ်တွေ
ရက်ဘတ္တလာ ဆိုသူက ဘာနိုင်ငံရေးကိုမှ စိတ်ဝင်စားသူ မဟုတ်ပါဘူး။ အမေရိကန် ပြည်တွင်းစစ်ကြီးအတွင်းမှာ ဟိုဘက်ကလိုလို ဒီဘက်ကလိုလို အရေခြုံထားပေမယ့်၊ တကယ်တော့ ဘယ်ဘက်ကမှ မဟုတ်ပါဘူး။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး သူ့ကိုယ်ကျိုးအတွက် စီးပွားရှာဖို့သာ အကွက်ကောင်း ချောင်းနေသူ ဖြစ်ပါတယ်။ ''ဘယ်သူသေသေ ငတေမာပြီးရော''ဆိုတဲ့ စက်ဆုပ်စရာ လူစားမျိုးပါ။ မြို့ကြီးသား ရေပေါ်ဆီ လူတန်းစား ''အီလစ်'' Elite တွေထဲမှာ ရက်ဘတ္တလာလို လူစားတွေကို တွေ့နေရပါတယ်။ သူ တို့တစ်တွေက ဟိုဘက်ကိုတစ်မျိုး ဟန်ဆောင်ပြလိုက်၊ ဒီဘက်ကိုတစ်မျိုး ဟန်ဆောင်ပြလိုက်နဲ့ နှစ်ဖက်ခွစားဖို့ ကြံနေကြတာပါ။ တကယ်တော့ ဘယ်ဘက်မှ သူတို့တကယ် စိတ်ဝင်စားမှု မရှိပါဘူး။ သူတို့ အတွက် အကွက်ကောင်းကိုသာ ချောင်းနေကြတာဖြစ်တယ်။
လူအကွေ့အကောက်တွေ
မြန်မာနိုင်ငံရေးကလည်း တော်တော် အကွေ့အကောက်များတဲ့ နိုင်ငံရေးဆိုတော့ လူအကွေ့အကောက်တွေလည်း တော်တော်များပါတယ်။ ပြောသင့်ချိန်မှာပြော၊ ရေးသင့်ချိန်မှာ ရေးလိုက်တာပါ။ သည်းခံတယ်။ သဘောထားကြီးတယ် ဆိုတာ အချိန်အခါ၊ အခြေအနေနဲ့ လူပုဂ္ဂိုလ် ရွေးချယ်မှုရှိပါတယ်။ ရက်ဘတ္တလာလို ''ငတေ'' တွေ အပေါ်မှာတော့ သဘောထားမကြီးနိုင်ပါဘူး သတင်းစာသမားမှာ ပြည်သူလူထု မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာကိုမှ အားနာထောက်ထားတဲ့ စိတ်မရှိရပါဘူး။
ဘက်လိုက်ရမှာပဲ
ပြည်သူလူထုကြီး ဘာပဲဖြစ်နေနေ ကိုယ်ကောင်းစားဖို့ လိုရင်းပဲဆိုသူတွေ အပေါ်မှာတော့ ပြတ်ပြတ်သားသား ဝေဖန်ရှုတ်ချရမှာ ဖြစ်တယ်။ ဘက်မလိုက်တဲ့ သတင်းစာသမားဆိုတာ လူကြားကောင်းအောင် ပြောတဲ့စကားပါ။ သတင်းစာသမားကောင်း မှန်ရင် အမှန်နဲ့ အမှား၊ ဓမ္မဘက်က ရပ်တည်ရမှာ ဖြစ်တယ်။ အဓမ္မဝါဒမှန်ရင် ဘယ်လို မျက်နှာဖုံး စွပ်ထားတဲ့ အဓမ္မဝါဒပဲဖြစ်ဖြစ် မညှာမတာ ဝေဖန်ထောက်ပြရမှာပဲ ဖြစ်တယ်။ ''မျောက်ပြဆန်တောင်းတဲ့ ပရဟိတအရေခြုံ လုပ်ရပ်မှန်သမျှဟာလည်း ဓမ္မလမ်းကြောင်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ လက်နက်မဲ့အဓမ္မဝါဒ''ပဲဖြစ်တယ်။ ဒါကြောင့် အားနာနေလို့ မရပါဘူး။ ရေးချိန်တန်က ရေးရမှာပါပဲ။ ဒါမှ စာနယ်ဇင်းသမား ဝတ္တရားကျေမှာပါ။ လူထုစိန်ဝင်း (၈-၁ဝ-ဝ၉)

ဝေဖန်ရေးနှင့် မူကိစ္စ လူကိစ္စ လူထုစိန်ဝင်း

''ဝေဖန်ရေး''နဲ့ ပတ်သက်ပြီး လူငယ်တွေ မကြာခဏ လာရောက် ဆွေးနွေးကြတယ်။ တချို့က စာပေ ဝေဖန်ရေး အကြောင်း သက်သက် ပြောဆိုတတ်ပြီး တချို့ လူငယ်တွေက ဝါဒရေးရာ ဝေဖန်ရေးများနဲ့ ပတ်သက်ပြီး ဆွေးနွေးတတ်ကြတယ်။ သူများကို ဝေဖန်ရင် ကြိုဆိုတယ် အဲဒီလို ဆွေးနွေးရင်းနဲ့ မူကို ဝေဖန်တာ မဟုတ်ဘဲပုဂ္ဂိုလ်ရေး သဘောလူလို ဝေဖန်တဲ့ကိစ္စဘက်ကို အမြဲလိုလို ရောက်သွားလေ့ရှိတယ်။ ဝေဖန်ရေးနဲ့ ပတ်သက်ရင် လူတိုင်း ပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းရှိတယ်။ ''ဝေဖန်ရေးဆိုတာမရှိ မဖြစ် လိုအပ်တဲ့အရာဖြစ်တယ်'' အားပေးရ မယ်၊ ကြိုဆိုရမယ်''ဆိုတာပဲ။ ဒါပေမဲ့ သူများကိုဝေဖန်တာကို ကြို ဆိုပေမယ့် ကိုယ့်ကိုဝေဖန်ရင်တော့ ကြိုဆိုနိုင်သူ တော်တော်ရှားပါတယ်။ ''ဒါဝေဖန်တာမဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာပဲ''လို့ စိတ် ဆိုးမာန်ဆိုး တုံ့ပြန်ကြတာသာများ တာကိုတွေ့ရတယ်။ တချို့က ဆတ် ဆတ်ထိမခံပြန်ပြီးချေပတယ်။ တချို့ က ပြန်မချေပဘဲနေပေမယ့် ရင်ထဲ မှာ တော့အောင့်သက်သက်နဲ့ မကျေ မနပ်ဖြစ်နေတတ်တယ်။ တချို့ကျ တော့လူရှေ့သူရှေ့မှာ ဟန်ဆောင် ပြုံးနေပြီး စိတ်ထဲကကြိတ်ဒေါသ ထွက်နေတယ်။ လိပ်ပြာသန့်သူမှ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စွဲမြဲခိုင်မာစွာယုံကြည်မှုရှိပြီး ကိုယ်တိုင် လိပ်ပြာသန့်သူ တချို့တလေသာ ဘယ်လို ဝေဖန်မှုမျိုးကိုမဆို ဝမ်းသာ ခြင်း၊ ဝမ်းနည်းခြင်း၊ ကျေနပ်ခြင်း၊ မကျေနပ်ခြင်း၊ စိတ်ဆိုးဒေါသ ထွက် ခြင်းစတဲ့ တဒင်္ဂစိတ်လှုပ်ရှားမှု မျိုး တွေလုံးဝမရှိဘဲ ဥပေက္ခာပြုထား နိုင် စွမ်းရှိကြတယ်။ ဒီလိုလူမျိုးက တော် တော်ရှားတယ်။ ဒါကြောင့် တချို့ တလေလို့ ဆိုခဲ့တာဖြစ်တယ်။ စိတ် ဓာတ်နဲ့အတွေးအခေါ် အများကြီး ရင့်ကျက်နေသူများမှသာ စိတ်လှုပ် ရှားမှုမရှိဘဲ ဥပေက္ခာတရား လက် ကိုင်ထားနိုင်တာဖြစ်တယ်။ မူနဲ့လူခွဲဖို့မလွယ် အများစုကတော့ နည်းနည်း လေးဖြစ်ဖြစ် စိတ်ဆိုးသွားတတ် တယ်။ စိတ်မဆိုးတောင် ''ကျွဲမြီးတို တယ်''ဆိုတာလောက် တော့ဖြစ်သွား ကြတယ်။ အဲဒီအခါပုဂ္ဂိုလ် ရေးတိုက် ခိုက်တာပဲ''လို့ပြောမြဲဖြစ်တယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလို့ ဘာကြောင့် ပြောသလဲဆိုတော့ ပညာတတ် လောကမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု ဟာ အောက်တန်းကျတဲ့လုပ်ရပ် အဖြစ်ရှုမြင်ကြလို့ဖြစ်တယ်။ ဒါပေမယ့် လို့ ခက်တာကစာပေမှာပဲဖြစ်ဖြစ် နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ မူနဲ့လူကိုခွဲခြား ကြည့်မြင်ဖို့ဆိုတာ အင်မတန်မလွယ် တဲ့ကိစ္စဖြစ်တယ်။ သမ္မတရေဂန် လက်ထက်က ကာတွန်းဆရာတွေ သူ့ပုံကိုဆွဲရင်ကောင်း ဘွိုင်ဦးထုပ်ကြီး နဲ့ မြင်းစီးပြီးလက်ထဲက သေနတ် ဝှေ့ယမ်းနေတဲ့ပုံကိုဆွဲကြမြဲဖြစ်တယ်။ သူက ကောင်းဘွိုင်မင်းသားကနေ သမ္မတဖြစ်လာခဲ့တာကိုး။ မချိသွားဖြဲနေရ သူ့ကိုကောင်းဘွိုင်သမ္မတလို့ခေါ်တဲ့ အတွက်ရေဂန်က ဘယ်လိုမှမတုံ့ပြန် ခဲ့ပါဘူး။ သူ့လိုလူအများနဲ့ ဆက်စပ် ပတ်သက်နေရသူ Public Figure များကို လူတွေကစိတ်ဝင်စားမှုကြီး မားလွန်းတာကြောင့် ပုဂ္ဂိုလ်ရေးနဲ့ အများအရေးဆိုပြီးခွဲခြားဖို့ ဘယ်လို မှမဖြစ်နိုင်ဘူးဆိုတာကိုကောင်းကောင်း သဘောပေါက်နားလည်ထားလို့ မတုံ့ ပြန်တာပါ။ ''သူလည်းလေလောကီ သားပေမို့'' ဆိုသလိုကျွဲမြီးတိုတာ လောက်တော့ ရှိကောင်းရှိနိုင်တာပေါ့။ ဒါပေမဲ့ 'မချိသွားဖြဲ'ဆိုသလိုဟန်လုပ် ပြီးပြုံးနေရုံကလွဲပြီး ဘာမှမတတ် နိုင်ပါဘူး။ ဘယ်သူမပြုမိမိမှု ''ထင်ပေါ်ကျော်ကြားမှု''ဟာချိုမြိန် ပါတယ်။ ဒါပေမဲ့ပေးရတဲ့ တန်ဖိုး ကလည်းကြီးပါတယ်။ လူသား တစ်ယောက်ရဲ့ဘဝမှာ တန်ဖိုးအရှိဆုံး ဖြစ်တဲ့ ''ပုဂ္ဂလိကလွတ်လပ်ခွင့်''ကို ပေးလိုက်ရခြင်းဖြစ်တယ်။ ဒါဟာ ''ဘယ်သူမပြုမိမိမှု''ဆိုတဲ့ စကားလို ကိုယ်တိုင်ရွေးချယ် ဖန်တီးခဲ့တာဖြစ် လို့ပုဂ္ဂိလိက လွတ်လပ်ခွင့်ချိုးဖောက် ခံရတယ်ဆိုပြီး ဘယ်သူ့ကိုမှအပြစ်တင်လို့မရပါဘူး။ ရေဂန်သမ္မတရယ် လို့ ဖြစ်လာတာဟာ ပြည်သူလူထုက မဲပေးလို့ဖြစ်လာတာ မဟုတ်လား။ အလားတူပဲ ကောင်းဘွိုင်မင်းသား ရေဂန်လို့ဖြစ်တာလည်း ပြည်သူ လူထုကအားပေးကြလို့ပဲလေ။ ရေဂန် အတွက်တော့ ပြည်သူ့လူထုဟာ ကျေးဇူးရှင်ဖြစ်တယ်။ အဲဒီပြည်သူ တွေကတောင်းဆိုတာကို ရေဂန်မ ငြင်းနိုင်ဘူး။ လိုက်လျောဖြည့်ဆည်း ရမှာပဲ။ ဒါဟာ ပြည်သူလူထုကြောင့် တစ်ခု၊ တစ်ကောင်၊ တစ်ယောက် (Somebody) ဖြစ်လာသူမှန်သမျှ မလွဲမသွေထမ်းဆောင်ရမယ့် တာဝန် ဝတ္တရားဖြစ်တယ်။ ပတ္တမြားမှန်ရင် အရောင် မမှိန် ဝေဖန်ရေးမှာ မူနဲ့လူခွဲဖို့ခက်ပါ တယ်။ လူကြောင့်မှုဖြစ်လာရသလို လူကြောင့်ပဲ မှုပျက်သွားရပါတယ်။ အလားတူပဲမူကြောင့်လူကောင်းဖြစ်လာ နိုင်သလိုမူကြောင့်လည်း လူဆိုးဖြစ် သွားနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရလူကို အတိုက် အခိုက်မခံချင်ရင်ကောင်းဆုံး နည်းလမ်းက ကိုယ့်မှာဘာအစွန်း အထင်းအညစ်အကြေးမှ ကပ်ငြိမခံရ အောင်စောင့်စည်း နေထိုင်ဖို့ပါပဲ။ ကိုယ့်လိပ်ပြာက သန့်ရှင်း လှပနေရင် ဘယ်ပယောဂမှ ဝင်လို့မရပါဘူး။ နိုင်ငံရေးသမားတို့ စာပေအနုပညာ သမားတို့မီဒီယာသမားတို့ ပုဂ္ဂိုလ် ရေးအရ တိုက်ခိုက်ခံရတယ်ဆိုတာက တိုက်စရာ အကြောင်းတစ်ခုရှိနေလို့ သာပါ။ ပတ္တမြားမှန်ရင် နွံထဲဘယ် လောက်ဆွဲနှစ်နှစ်အ ရောင်မှိန်မသွား ပါဘူး။ မီးရှိမှမီးခိုးထွက်တယ် အရက်လုံးဝမသောက်သူကို မူး ပြီးရမ်းတယ်လို့ စွပ်စွဲလို့မရနိုင်သလို မိန်းမကိစ္စရှင်းသူ ကိုလည်းကြာခို တယ်လို့ စွပ်စွဲလို့ မရပါဘူး။ မီးရှိမှ မီးခိုးထွက်ပါတယ်။ မီးမရှိဘဲနဲ့ မီးခိုး မထွက်ပါဘူး။ အရေးကြီးတာက ကိုယ်တိုင်လိပ်ပြာသန့်ဖို့ပဲဖြစ်တယ်။ ပါးစပ်က လေကြီးမိုးကြီးတွေပြောပြီး လူကွယ်ရာကျတော့မှ မဟုတ်တာ တွေလုပ်နေသူများကတော့ ဝေဖန် ရေးဆိုတဲ့ အသံကြားရင်တီကိုဆားနဲ့ တို့သလိုတွန့်သွားမှာပါပဲ။ ဒါသဘာဝ ကျပါတယ်။ တီနဲ့ဆားဆိုတာ ဘယ် လိုမှဓာတ်မတည့်တဲ့ အရာနှစ်ခုမ ဟုတ်လား။ ငိုဘသမားနဲ့ ဝေဖန်ရေး ဆိုတာလည်းပြဒါးတစ်လမ်း သံတစ် လမ်းပဲလေ။ ဝေဖန်ရေးအောက်လမ်းဆရာတွေ ဝေဖန်ရေးအကြောင်းဆွေးနွေးတဲ့ လူငယ်တိုင်းကို ဝေဖန်ရေးဆိုတာ ကြောက်စရာမဟုတ်၊ ရွံစရာမဟုတ် တဲ့အကြောင်း အမြဲပြောရတယ်။ ဝေဖန်ခံရတဲ့အခါ စိတ်မဆိုးဖို့လည်း ရှင်းပြရတယ်။ တမင်သက်သက် ပွဲဆူအောင်လုပ်တဲ့ အောက်လမ်း ဆရာဝေဖန်ရေးသမားမရှိဘူးလို့တော့ မဆိုပါဘူး။ ခေတ်တိုင်းခေတ်တိုင်းမှာ တစ်ယောက်စနှစ်ယောက်စတော့ ရှိတတ်တာပါပဲ။ ဒါပေမယ့်ကိစ္စမရှိပါ ဘူး။ မြန်မာစာဖတ်ပရိသတ်က ရှင် ကြီးဝမ်းလည်းဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်း လည်းဝင်ခဲ့ဖူးသူတွေပါ။ ဘယ်သူ တွေဟာ ဘာရည်ရွယ်ချက်နဲ့လုပ် နေကြတယ်ဆိုတာ ကောင်းကောင်း သိကြပါတယ်။ ဝေဖန်ရေးအောက် လမ်းဆရာတွေကို ဥပေက္ခာရှုထား လိုက်ကြစမ်းပါ။
လူထုစိန်ဝင်း

11 May 2011

ဘယ်သတင်းကိုအမှန်ယူရမလဲမသိလို့ 

ဒါကတော့ RFA ကလွှင့်တဲ့သတင်းပါ




အထက်ပါပုံကတော့ DVB ကလွှင့်တာပါ....
ဒါမျိုးကိုယ့်အဖွဲ့အစည်းရဲ့ သတင်းတောင်မှန်အောင် တစ်ယောက်နဲ့တစ်ယောက် မညှိနှိုင်းနိုင်ပဲနဲ့ လိမ်ချင်သလိုလိမ်နေကြပါရောလား :D  ဧရာဝတီ ဘလော့ဆိုတဲ့ သတင်းဌာနကတော့ တင်ပြီး နာရီဝက်အတွင်း၎င်းသတင်းအားပြန်လည်ဖျက်သွားပါကြောင်း ကြေငြာအပ်ပါသည်။

အတိုက်အခံတို့ မသိသေးတဲ့လျှို့ ဝှက်ဓါတ်ပုံလေးတွေပါ

သူကတော့ ကမ္ဘာကသိသွားလို့ တရားဝင်လက်ထပ်လိုက်ရတဲ့ ဂျွန်ယက်တောပါ  :P
ဒါက တိတ်တိတ်ပုန်းဇတ်လမ်းလေးပါတဲ့
ဖေဖေကိုချစ်လို့  အင်္ဂလိပ်ဆို လာထားပဲဆိုတဲ့ ဒေါ်ညု
ဒီနွားတွေကခုတော့ ဒီလိုလုပ်ကုန်ကြပီလား  :D
အလန်းလေးပါ
ဘယ်ပန်းချီရေးလို့ မမှီ
ဖေဖေကြီးနိုင်ငံကိုအဲလောက်ချစ်တာ
စစ်မှုမထမ်းမနေရဆိုလို့ တဲ့
မကြာခင်ပြတိုက်ရောက်တော့မဲ့အကြောင်းဘိုဘားမားကပြောကြားနေခြင်း
နှစ်သိမ့်ဆု
ကျော်သူ(ဝမ်းတွင်းရူး) ရဲ့ လက်ရာနောက်တခု
ဗမာစစ်တပ်က ကလေးစစ်သားတွေလားဟင်

01 May 2011

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်ဆီလူတန်းစားတွေ


“မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့ ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား” အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင် လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့ စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန် ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့ ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား “အီလစ်”(elite) တွေ ပြောတဲ့ စကားသံတွေ ကြားပြီး “နဝေတိမ်တောင်” ဖြစ်နေကြပုံ ရပါတယ်။


အပေါ်ယံမှာ ဝေ့ကာဝဲကာ
ရေပေါ်ဆီ လူတန်းစား ဆိုတာက အများအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေ ဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။ ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူတိုင်းနဲ့ တည့်အောင်ပေါင်း အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့ သူ တန်ခိုးအရောင် မှိန်သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ ရှိတယ်။ ရာသီဥတုကို လိုက်ပြီး အရောင် ပြောင်းတတ်တဲ့ လူစားမျိုးတွေ ဖြစ်ကြတယ်။ ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြ လေတော့ လူတွေကို အမြဲတမ်း ငုံကြည့်လေ့ရှိတယ်။ တန်ခိုးရောင် ပြိုးပြိုးပြက်ပြက် လက်တဲ့သူ မဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေ အကြောင်းလည်း ဘာမှမသိဘူး။ လူတွေ အကြောင်း မသိတော့ တိုင်းပြည် နိုင်ငံအကြောင်းလည်း ဘာမှ မသိပါဘူး။ စင်ကာပူ နိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက် မြို့တော်ကြီး စည်ကားပုံတွေ အကြောင်း အများကြီး ပြောနိုင်ပေမယ့်၊ လယ်ဆိုတာ ဘာလဲ၊ ယာဆိုတာ ဘာလဲ၊ ကိုင်းဆိုတာ ဘာလဲလို့ မေးရင်တောင် မှန်အောင် ဖြေနိုင်တာ မဟုတ်ပါဘူး။

ဆယ်ဆသာတယ်
ဒီလို လူတွေဟာ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာ သူတို့လို ရေပေါ်ဆီတွေနဲ့ပဲ ဆိုင်တယ်။ လက်လုပ်လက်စား လူသာမန် တွေနဲ့ လားလားမှ ထိုက်တန်တာ မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတတ် ရေပေါ်ဆီတွေသာ သဘောပေါက် နားလည်နိုင်တာမျိုး ဖြစ်တယ်၊ ဆင်းရဲလို့ ပညာကောင်းကောင်း မသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေး အသိပညာ ရေချိန်ဟာ အင်မတန် နိမ့်တယ်။ ဒီလူတွေနဲ့ ဒီမိုကရေစီ တည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင် ပြောလေ့ ရှိကြတယ်။ ဒီစကားတွေ ကြားပါများတော့ လူငယ်တွေက နားယောင်ပြီး ဟုတ်နိုးနိုး ထင်နေရှာကြတာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာလူမျိုးဟာ တခြား နိုင်ငံကြီးသားတွေလောက် နိုင်ငံရေး အသိမမြင့်ဘူး ဆိုတောင်မှ နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ နိုင်ငံရေးကိစ္စ တွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ လူတွေထက်တော့ ဆယ်ပြန် ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရ ပါတယ်။

လိမ်မှန်းညာမှန်းမသိတဲ့ လူမျိုး
မြန်မာလူမျိုးဟာ တခြား နေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေး အသိမှာတော့ ထိပ်တန်းက ရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့ အစိုးရက ၉၁ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံ အဆင့်ပေးမယ် တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝ လွတ်လပ်ရေးမှ တစ်ပါး ဘာမှ မလိုချင်ဘူးလို့ အပြတ် ပြောခဲ့တာပါ။ ပါးစပ်ပြောသာ မဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေး နဲ့တင် ကျေနပ် ရောင့်ရဲ မနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေးဆင်နွှဲ အောင်ပွဲခံခဲ့တာ ဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ် ပါဘူး။

ရန်/ငါပြတ်လို့
လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျ ခိုင်မာပြီး၊ ရန်/ ငါ ပြတ်သား ခဲ့ကြလို့သာ လုံးဝ လွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံ နိုင်ငံတွေ ထဲမှာ ဝင့်ဝင့်ကြွားကြွား ဖြစ်နေတဲ့ မလေးရှား နိုင်ငံဆိုရင် ၁၉၅၇ ခုနှစ်ကျမှ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိ လာခဲ့တာပါ။အဲဒါကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေးအသိ နိမ့်ကျတယ် ဆိုတဲ့ စကားကို လုံးဝ လက်မခံပါဘူး။ မြန်မာပြည် က ရေပေါ်ဆီ လူတွေလောက်က ပြောတာသာ မဟုတ်ပါဘူး။ သူတို့ အထင်ကြီး ကိုးကွယ်တဲ့ အနောက် နိုင်ငံကြီးတွေက မြန်မာ့အရေး ကျွမ်းကျင်သူလို့ ကိုယ့်ဟာကိုယ် ကင်ပွန်းတပ်ထားတဲ့ “နိုင်ငံရေးဂုရု” ဆိုသူတွေ ပြောတာလည်း လက်မခံ ပါဘူး။ မြန်မာပြည်မှာ နေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်း စစ်ဒဏ်တွေကို ကျောကော့အောင် ခံခဲ့ရတဲ့ မြန်မာလူမျိုး တွေလောက် မြန်မာ့ နိုင်ငံရေးကို နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။

မျက်ကန်း မျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲဒီ ကိုယ့်ဟာကိုယ်ခန့်တဲ့ “ဂုရု”တွေ ရေးတဲ့ စာအုပ်တွေ အများကြီး ဖတ်ထားဖူးလို့ ပြောတာပါ။ ဆင်စွယ် ရဲတိုက်ကြီးတွေ ထဲက စာအုပ်တွေမှာ လှန်လှောရှာဖွေပြီး သူများတကာ ရေးထားတဲ့ သီအိုရီတွေနဲ့ ချိန်ညှိပြီး ရေးသား ထားတာမျိုး တွေသာ များပါတယ်။ နိုင်ငံရေး ဆိုတာ သိပ္ပံပညာရပ် တစ်ခု ဖြစ်ပေမယ့်လို့ ဂျီသြမေကြီ တွက်သလို၊ သင်္ချာတွက်သလို၊ တွက်လို့ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေး ဆိုတာ လူတွေနဲ့ တိုက်ရိုက် ပတ်သက် နေတာ ဖြစ်လို့ လူတွေရဲ့ ဘဝ၊ လူတွေရဲ့ ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ လူတွေ ကြားမဝင်ဖူးတဲ့ ရေပေါ်ဆီ “အီလစ်”တွေနဲ့ နိုင်ငံခြားသား “ဂုရု”တွေက မြန်မာလူမျိုးတွေရဲ့ ဘဝ၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော် မျက်နှာပြောင်တဲ့ လူတွေပဲလို့သာ ကောက်ချက်ချလိုက်ရတော့မှာ ဖြစ်ပါတယ်။


လူထုစိန်ဝင်း

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons