လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

26 September 2011

ဦးဝင်းချိုဦးဆောင်သောအီးယောင်ဝါးများမှ လူထုအုံကြွအောင် ကြိုးစားပြုလုပ်သော်လဲ ဥနှောက်ရှိသော လူထုမှ မပါဝင်

ယနေ့ ၂၆ရက်၉လ၂၀၁၁ ခုနှစ်မွန်းလွဲ၂နာရီအချိန်ခန့် တွင် ဦးဝင်းချိုဦးဆောင်သည့် နိုင်ငံရေးအမြက်ထုတ်လိုသူတစ်ချို့ မှနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လက် မတည်ဆောက်ရေး၊ နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲရေး၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသား ရင်ကြားစေ့မှု ဖြစ်ပေါ်ရေး၊ ရွှေဝါရောင် တော်လှန်ရေးတွင် ကွယ်လွန်သွားသည့်သူများအတွက် ရည်ရွယ်သည်ဟုဆိုကာ ရန်ကုန်မြို့တော် ဆူးလေဘုရားပေါ်တွင်လူထုအုံကြွမှုဖြစ်အောင်ဖန်တီး ဆန္ဒပြကြသည်ဟုသတင်းရရှိပါသည်။
လူထုအုံကြွလာအောင်လုပ်သော်လဲ လူထုမှ အထူးအဆန်းအရူးထသူများသဖွယ်ဝိုင်းကြည့်နေကြ

လူထုအုံကြွဖို့ ဆို လမ်းဘေးပလက်ဖောင်းလဲထိုင်ပြီးဓါတ်ပုံရိုက်ခံတယ်

လူထုမှအံ့သြစွာ၎င်းတို့ အားဝိုငးကြည့်နေကြ
ရဲများမှဖျက်ဆီးရေးမလုပ်ကြဖို့ ကောင်းကောင်းမွန်မွန်ပြောကြား
ဒါပေမဲ့ ဆန္ဒပြသောနေရာရှိ ပြည်သူများမှာ ''ဒီလူတွေ ဧရာဝတီကို ဗန်းပြပြီးလူထုအုံကြွအောင်လုပ်ပြန်ပြီ'' ''ခုလိုနိုင်ငံက အေးအေးချမ်းချမ်းဒီမိုကရေစီလမ်းကိုလျှောက်နေတဲ့အချိန်မှာ ကဖျက်ကယက်မလုပ်သင့်ဘူး''အစရှိသည်ဖြင့် ဝေဖန်ပြောကြားမှုများရှိနေကြောင်းသိရှိရပါသည်။ှဆန္ဒပြမှုတွင်ပါဝင်သောဓါတ်သိ လူငယ်တစ်ယောက်မှာ အမှန်တော့ ကျွန်တော်တို့ လူထုက ပါဝင်လာမလားဟု ရည်ရွယ်ကာ ဆန္ဒပြကြခြင်းဖြစ်ကြောင်း ဂျီမေးလ်မှတစ်ဆင့် သတင်းပို့ ခဲ့ပါသည်။ယခုလို ဆန္ဒပြမှုတွင် ပါဝင်လာအောင် ဦးဝင်းချိုမှ အမျိုးမျိုးမက်လုံးပေးပြီး Facebookမှစည်းရုံးခဲ့ကြောင်း နောက်နောင်တွင်လဲ ယခုကဲ့သို့ ပါဝင်ဖို့  ကြိုးစားတော့မည်မဟုတ်ကြောင်း အမှန်တော့ဦးဝင်းချိုမှာ သူအမတ်နေရာရဖို့ အရေး ကျွန်တော်တို့ လိုလူငယ်များကိုလက်ကိုင်ဒုတ်အဖြစ်အသုံးချကာ သွေးထိုးမြှောက်ပေးနေခြင်းသာဖြစ်ကြောင်းဒါပေမဲ့ လူထုမှာ ဆန္ဒပြဖို့ စိတ်မဝင်စားသလို ၎င်းတို့ အား အမျိုးမျိုးဝေဖန်မှုများဖြင့်သာ ကြုံတွေ့ ခဲ့ရသောကြောင့် ဦးဝင်းချိုဦးဆောင်သော ပြည်သူ့ ချဉ်ဖတ် ကဖျက်ကယက်အဖွဲ့ မှာ အခြေအနေမလှစွာ စောစောဆီးဆီးလူစုခွဲခဲ့ရသည်ဟု ၎င်း(အမည်ဖော်၍မသင့်တော်)သူမှ ဖိုးကျော်ကို ပြောကြားခဲ့ပါသည်။
          ထို့ အပြင် ဖေ့စ်ဘွတ်စာမျက်နှာတော်တော်များများတွင်လည်း ၎င်းတို့ လုပ်ရပ်များကို ဦးနှောက်အသိနည်းပါးသည့် လူနည်းစုမှလွဲ၍ မည်သူမျှထောက်ခံအားပေးခြင်းမပြုခဲ့ကြပေ။


လူထုကလဲမပါလာဘူး ဘယ်လိုလုပ်ကြမလဲ

ပရိတ်သတ်မှမျောက်ပွဲ ကြည့်နေကြသလို အထူးအဆန်း
""သေချာစဉ်းစားကြပါ၊ဒေါ်စုကလည်း အခိုင်အမာ အာမခံထားတယ်လေ၊ညှိနှိုင်းနေကြတဲ့ ခုလိုကာလမျိုးမှာ ဒီနေ့လို နည်းနည်းပါးပါးငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံရေးအကဲစမ်းတာထက်ပိုပြီး ပွဲဆူအောင်မလုပ်စေချင်ဘူး၊ လူထုနာမှာစိုးတယ်''

''
"အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို စိတ်ရှည်ရှည်ထား စောင့်ကြည့်အားပေးရမယ့် ကာလတစ်ခုမှာ ဘာမှ မသိရသေးပဲ လုပ်မယ်ဆိုရင် မသင့်တော်ပါဘူး"  စသဖြင့် NLDအတိုက်အခံများမှတောင် အားပေးမှုမရှိသည်ကို မျက်မြင်ပင်ဖြစ်ကြပါသည်။
     အမေရိကန်ရောက် ဒုတ္ခသည် ဝါရင့် နိုင်ငံရေးအတိုက်အခံတစ်ဦးမှလည်း ''ဦးဝင်းချိုဟာ ပွဲလန့် တုန်းဖျာဝင်ခင်းချင်တဲ့လူ ဘာမှအဖြစ်မရှိ နိုင်ငံရေးဇတ်ခုံပေါ်မှာ အမတ်နေရာရရှိရေးအတွက် လူထုထောက်ခံမှုရရှိအောင် နည်းအမျိုးမျိုးဖြင့်နေရာဝင်ယူနေသည် '' ဟု ပြင်းပြင်းထန်ထန်ဝေဖန်ကာ  မြန်မာနိုင်ငံဒီမိုကရေစီစနစ်၏ပြုပြင်ပြောင်းလဲ လာပုံကို ''ရဲတွေကစိတ်ရှည်လက်ရှည် ကောင်းကောင်းမွန်မွန်၎င်းတို့ အားဖျက်ဆီးမှုများမလုပ်ကြဖို့ သာပြောကြားခဲ့ကြောင်း  ဒီမိုကရေစီရုပ်လုံး တဖြည်းဖြည်းပေါ်လာပြီဖြစ်ကြောင်း သည့်အတွက်လဲ အရမ်းဝမ်းသာမိကြောင်း မကြာမီမြန်မာနိုင်ငံမှာ သမ္မတရဲ့လွပ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်အခြေချကာနိုင်ငံတော်အစိုးရနှင့် နှစ်ဖက် အကျိုးတူ ပူးပေါင်းပါဝင်ကာ နိုင်ငံအကျိုးစွမ်းစွမ်းတမံ ဆောင်ရွက်တော့မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

 ဖိုးကျော်
     

ဥာဏ်ပညာထက်မြက်သူတို့ လက်စွဲ

သေနင်္ဂဗျူဟာ အတတ်ပညာ
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လက်ရှိလူဦးရေသည် ၅၂သန်းကျော်ရှိလေသည်။နယ်မြေအကျယ်အဝန်းမှာ စတုရန်းမိုင် ၂.၆သိန်းကျော်ရှိပေသည်။ထို့ ကြောင့် ပျမ်းမျှ စတုရန်းမိုင် အလျား၁မိုင်xအနံ၁မိုင်(စတုရန်းမိုင်အကျယ်)ဧရိယာအတွင်းလူဦးရေ၂၀၀နှုန်းနေထိုင်ကြသည်ဟုဆိုရပေမည်။ရန်ကုန် ဧရာဝတီ ပဲခူး မကွေး မန္တလေးတိုင်းတို့ တွင်လူဦးရေသိပ်သည်းသဖြင့်ပြည်နယ်နှင့်နယ်စပ်ဒေသများ၌မူ အမှန်တကယ်လူဦးရေ တစ်မိုင်အတွင်း လူ၁၀၀ပင်မရှိပါ။
    တရုပ် အိန္ဒိယ ဘင်္ဂလားဒေ့ရှ် စသောနယ်နမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းတိုင်းပြည်များသည်လူဦးရေ အလွန်ထူထပ်သည်။မြန်မာနိုင်ငံသားများထက်အဆများစွာများပြားသည်။
   တရုပ်ပြည်သည်အဏုမြူလက်နက်ပိုင်ဆိုင်ပြီး ဖွံ့ ဖြိုးတိုးတတ်မှုလည်း အရှိန်အဟုတ်ကောင်းနေသည့် တိုင်းပြည်တခုဖြစ်သည်။အိန္ဒိယသည်လည်းအဏုမြူလက်နက်ပိုင်ဆိုင်ပြီး ဖွံ့ ဖြိုးတိုးတတ်မှုရှိသောတိုင်းပြည်ပင်ဖြစ်၏။ထိုနိုင်ငံကြီးများသည် ရှေးနှစ်ပေါင်း၃၀၀၀ကျော်ကပင်ယဉ်ကျေးမှူထွန်းကားခဲ့ကြသဖြင့်သြဇာလည်းရှိကြ၏။
        မြန်မာလူမျိုးတို့ သည်မြန်မာနိုင်ငံကို ထိုပတ်ဝန်းကျင် အနေအထားနှင့် နှစ်ပေါင်းထောင်ချီ၍ ကိုယ့်နိုင်ငံကိုယ့်လူမျိုးဟု ရပ်တည်ခိုင်မာနေထိုင်လာခြင်းသည် သာမာန်မျှသောအရည်အချင်းမဟုတ်။သွေးထဲမှာရှိသော ဇာတိမာန်ကြောင့်လည်းမှန်သည်။သတ္တိရဲရဲနီသော အမျိုးကိုချစ်သည့်စိတ်ဓါတ်နှင့်အတူ စစ်ပညာကို သူ့ ခောတ်သူ့ အခါနှင့် လျော်ညီစွာ တတ်မြောက်ကျွမ်းကျင်ခဲ့ကြသဖြင့်လည်း ဖြစ်ပြန်သည်။
         ပွဲကျောင်းက သင်ကြားပေးလိုက်သည့် ဓားသိုင်း တုတ်သိုင်း လက်ဝှ့  အတတ်ပညာများကို မြို့ သားရော တောသူတောင်သားပါ ငယ်စဉ်အခါကပင် တတ်မြောက်ကြသည်။ဗေဒင် ဆေးဝါး မန္တရား ဆန်း အလင်္ကာ နှုတ်မှူပညာ စသည်တို့ အပြင်သေနင်္ဂဗျူဟာ စစ်အတတ်ပညာကိုလည်း သာမာန်အားဖြင့်လေ့လာလိုက်စားတတ်ကြသည်။ရှေးအခါက မြန်မာနိုင်ငံတွင် အမြဲတမ်းတပ်မတော်ဟူ၍မရှိ။စိုပ်ပျိုးရေးအဓိကလုပ်ကိုင်ကြသဖြင့် တောင်သူယာသမားကျေးလက်နေပြည်သူများသာဖြစ်၏။လူဦးရေကလည်းနည်းပါးသည်။နိုင်ငံ၏ဓနငွေကြေးကလည်းမကြွယ်ဝ။
         မြန်မာနိုင်ငံ၏အကျယ်အဝန်းမှာ ဂျာမနီထက်လည်းကျယ်၏။ပြင်သစ်ထက်လည်း ပို၍ကြီး၏။အင်္ဂလန်၏နှစ်ဆနီးပါးရှိ၏။ဂျပန်ထက်လည်းပိုပြီးကျယ်ဝန်းပါသေးသည်။
          သို့ သော်လူဦးရေက နည်းသည်။ကျဲသည်။လယ်သမားယာသမားများသည်။ထို့ ကြောင့်ကျယ်ဝန်းသောနိုင်ငံတော်ကို အနည်းငယ်သောပြည်သူတို့ က ''ပြည်သူ့ စစ်မဟာဗျူဟာ''ဖြင့်မိမိတို့  အခြေအနေနှင့် လိုက်လျောညီထွေစွာ ကာကွယ်ခဲ့ကြရလေ၏။အမြဲတမ်းစစ်တပ်ကြီးမထားရှိ။
         ယိုးဒယားစသော်နိုင်ငံများက မခန့်လေးစားဆော်ကားရန်စလာခဲ့လျှင် ရာပြုမြို့  ထောင်ပြုမြို့ က အရပ်သားများသည် စစ်သားဝင်လုပ်ကြသည်။သောက္ကတဲ ဇင်းမယ် အယုဒ္ဓယစသည့်ဒေသသို့ အကြိမ်ကြိမ်စစ်ချီခဲ့ကြသည်။ရောင်ထုံးနှင့်ပေါင်မှာထိုးကွင်းနှင့်ညိုညိုထွားထွား မြန်မာစစ်သည်တော်ကြီးများသည် တောင်သူယာသမားများဖြစ်ကြသည်နှင့်အညီရန်သူနှင့်တိုက်ရင်းခိုက်ရင်း စပါးစိုက်ကာ ယာထွန်သဖြင့် ထိုဒေသမှာကိုယ့်ရိက္ခာကို ကိုယ်ရှာ၍စားတတ်ကြလေ၏။
          မြောက်ဘက်ကမွန်ဂိုတပ်တွေဝင်လာသည်။တာတာတပ်တွေကျူးကျော်လာသည်ဆိုပါကလည်း ပြည်သူပြည်သားများထဲက လူငယ်လူရွယ်အားလုံး''စစ်သား''အဖြစ်စာရင်းသွင်းကာ မြင်းကိုစီး ဆင်ကိုစီးလျက် နယ်စပ်အထိ နိုင်ငံ၏တပ်တော်ကြီးနှင့်ဓါးလှံထမ်းကာပျော်ပျော်ရွှင်ရွှင်လိုက်ပါကြ၏။ကာကွယ်တိုက်ခိုက်ကြ၏။မြန်မာကိုလာမထိနှင့် ဒါမျိုးဟေ့-ကြည့်။
        သမိုင်းအစဉ်အလာတွင် မြန်မာနှင့်စစ်ပညာ စစ်ပညာနှင့်မြန်မာပြည်သား ခွဲခြား၍မရနိုင်ချေ။သို့သော်-၁၈၂၄မှ၁၈၈၅ကာလ(ဆယ့်ကိုးရာစု)အချိန်တွင်ကား စစ်ရေးအင်အားသာလွန်ရုံမျှမကပဲစက်မှုစွမ်းပကားကြောင့် စီးပွားရေးအင်အားပါ အဆများစွာ သာလွန်သော နယ်ချဲ့တို့ ၏အကြိမ်ကြိမ် ကျူးကျော်သိမ်းပိုက်ခြင်းကိုခံကြရသည်။၁၈၈၅မှ၁၉၄၈အထိဗြိတိသျှကိုလိုနီ၏လက်အောက်၌ကျရောက်ခဲ့ရ၏။ထီးနန်းပျောက်ခဲ့၏။လက်နက်စွမ်းပကားနှင့်စက်မှူအတတ်ပညာတို့ တွင် ခောတ်နောက်ကျခဲ့သဖြင့် မယှဉ်နိုင်ခဲ့။
            လွပ်လပ်ရေးရပြီး နှစ်ပေါင်း၅၀သည်လည်း အမျိုးသားနိုင်ငံတော်ကို ကိုယ့်မင်းကိုယ့်ချင်းထူထောင်နိုင်ပါသော်လည်း နိုင်ငံရေးခေါင်းဆောင်ချင်း စည်းလုံညီညွတ်မှု ပြိုကွဲကာ လက်နက်ကိုင်တိုက်ပွဲများ၏ စစ်မီးလျှံအတွင်း၌ ထိရောက်စွာမတိုးတတ်လာနိုင်။
         မကြာမီသောဆယ်စုနှစ်များမှ နိုင်ငံတော်သည်စစ်ဘေးစစ်ဒဏ် ဆူပူမှုများကင်းဝေး၍ အေးချမ်းတည်ငြိမ်မှုကိုရခဲ့သည်။ငြိမ်းချမ်းရေးကာလ၌ တည်ဆောက်ရေးတွေဇောက်ချလုပ်ကြ၏။ဖွံ့ ဖြိုးရေးကို အလေးပေးောင်ရွက်နေကြ၏။သို့ ရာတွင် ကမ္ဘာ့နိုင်ငံတကာ မိုးရိပ်လေရိပ်မှာ သတိပြုစရာတွေ မြင်ရသည်။
        စစ်တွေအေးပြီဟု သွေးမအေးသင့်ချေ။
        နှစ်ပေါင်းထောင်နှင့်ချီ၍ စစ်ပညာ စစ်အတတ်ကို အလေးထားဆည်းပူးတတ်မြောက်ခဲ့ကြသော မိမိတို့ မြန်မာများ သည် အနီးမှဖြစ်စေ အဝေးမှဖြစ်စေ ဖျက်လိုဖျက်ဆီး သိမ်းပိုက်ချယ်လှယ်ချင်သော ရန်စွယ်အန္တရာယ်ကြီးတွေကို ကြိုတင်တွက်ဆတတ်ရပေမည်။ပြည်သူတရပ်လုံးပါဝင်ဆင်နွှဲတတ်သော''ပြည်သူ့ စစ်မဟာဗျူဟာ''ကို အစဉ်တစိုက် ကျင့်သုံးခဲ့သော နိုင်ငံသားများအနေဖြင့် စစ်ရေးသတိရှိအပ်လှပါသည်။

                      -စီးပွားရေးအရ ပိတ်ဆို့ ခြင်း
                      -သံတမန်ရေးအရ ဝိုင်းပယ်ခြင်း
                      -နိုင်ငံရေးအရဖိအားပေးခြင်း
                      -အဖျက်လုပ်ငန်းများအား အားပေးခြင်း
                      -လုပ်ကြံဝါဒဖြန့် သိက္ခာချစော်ကားသော ရေဒီယို ရုပ်သံ စာနယ်ဇင်းတို့ ဖြင့် ထိုးနှက်ပုတ်ခတ်ခြင်း။သွေးခွဲခြင်း အမှန်အမှားရောမွှေ၍စိတ်လှုပ်ရှားအောင် ဆွခြင်း
                      -သူလျှိုဒလံမွေးမြူလျက် အဖျက်အမှောက် လုပ်ငန်းများထိုးဖောက်လုပ်ဆောင်ရန် ကြိုးစားခြင်း
                      -စစ်ရေးအရ အနှောက်အယှက်ပေးခြင်း
                      -ကုန်သွယ်ရေးအရ တားမြစ်ပိတ်ပင်ခြင်း
   အစရှိသဖြင့် မိမိနိုင်ငံတော်၏ အကျိုးစီးပွားကို ပျက်ပြားအောင် ထိပါးနှောက်ယှက် ဟန့် တားသူမှန်သမျှကို ထိထိမိမိ ပြင်းပြင်းထန်ထန် တုံ့ ပြန်ခြေမှုန်းနိုင်စွမ်းရှိရပါလိမ့်မည်။အဆိပ်မရှိသောယုန် သမင် စသည်တို့ ကို အလွယ်တကူဖမ်းဆီးသတ်ဖြတ်စားသောက်ကြသော်လည်း အဆိပ်ရှိသော မြွေပွေး မြွေဟောက်ကိုမူ လူတွေကကြောက်ကြသည်။ချက်စားရင်ကောင်းမှာပဲဟု သွားရည်ကျချင်သော်လည်း သူ၏အဆိပ်ကိုမူ ကြောက်လန့် သည်။ဝေးဝေးကရှောင်သည်။
           အလုံးစုံသောသေနင်္ဂဗျူဟာ အတတ်ပညာဟူသမျှအားလုံးတို့ သည် ''လှည့်စားခြင်း''အပေါ်၌အခြေခံသည်ဟူသော သဘောတရားနှင့်အညီ ရန်သူသည် လှည့်စားဖျားယောင်းခြင်းအမျိုးမျိုးဖြင့် မိမိတို့ နိုင်ငံသားများကို ဖြိုခွဲလျက်ရှိနေ၏။ကောင်းစေလိုဟန်ဆောင်လျက် ပျက်ပြားအောင်ဖျက်ဆီးနေ၏။နိမ့်ကျအောင်ဖိနှိပ်နေကြ၏။ကြောက်လန့်အောင်ခြိမ်းခြောက်နေ၏။စစ်သဘောတရားကို နားမလည်သူ အချို့ တို့ က မသိ။အငိုက်မိကာ ရန်သူ့ အလိုအကြိုက်သို့  လိုက်ပါမိတတ်၏။
            စစ်ပရိယာယ်ကို နားလည်အပ်ပါသည်။ငါးကြင်းဆီနှင့်ငါးကြင်းအကြော်ခံမလား။
            မြန်မာနိုင်ငံသားလူငယ်များသည် လူဦးရေနည်းပါးပြီးအတန်အသင့် ကျယ်ဝန်းကာ သယံဇာတကြွယ်ဝသည့် အမိနိုင်ငံတော်ကို အစွန့် ရှည်စွာ ခိုင်မာရပ်တည်ရေးအတွက် ရှေးရှေးသော မြန်မာလူငယ်များကဲ့သို့ ပင် သေနင်္ဂဗျူဟာ အတတ်ပညာကို စိတ်ပါဝင်စားသင့်ပါကြောင်းတိုက်တွန်းအကြံပြုလိုပေသည်။
            တရုပ်ပြည် ဘီစီ၃၀၀ခန့်က ပေါ်ပေါက်ခဲ့သော စွန်းဝူ(ခေါ်)ဆွန်ဇု(ခေါ်)ဆွန်ဇီအမည်ရှိ စစ်သူကြီး စစ်ပညာရှင်ပြုစုခဲ့သည့် စစ်ပညာကျမ်းသည် နှစ်ကာလ၂၃၀၀ကျော်ကြာညောင်းခဲ့သော်လည်း ဂျပန် ပြင်သစ် ရုရှား အင်္ဂလိပ် ဘာသာများသို့  ပြန်ဆိုပြီး ကျော်ကြားလျက်ရှိပါ၏။မြန်မာလူငယ်များ ဖတ်ရှုနားလည်ထားသော် နိုင်ငံတကာနှင့် ရင်ပေါင်တန်း အသိအမြင် ရရှိကြပေလိမ့်မည်။လုံခြုံရေးအရ သတိရှိနိုင်ကြပါမည်။နိုင်ငံတော်ကာကွယ်ရေးအတွက် အရည်အချင်းပြည့်ဝပြီး နိုးကြားကြပါလိမ့်မည်။ထို့ ကြောင့် ဤကျမ်းကို လွယ်ကူရှင်းလင်းစွာ မြန်မာဘာသာပြန်ဆိုပြုစုရပေသည်။လူငယ်များစစ်အမြင်ရှိကြပါစေ။

                                                                                ချစ်နိုင်(စိတ်ပညာ)
                                                                                  ၁၅-၇-၂၀၀၃
သေနင်္ဂဗျူဟာအတတ်ပညာ

04 September 2011

ဘွဲ့ ဖြူလက်နက် အန္တရာယ်

အကျင့်ပျက်ခြစားမှုပပျောက်ရေးနဲ့ တရားရေးမဏ္ဍိုင်ကြံ့ခိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ခြင်းမပြုဘဲနဲ့ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်မှုမရနိုင်ကြောင်း အစိုးရတာဝန်ရှိပုဂ္ဂိုလ်များက နေ့စဉ်နှင့်အမျှ ထုတ်ဖော်ပြောကြားနေကြတာများကို စာနယ်ဇင်းတွေမှာ အခုတလော မပြတ်ဖတ်ရှုနေရတယ်။

ကြောက်စရာချောက်ကြီး

ဒီပြောကြားချက်များဟာ သွေးထွက်အောင်မှန်တဲ့ စကားများဖြစ်တယ်။ တစ်ပါတီ တစ်ဖွဲ့တစ်စည်း အာဏာရှင်စနစ်ကြီး သက်ဆိုးရှည်ခဲ့လေတော့ နိုင်ငံအိမ်ကြီးကို ထောက်မထားတဲ့ တိုင်ကြီးလေးလုံး မဏ္ဍိုင်ကြီးလေးခုစလုံးဟာ အတွင်းလှိုက်စားတဲ့ ခြပုန်းတွေလက်ချက်ကြောင့် မြင်မကောင်း ရှုမကောင်းဖြစ်အောင်ကို ယိုင်နဲ့နေတာ တွေ့ရတယ်။ မငြိမ်မသက်ဖြစ်မှုတွေနဲ့ ဆူပူအုံကြွမှုတွေရဲ့ ရေခံမြေခံဖြစ်တဲ့ ဆင်းရဲချမ်းသာကွာဟမှု ဒါမှမဟုတ် အပယ်ခံနဲ့ အခွင့်ထူးခံ ကွာဟမှုချောက်ကြီးကလည်း ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းလာခဲ့တယ်။ အင်မတန်အန္တရာယ်ကြီးတဲ့ ချောက်ကြီးဖြစ်တယ်။

တောမီးလောင်သလို


အခုတလော တောမီးလောင်သလို တစ်နေရာက တစ်နေရာကို ရုတ်တရက် ချက်ချင်း ကူးစက်ပျံ့နှံ့သွားတဲ့ အရှေ့အလယ်ပိုင်းဒေသက တော်လှန်ရေးမုန်တိုင်းကြီးကို ကြည့်ပြီး ကောင်းကောင်းကြီး သင်ခန်းစာယူသင့်တယ်။ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံအားလုံးလိုလိုဟာ မူလက အင်မတန်ဆင်းရဲကြတယ်။ စာတတ်မြောက်မှုရာနှုန်းလည်း အင်မတန်နိမ့်ကျတယ်။ ခြောက်ဆယ်ခုနှစ်များအတွင်းရောက်မှ ရေနံတွင်းတွေ ရှာဖွေတွေ့ရှိပြီး လူရာဝင်လာကြတာမြန်တယ်။ လူချမ်းသာတွေ အများကြီး ပေါ်ထွက်လာခဲ့တယ်။ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်က အာဏာရှင်စနစ်ဖြစ်တယ်။ တချို့နိုင်ငံတွေမှာ ဘုရင်တွေ၊ ပဒေသရာဇ်တွေ အုပ်ချုပ်ပြီး တချို့နိုင်ငံတွေကျတော့ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်နေကြတာ ဖြစ်တယ်။ ဒေသတစ်ခုလုံးမှာ ဒီမိုကရေစီနိုင်ငံလို့ လက်ညှိုးထိုးပြစရာဆိုလို့ အစ္စရေးနိုင်ငံ တစ်ခုပဲရှိတယ်။

ရေနံဝင်ငွေတွေ


ရေနံဝင်ငွေ ဒလဟောလှိမ့်ဝင်လာပေမယ့် တိုင်းပြည်ရဲ့ လူဦးရေအများစုက ဆင်းရဲမြဲ ဆင်းရဲနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ရသမျရေနံဝင်ငွေတွေဟာ ဘုရင်တွေ၊ ဆူလတန်တွေရှိတ်တွေနဲ့ ဆက်ဒမ်ဟူစိန်လို၊ ကဒတ်ဖီလို အာဏာရှင်တွေရဲ့ နိုင်ငံခြားက ဘဏ်စာရင်းတွေထဲပဲ စီးဝင်သွားကြတာကိုး။ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေရဲ့ ချမ်းသာသမျှတွေဟာ အဲဒီနိုင်ငံတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိတဲ့ ကုဋေကြွယ်သူဌေးကြီးများရဲ့ လက်ထဲမှာ ၇၀ ရာခိုင်နှုန်း လောက်ရှိနေပြီးကျန် ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့ တိုင်းပြည်သူပြည်သူသားများက လှည့်ပတ်သုံးစွဲနေရတာဖြစ်တယ်လို့ ပညာရှင်များက ထောက်ပြကြတယ်။

လက်ဆုပ်မဖြေကြ


ဓနခွဲဝေမှုကို သင့်တင့်မျှတတဲ့ အချိုးအဆရောက်အောင် ပြုပြင်ဖို့လိုတယ်။ ဒီလိုမလုပ်ရင် ထိန်းမနိုင်သိမ်းမရ အုံကြွမှုတွေဖြစ်လာနိုင်တယ်လို့လည်း သတိပေးကြတယ်။ ဒါပေမယ့်ဘုရင်ကြီးတွေ၊ ဆူလတန်ကြီးတွေနဲ့ အာဏာရှင်ကြီးတွေက လောဘမသတ်နိုင်ဖြစ်ပြီး လက်ဆုပ်ကို မဖြေကြဘူး။ ရုရှားက၊ တရုတ်က၊ အမေရိကန်က၊ ဂျာမနီက၊ ပြင်သစ်နဲ့ အီတလီက ၀ယ်ထားတဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေက သူတို့ကို ကာကွယ်မှုပေးလိမ့်မယ်လို့ ယုံကြည်ပြီး ရေနံဝင်ငွေတွေကို တိုင်းသူပြည်သားများကို မျှဝေခံစားစေမယ့်အစား နိုင်ငံပေါင်းစုံက လက်နက်ကုန်သည်ကြီးတွေ လက်ထဲသာ ထိုးအပ်လိုက်ကြတယ်။

နှင်းဘောလုံးလို


လူတွေဆင်းရဲတွင်း နက်သထက်နက်နေရတဲ့အထဲ ကြီးနိုင်ငယ်ညှဉ်း နိုင်ထက်စီးနင်းပြုမူမှုတွေက လွန်သလက်လွန်ကဲလာလေတော့ နောက်ဆုံးမှာ မခံမရပ်နိုင်ဖြစ်ကြပြီး ဒီနေ့အခြေအနေမျိုးထိ ရောက်ရှိသွားတော့တာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အဓိက အကြောင်းအရင်းကတော့ ဓနခွဲဝေမှု တစ်ဖက်စောင်းနင်းဖြစ်ရတဲ့အချက် ဖြစ်တယ်။ ဒီအချက်က သိပ်ကြောက်စရာကောင်းတယ်။ တစ်ဖက်စောင်းနင်းဖြစ်မှု စရှိနေပြီဆိုတာနဲ့ တောင်စောင်းကလှိမ့်ချလိုက်တဲ့ နှင်းဘောလုံးများလို ကြာလေကြီးလေ ဖြစ်လာလေ့ရှိတယ်။ လျော့ပါးသွားတယ်လို့ ဘယ်တော့မှမရှိဘူး။ ငွေတွေကအာဏာရှိသူနဲ့ ပိုက်ဆံရှိသူတွေလက်ထဲကိုသာ ပုံစံအမျိုးမျိုးနဲ့ ရောက်သွားကြတယ်။ တကယ်လိုအပ်တဲ့ ဆင်းရဲသားတွေလက်ထဲ ဘယ်တော့မှရောက်တယ် မရှိဘူး။ဒီလို ဓနဥစ္စာကွာဟချက်ကြီးမားခြင်းက သြဇာအရှိန်အ၀ါကွာခြားချက်ကို ပေါ်ပေါက်စေတယ်။ အခွင့်ထူးခံလူတန်းစားနဲ့ အပယ်ခံလူတန်းစားဆိုပြီး ဖြစ်ပေါ်စေတယ်။ အခွင့်ထူးခံတွေက နေရာတိုင်းမှာ အခွင့်ထူးတွေ ခံစားရရှိကြပြီး အပယ်ခံတွေကတော့ တစ်နေ့တခြားဘေးကို ရောက်သထက်ရောက်ကုန်ကြတယ်။
နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ မကြာမီကပြောကြားခဲ့ကြတဲ့အတိုင်း တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှာမရှိစေရေးဆိုတဲ့ အချက်ကို တိတိကျကျမှန်မှန်ကန်ကန် လက်တွေ့ကျင့်သုံးကြဖို့ လိုပါတယ်၊ စကားအဖြစ် လေထဲမှာ ကွယ်ပျောက်သွားတာမျိုး မဖြစ်စေသင့်ဘူး  . . .

ငွေများတရားနိုင်

အပယ်ခံတွေကလည်း ပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက် ချမ်းသာချင်တယ်။ အခွင့်အရေးတွေ ရချင်တယ်။ အဲဒီတော့ ချမ်းသာကြွယ်ဝတဲ့ အခွင့်ထူးခံ စီးပွားရေးသမားများ လုပ်ခဲ့ကြတဲ့ နည်းလမ်းတွေအတိုင်း အခွင့်ထူးခံစားရဖို့ လာဘ်ပေးလာဘ်ယူတွေ လုပ်လာကြတယ်။ ဒီလိုနဲ့ အကျင့်ပျက်ခြစားမှုတွေ လူတန်းစားအားလုံးဆီ ပျံ့နှံ့သွားပြီး နောက်ဆုံးမှာ ငွေများတရားနိုင်ဆိုတဲ့ အခြေအနေ၊ ငွေက အရာရာကို ဖန်တီးတယ်။  (money makes everything) ဆိုတဲ့ အခြေအနေမျိုးတွေ အထိရောက်ရှိ သွားတော့တယ်။

လှုပ်လေမြုပ်လေ

ဆင်းရဲသားအပယ်ခံတွေမှာတော့ ငွေကအရာရာကို ဖန်တီးတဲ့ခေတ်မှာ လူနဲ့သူနဲ့တူအောင် နေထိုင်နိုင်ဖို့ကို တစ်နေ့တခြား ခက်ခဲသထက် ခက်ခဲလာကြတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား လှုပ်လေမြုပ်လေဆိုသလို ဆင်းရဲတွင်းကြီးထဲ နစ်သထက် ပိုနစ်နေကြရတယ်။ ဘယ်လိုမှမတတ်နိုင်ကြလေတော့ အံတကြိတ်ကြိတ်နဲ့ နာကြည်းမုန်းတီးမှုတွေပဲ ရင်ထဲမှာ တစ်နေ့တခြား ကြီးထွားလာကြတယ်။ အဲဒီလိုနဲ့ ကြာလာတော့ သေမထူးနေ မထူးစိတ်ဓာတ်မျိုးတွေ ဖြစ်လာတယ်။  ခါးသီးတဲ့ အမုန်းဆူးတောင်ကြီးတွေ တစ်ချောင်းပြီး တစ်ချောင်းပေါက်လာတယ်။ နောက်ဆုံးတော့ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး သွေးရူးသွေးတန်းနဲ့ ထင်ရာဆိုင်းရင်း လုပ်ချင်တာတွေ လျှောက်လုပ်တော့တယ်။ လူသတ်ရမှာလည်း မကြောက်တော့ဘူး။ ကိုယ့်အသက် သေမှာလည်း မကြောက်တော့ဘူး။

သွေးရူးသွေးတန်းလူများ

အဲဒီလို အကြောက်တရားကို လွန်မြောက်သွားတဲ့ သွေးရူးသွေးတန်း (desperate) ဖြစ်နေတဲ့ လူမျိုးတွေကို (desperatedos) လို့ခေါ်ကြတယ်။ သိပ်ကြောက်စရာကောင်းတယ်။ ဒီလိုလူမျိုးတွေကို ဘာနဲ့ ခြောက်ခြောက် မကြောက်တော့ဘူး။ ဘယ်လိုတားတား မရတော့ဘူး။ ထင်ရာလုပ်တော့တာပဲ။ အဲဒါကြောင့်လူတွေကို အဲဒီအဆင့်ရောက်မသွားအောင် ကြိုတင်ကာကွယ်တားဆီးဖို့ လိုပါတယ်။ ဓနခွဲဝေမှု တစ်ဖက်စောင်းနင်းဖြစ်နေတာကိုလည်း ပြုပြင်ဖို့လိုတယ်။ အခွင့်ထူးခံလူတန်းစားနဲ့ အပယ်ခံ လူတန်းစားဆိုပြီး ရှိနေသမျှကာလပတ်လုံး အကျင့်ပျက်ခြစားမှုတွေနဲ့ လာဘ်ပေးလာဘ်ယူကိစ္စတွေ ရှိနေဦးမှာ ဖြစ်တယ်။

အဓိကတာဝန်ရှိသူ

အခွင့်ထူးခံလူတန်းစားမရှိဖို့နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့အတွက် အဓိကတာဝန်ရှိတာက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်တို့ ဖြစ်တယ်။

- တရားဥပဒေအပိုင်းက လက်ရှိတည်ဆဲဥပဒေတွေနဲ့တင် လုံလောက်တယ်လို့ ဆိုနိုင်တယ်။ ရှိနေတဲ့ ဥပဒေတွေကို လိုက်နာစောင့်ထိန်းတဲ့အပိုင်းက ပျက်ကွက်လို့သာ ဒီလိုအခြေအနေမျိုးကို ရောက်နေတာဖြစ်တယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်နှစ်ခုက ဒီပျက်ကွက်မှုကို ပြုပြင်ဖို့လိုတယ်။ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ မကြာမီက ပြောကြားခဲ့ကြတဲ့အတိုင်း တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိစေရ ဆိုတဲ့အချက်ကို တိတိကျကျမှန်မှန်ကန်ကန် လက်တွေ့ကျင့်သုံးကြဖို့ လိုပါတယ်၊ စကားအဖြစ်လေထဲမှာ ကွယ်ပျောက်သွားတာမျိုး မဖြစ်စေသင့်ဘူး။

စံနမူနာပြသင့်

တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ၀န်ကြီးဌာနနှစ်ခု ပူးတွဲကိုင်ဆောင်ရတဲ့ ၀န်ကြီးများကိုယ်တိုင်က ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အကျိုးကြည့်တဲ့အနေနဲ့ လစာနှစ်ခု ထုတ်ယူခံစားခြင်းမပြုဘဲ လစာတစ်ခုသာ ထုတ်ယူတယ်လို့ သိရပါတယ်။ အင်မတန်ကောင်းပါတယ်။ အားလုံး အတုယူကြပြီး ၀န်ကြီးဖြစ်လို့ လွှတ်တော်အမတ်ဖြစ်လို့၊ အရာရှိကြီးဖြစ်လို့၊ တရားသူကြီးဖြစ်လို့၊ အာဏာရပါတီဖြစ်လို့ဆိုပြီး အထူးအခွင့်အရေးများ ရယူတာမျိုးမလုပ်ဘဲ စံနမူနာ ကောင်းပြသသင့်တယ်။ အစိုးရဆိုတာ သမ္မတကစပြီး အောက်ဆုံးအဆင့်ဝန်ထမ်းလေးအထိ ပြည်သူကပေးတဲ့ လစာရိက္ခာကိုစားတဲ့ ပြည်သူ့ဝန်ထမ်းများ ဖြစ်ကြတယ်။ ပြည်သူလူထုဟာ ကျေးဇူးရှင် ထမင်းရှင်များဖြစ်တယ်။ ကိုယ့်ကို ထမင်းကျွေးထားတဲ့ ကျေးဇူးရှင်များထက် အခွင့်ထူးပိုယူတာမျိုး မရှိသင့်ဘူး။

ပြည်သူက ကျေးဇူးရှင်


လွှတ်တော်အမတ်ဆိုတာလည်း ပြည်သူလူထုက သူတို့ကိုယ်စား တိုင်းရေးပြည်မှု ဆောင်ရွက်ဖို့ ရွေးချယ် တင်မြှောက်ထားသူများဖြစ်တဲ့အတွက် ပြည်သူလူထုကို ဦးထိပ်ထားလေးစားရမှာ ဖြစ်တယ်။ ရရှိခံစားရတဲ့ အခွင့်အရေး အဆောင်အယောင်မှန်သမျှ ပြည်သူ့ဘဏ္ဍာငွေက ထုတ်ယူသုံးစွဲတာဖြစ်တဲ့အတွက် ပြည်သူလူထုကို ကျေးဇူးရှင်အဖြစ် ခံယူစွဲမှတ်ရမှာဖြစ်တယ်။ သာမန်ပြည်သူတိုင်း ခံစားရရှိတဲ့ အခွင့်အရေးများထက်ပိုပြီး အခွင့်ထူးခံစားခွင့်မရှိဘူး။ ကိုယ်ကျိုးထက် တိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွားကို ရှေ့တန်းတင်ဦးစားပေး လုပ်ဆောင်ပါမယ်လို့ ကတိက၀တ် ပဋိညာဉ်ပြုပြီး အရွေးချယ်ခံခဲ့သူများဖြစ်တာကြောင့် ကိုယ်ကျိုးမကြည့်ရာမှာ အခွင့်ထူးမခံစားရာမှာ ရှေ့ဆောင်လမ်းပြ စံနမူနာကောင်းဖြစ်စေရမယ်။
ပြည်သူလူထုကြီးရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာမှ မကြည့်တဲ့ ဘယ်သူ့စပွန်ဆာတို့ စတိုင်ပင်နဲ့ စကောလားရှစ်တို့ ဂရန့်တို့ကိုမှ လုံးဝလက်မခံတဲ့ သတင်းမီဒီယာကိုသာ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်တာဖြစ်တယ်။ အဲဒါတွေတစ်ခုခုနဲ့ မလွတ်ကင်းရင် စတုတ္ထမဏ္ဍိုင်လို့ မခေါ်နိုင်ဘူး  . . .

ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံး


နောက်ဆုံးကျန်ရှိနေတဲ့ မဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာလည်း ပြည်ကြီးဝန်ကို  ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံးအဖြစ် ထမ်းဆောင်ကြရသူများဖြစ်တဲ့အတွက် တစ်နည်းအားဖြင့် ပြည်သူ့ဝန်ထမ်းများပင် ဖြစ်ကြတယ်။ တခြားပြည်သူ့ဝန်ထမ်းများလိုပဲ ပြည်သူကို ဦးထိပ်ထားလေးစားရမှာ ဖြစ်တယ်။ ပြည်သူ့ အထက်ကနေချင်လို့ မဖြစ်ဘူး။ ပြည်သူ့ရှေ့က အခွင့်ထူးရယူချင်လို့လည်း မဖြစ်ဘူး။ အလားတူပဲ သတင်းသမားဟာ အစိုးရတစ်ရပ်ရဲ့ လက်ကိုင်တုတ်မဖြစ်ရသလို နိုင်ငံရေးပါတီ အဖွဲ့အစည်းနဲ့ နိုင်ငံရေးသမားများရဲ့ အသုံးချခံလည်း မဖြစ်ရဘူး။ စီးပွားရေးသမားများရဲ့ကျေးဇူးခံကျေးဇူးစားလည်း မဖြစ်စေရဘူး။ ဒီခေတ်မှာ ခေတ်စားတဲ့ စပွန်ဆာဆိုတာဟာ စီးပွားရေးသမားက သတင်းမီဒီယာသမားကို လာဘ်ထိုးတဲ့ သဘောဖြစ်တယ်။ စပွန်ဆာလက်ခံရယူတဲ့ သတင်းမီဒီယာသမားဟာ စပွန်ဆာရှင်ရဲ့ မျက်နှာကို အမြဲကြည့်နေရမှာဖြစ်တဲ့အတွက် ဖြောင့်မတ်မှန်ကန်တဲ့ သတင်းသမား လုံးဝမဖြစ်နိုင်တော့ဘူး။

ဘွဲ့ဖြူလက်နက်

စပွန်ဆာတွေထဲမှာ အဆိုးဝါးဆုံးကတော့ သံရုံးတွေနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ စပွန်ဆာဖြစ်တယ်။ စတိုင်ပင်၊ စကောလားရှစ်၊ ဂရန့်စတဲ့ အမည်အမျိုးမျိုးပေးထားတဲ့ ထောက်ပံ့ကြေးမှန်သမျှဟာ သံရုံးတွေနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေက သူတို့ရဲ့ သစ္စာတော်ခံများအဖြစ် မွေးမြူသိမ်းသွင်းဖို့ အသုံးပြုတဲ့ ''ဘွဲ့ဖြူလက်နက်'' ဖြစ်တယ်။ ''အဏုမြူလက်နက်''လို အလွန်ကြောက်စရာ ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ သစ္စာခံဆိုတာ ''ပဉ္စမံတပ်သား'' အငယ်စား (Junior fifth Column) တွေဖြစ်ကြလို့ပါပဲ။ အကြောင်းကြီးငယ်ရှိလာခဲ့ရင် သစ္စာခံများဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးထက် သူတို့သစ္စာခံထားတဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကိုသာ ထမ်းရွက်ကြလို့ဖြစ်တယ်။

နားခွက်ကမီးတောက်ပြီးသား

ပြည်သူလူထုကြီးရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာမှ မကြည့်တဲ့ ဘယ်သူ့စပွန်ဆာတို့ စတိုင်ပင်နဲ့ စကောလားရှစ်တို့ ဂရန့်တို့ကိုမှ လုံးဝလက်မခံတဲ့ သတင်းမီဒီယာကိုသာ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်တာဖြစ်တယ်။ အဲဒါတွေတစ်ခုခုနဲ့ မလွတ်ကင်းရင် စတုတ္ထမဏ္ဍိုင်လို့ မခေါ်နိုင်ဘူး။ ကိုယ့်ဟာကိုယ် စတုတ္ထမဏ္ဍိုင်လို့ ဆိုင်းဘုတ်တပ်ပြီး ဘာတွေပဲပြောနေနေ၊ ဘာတွေပဲရေးနေနေ မြန်မာစာဖတ်ပရိသတ်ကို လိမ်လို့မရပါဘူး။ ရှင်ကြီးဝမ်းလည်းဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ဖူးတဲ့ မြန်မာစာဖတ်ပရိသတ် ပြည်သူတွေက ''ချက်ဆိုနားခွက်က မီးတောက်ပြီးသား'' ဖြစ်တယ်။ ဘယ်သူတွေဟာ စတုတ္ထမဏ္ဍိုင်ပီသတယ်။ ဘယ်သူတွေကတော့ ''သစ္စာတော်ခံ'' တွေဖြစ်တယ်ဆိုတာ ကောင်းကောင်းကြီး သိထားပြီးသားဖြစ်ပါတယ်။

လူထုစိန်ဝင်း

မေမေညုအကြောင်းတစေ့တစောင်း

ဒေါ်စုကြည်ကို မြန်မာ့လွပ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် မိခင် ဒေါ်ခင်ကြည်တို့ မှ ၁၉၄၅ ဇွန် ၁၉ နံနက် ၃နာရီ၃၅နမိနစ်တွင်ရန်ကုန်မြို့၌ဖွားမြင်ခဲ့သည်။မွေးချင်း၎ဦးရှိသည့်အနက် တတိယမြောက်သမီးဖြစ်သည်။၂နှစ်သမီးအရွယ်တွင် ဖခင် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရ၍ ကွယ်လွန်ခဲ့သသည်။ထို့ ကြောင့် ဖခင်ဗိုလ်ချုပ်၏အဆုံးအမကို ကောင်းမွန်စွာ မခံခဲ့ရပေ။မိခင်ဒေါ်ခင်ကြည်မှာလဲ မိတဆိုးသမီးကို အလုပ်တစ်ဖက်ဖြင့်ကောင်းမွန်စွာ သွန်သင်ဆုံးမမှု မပေးနိုင်ခဲ့သောကြောင့် ဒေါ်စုမှာ မိဘ၏ဆုံးမခြင်းကောင်းမွန်စွာမခံစားခဲ့ရပေ။
   ၁၉၄၉မှ၁၉၆၀ ခုနှစ်အတွင်း ရန်ကုန်မြို့ စိန့် ဖရန့်စ်ကွန်ဗင့်ကျောင်းနှင့်အင်္ဂလိပ်မက်သာဒင့်ကွန်ဖရင့်ကျောင်း(ယခု ဒဂုံ ၁)တို့  တွင်ပညာသင်ကြားခဲ့ဖူးပါသည်။၁၉၆၀ တွင် မိခင်ဒေါ်ခင်ကြည်၏တာဝန်ကျရာ အိန္ဒိယနိုင်ငံသို့ လိုက်ပါခဲ့သည်။ထို့ နောက်နယူးဒေလီတွင် ကျောင်းဆက်တတ်ခဲ့သည်။ထို့ နောက် ၁၈၆၄မှ၁၉၆၇ထိအင်္ဂလန်နိုင်ငံအောက်စဖို့ တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့သည်။အပျိုဖော်ဝင်စ မေမေညုသည် အင်္ဂလန်တွင်ပညာသင်ကြားနေစဉ်အတွင်း နယ်ချဲ့မျက်နှာဖြူ နှာခေါင်းရှည် မိုက်ကယ်အဲရစ်ဆိုသူနှင့် တိတ်တိတ်ပုန်းဇတ်လမ်းများဖြစ်ခဲ့ရသည်။ထို့ ကြောင့်  အနောက်တိုင်းသားတို့ ၏ ဓလေ့ထုံးစံအတိုင်း Living Togetherဖြင့် ဒေါ်ညုခမျှ ကာမဂယက်ထဲ မှရုန်းမထွက်နိုင်ခဲ့ပါချေ။သို့ ပေမဲ့ မိခင်ကို အသိမပေးရဲပါ။မိခင်ဆီသို့  ယခင်က တစ်နှစ်တစ်ခေါက် ပြန်လာနေကြဖြစ်သော်လဲ မိုက်ကယ်အဲရစ်နှင့် ဇတ်လမ်းဖြစ်ပြီး နောင်အခါတွင် တစ်နှစ်တစ်ခေါက်ပင် ပြန်မလာဖြစ်တော့ပါ။ထို့ နောက် ၁၉၇၁ခုနှစ်နိုဝင်ဘာ၃၁ရက်နေ့ တွင် ဒေါ်ညုကြည်မှာ မဖုံးနိုင်မဖိနိုင်ဖြစ်လာသောကြောင့် မိုက်ကယ်အဲရစ်ကို လက်ထပ်လိုက်ရလေတော့သည်။ယင်းအခြေအနေ ကာလအချိန်အခါတွင် အတိုက်အခံတို့ ပြောပြောနေသော ဒေါ်ညုကြည်ဆိုသူမှာ မျက်နှာဖြူနယ်ချဲ့ ကုလားနှင့် အင်္ဂလန်၌ တူနှစ်ကိုယ်တိုင်းပြည်တည်ဆောက်ခါ တိုင်းတပါးတွင် မြန်မာဟူသော မိမိလူမျိုးနှင့်နိုင်ငံကို မေ့ခါ ဖြစ်ချင်တိုင်းဖြစ် ပျော်ချင်တိုင်းပျော်ကာ ကာမရမ္မက်မီးများတောက်လောက်လျက်ရှိနေပါသည်။ထို့ နောက် အကြီးကောင် အလက်ဇန္ဒားဆိုသူ နှင့်အငယ်ကောင် ကမ်အဲရစ်ဆိုသူမျိုးမစစ် မြန်မာလိပ်နှစ်ဦးကို ၁၉၇၃ခုနှစ်ဧပြီ၁၂ရက် ကြာသာပတေးနေ့ နှင့် ၁၉၇၇စက်တင်ဘာ၂၄ရက်စနေနေ့ တို့ တွင်ဖွားမြင်ခဲ့သည်။၎င်းအချိန်ကာလတွင် ဒေါ်စုကြည်မှာစာဖတ်ဝါသနာပါသည့်အလျောက် မြန်မာစာပေမြန်မာ့သမိုင်းကို လေ့လာရန် စိတ်ကူးမရှိခဲ့ပဲ အင်္ဂလိပ်နှင့် ပြင်သစ် စသော စာအုပ်များကိုသာ အချိန်ယူလေ့လာဖတ်ရှုရင်းဖြင့် ဘဝကို မျိုးမစစ်သားနှစ်ယောက် နှာခေါင်းရှည်လင်တစ်ယောက်ဖြင့် လွယ်လွယ်ကူကူ အမျိုးမေ့ နိုင်ငံမေ့ အထူးသဖြင့် မိခင်ကိုပါမေ့ပြီး နေချင်တိုင်းနေနေခဲ့ပါသည်။
မျက်နှဖြူကိုလင်လုပ်ပြီး မြန်မာလူမျိုးကိုမေ့နေသော မေမေညု
   ၁၉၈၇ တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်မှာ မျက်စိ ခွဲစိတ်ကုသရန် အင်္ဂလန်သို့  ရောက်လာသောကြောင့် ဒေါ်စုကြည်မှာ မိခင်ကို နှစ်ပေါင်းများစွာကွဲကွာနေရာမှ ပထမဆုံးအကြိမ် ပြန်တွေ့ ဆုံခဲ့ရပေသသည်။အဘယ်မျှမိုက်လိုက်တဲ့သမီးပါလိမ့်ဗျာ။ မိခင်ကြီးမျက်လုံးမကောင်းတော့သောကြောင့် အင်္ဂလန် ကို သမီးနှင့်လဲ တွေ့ ဆုံရန်ရည်ရွယ်ချက်ဖြင့် တကူးတက လာခဲ့ရတာကို ကြည့်ပြီး စာရေးသူမှာ ဒေါ်ခင်ကြည်အတွက်တော်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။သမီးကိုတွေ့ ချင်လွန်းသောကြောင့် အင်္ဂလန်ထိ တကူးတက သွားရောက်ပြီး ခွဲစိတ်ကုသခဲ့ပေမဲ့ မျက်လုံးဟာ သိသိသာသာ ကောင်းလာခြင်းမရှိခဲ့ပေ။သို့ ပေမဲ့ ဒေါ်ခင်ကြည်ဟာ နှစ်လခန့် ဗြိတိသျှမြေပေါ်တွင် နေထိုင်ခဲ့ပြီး သမီးဖြစ်သူ စိတ်ရှုပ်နေမည်စိုးသောကြောင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့ရသည်။သို့ ပေမဲ့ ကံဆိုးမသွားရာမိုးလိုက်လို့ ရွာဆိုသကဲ့သို့  ဒေါ်ခင်ကြည်မှာ မြန်မာနိုင်ငံပြန်ရောက်ပြီး ၁၀လခန့် အကြာ ၁၉၈၈ မက်လကုန်ပိုင်းတွင် လေဖြတ်ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပါတော့သည်။ထိုသတင်းကြားသောကြောင့်သာ ဒေါ်ညုကြည်မှာ မိခင်၏နောက်ဆုံးအချိန်ဖြစ်လေသည်ကို တွေးမိပြီး ရန်ကုန်သို့  ရောက်ရှိလာခဲ့ရပါတော့သည်။ဒေါ်ညု၏အကိုဖြစ်သူအမေရိကန်တွင်နေထိုင်အလုပ်လုပ်နေသော အောင်ဆန်းဦးလဲ ၁၀ရက်ခန့်  မကောင်းတတ်၍ လာတွေ့ ခဲ့ပါသည်။ယင်းသို့ ရောက်ရှိလာစဉ်အတွင်း ကျောင်းသားလူဆိုးများ၏ မင်းမဲ့စရိုက်ဆန်ဆန် ဆန္ဒပြမှုများကြောင့် ဒေါ်စုကြည်မှာဆန္ဒပြပွဲများနှင့်ထိပ်တိုက်တိုးခဲ့ရလေသည်။ဤတွင် နိုင်ငံရေးအမြက်ထုတ်လိုသူ များမှာဒေါ်စုကြည်ကို အသုံးချပြီးနိုင်ငံ့အာဏာကို ရယူရန်ကြိုးစားကြပါတော့သည်။မြန်မာ့နိုင်ငံရေးအကြောင်းစိတ်လဲမဝင်စား တစ်ခါမှလဲမလေ့လာဖူးသောဒေါ်စုကြည်အနေဖြင့် ချောလဲရောထိုင်ဆိုသလို မြန်မာနိုင်ငံသားတို့ ၏အားနည်းချက်ဖြစ်သော ပုဂ္ဂိုလ်စွဲ ဝါဒစွဲ များကို အသုံးချကာ မြန်မာ့နိုင်ငံရေးတွင်ဝင်ရောက်ဆွတ်ဖတ်ရန် စတင် အားထုတ်ပါတော့သည်။

ဆက်လက်ဖော်ပြပါမည်

03 September 2011

ဒေါ်လာစားတော့ဒေါ်လာစား...ဒါပေမဲ့ ဒေါ်လာတောင်းစား

မြန်မာနိုင်ငံအပါအ၀င် ပြည်ပသို့ထွက်ရောက်၍ မိမိတို့ဘ၀ရပ်တည်ရေးအတွက် သမ္မာအာဇီဝဖြင့်  အလုပ်လုပ်ကြသူများတွင် မိမိတို့၏ လုပ်အားခအနေဖြင့် ဒေါ်လာစားကြရသူများ ပါဝင်ကြသည်။ ထိုသူတို့သည် မိမိတို့၏ကျွမ်းကျင်ရာ လုပ်ငန်းများတွင် အများကို မထိခိုက်စေဘဲ နိုင်ငံ၏ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေဘဲ ရရှိသော ချွေးနည်းစာ ဖြင့် ဘ၀ကိုရပ်တည်နေကြသည်။ သို့သော် တချို့သူများကား ထိုသို့မဟုတ် မိမိတွင်လည်း အစွမ်းအစမရှိ အရည်အချင်းမရှိ သမ္မာအာဇီဝဖြင့်လည်း ရှာဖွေမစားသောက်တတ် ကြပေ။ နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို နိမ့်ပါးအောင် ပြုလုပ် အကြောင်းကြောင်းအမျိုးမျိုးပြပြီး ကိုယ့်အမိမြေ မြန်မာပြည်အစိုးရကို ဘာလုပ်လုပ်ဘူးခံပြီး မကောင်းဘူးပြော၍ ဘူးတစ်လုံးဆောင်ကာ ပြည်ပ၏ထောက်ပံ့ငွေဒေါ်လာများကို စား၍ ဒေါ်လာတောင်းစားဘ၀ဖြင့် ဘ၀ကိုရပ်တည်နေကြသည်။တခါက မအောင်မမြင်အရှက်ကွဲခဲ့ရသော ဘူး လှုပ်ရှားမှုဆိုပြီးပင် အရှက်မရှိလုပ်ခဲ့ကြသေးသည်။

ထိုသို့သောသူများကား လွန်လေပြီးသော မင်းမဲ့စရိုက်ဆန်ဆန် ၈၈ ဆူပူသောင်းကျန်းမှုတွင် ပါဝင်ခဲ့ကြသော ၈၈ အမည်ခံကျောင်းသားဟောင်းဆိုသူများ၊ UNHCR (United Nations High Commissioner For Refugees)တွင်အကြောင်းအမျိုးမျိုးပြ မျက်ရည်ခံထိုးကာ သနားအောင် သရုပ်ဆာင်တတ် ကြသည့်ယောက်ကျား များအပါအ၀င် ပျိုပျိုအိုအို အရှက်အကြောက် မရှိကြဘဲ မိမိအရှက် မိမိခွဲ၍မြန်မာစစ်သားများကပဲ မိမိကိုနှမချင်းမစာမနာမုဒိမ်းကျင့်၊ သတ်ဖြတ်နေသယောင်ယောင် လိမ်လည်လှည့်ဖြားပြောဆို၍ ဒုက္ခသည် အမည် ခံနေကြသူများ၊  ပြည်ပမှ ထောက်ပံ့သော ငွေကြေးဖြင့် ရပ်တည်နေရသော မြန်မာပြည် အစိုးရမကောင်းကြောင်း နည်းမျိုးစုံအော် နေကြသည့်မီဒီယာဌာနများ တွင်လုပ်ကိုင်နေကြသည့် မျိုးချစ်မြန်မာများအမည်ခံဒုက္ခသည်များ၊ အင်တာနက်  ပေါပေါသီသီရတိုင်းအင်တာနက်ပေါ်တွင် တစ်ယောက်ရေးသောသတင်းကို ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ linkချိတ်ကူးယူဖော်ပြ၍ ဒေါ်လာတောင်းကောင်းအောင် ဟန်ဆောင်မျိုးချစ်ပြနေသူများ စသည်စသည်ဖြင့် ဒီမိုကရေစီဘမ်းပြ ဒေါ်လာ တောင်းစား နေကြသူများ ဖြစ်ကြသည်။ တခါတခါအချင်းချင်း အဝေမတည့်၍ဟိုးလေး တကျော်ကျော် လူသိရှင်ကြားအရှက်ကွဲရသည့် အဖြစ်အပျက်များကိုလည်း သိကြပေလိမ့်မည်။ မိမိအကျိုးရဖို့ဆို နိုင်ငံနှင့်ဂုဏ်သိက္ခာကိုမငဲ့ကွက် အစိုးရဘာလုပ်လုပ် မကောင်းဘူးပြော ဘူး  တစ်လုံးဆောင်ကာ မည်သည့် အဖွဲ့အစည်းကများ ဒေါ်လာထောက်ပံ့မလဲဆိုသော မျှော်လင့်ချက်ဖြင့် လူ့အခွင့်အရေး ဘမ်းပြကာမျောက်ပြ ဆန်တောင်းသကဲ့သို့လုပ်နေကြသည်။ ဟန်ဆောင်မျိုးချစ်ပြနေကြသည်။ မကောင်းသတင်းလွှင့်နေကြသည်။

ထိုသူတို့သည်မြန်မာပြည်ကြီး မည်မျှတိုးတက်နေစေကာမူ၊ အေးချမ်းသာယာနေစေကာမူ မိမိတို့ဝမ်းဝဖို့အရေး မြန်မာပြည်ကြီးကပင်  ကမ္ဘာ့အလယ် မအေးချမ်း သယောင်ယောင်၊ မတိုးတက်နေ သယောင်ယောင်ဝါဒဖြန့် ပြည်ပအကူအညီ တောင်းနေကြအုံးမှာပင်။ မြန်မာပြည်သူများ အေးအေးချမ်းချမ်းဖြင့် ရှာဖွေလုပ်ကိုင် စားသောက်နေချိန်တွင် ထိုဒေါ်လာတောင်းစားတို့မှာ ပြည်ပမှမည်ကဲ့သို့ လက်ဖြန့် ဒေါ်လာတောင်းရမလဲ ဟူ၍သာ တွေးတောနေကြသည်။ ထိုကဲ့သို့ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအား ကမ္ဘာ့အလယ် အထင်အမြဲလွဲအောင်၊ အရှက်ရအောင်အမျိုးမျိုး ကြံဖန် အရှက်ခွဲနေကြသည့် ဒေါ်လာတောင်းစားများကို အစစ်အမှန်မျိုး ချစ်မြန်မာပြည်သူများ ကိုယ်စားရွှေမြန်မာမှ မထောက်ခံ မအားပေးဘဲ ပြင်းပြင်းထန်ထန် ရှုံ့ချ ပါကြောင်းဖော်ပြလိုက်ရပေသည်။

ရွှေမြန်မာ  မှကူးယူဖော်ပြပါသည်။

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons