လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

31 May 2011

ဝေဖန်ရေးနှင့် မူကိစ္စ လူကိစ္စ လူထုစိန်ဝင်း

''ဝေဖန်ရေး''နဲ့ ပတ်သက်ပြီး လူငယ်တွေ မကြာခဏ လာရောက် ဆွေးနွေးကြတယ်။ တချို့က စာပေ ဝေဖန်ရေး အကြောင်း သက်သက် ပြောဆိုတတ်ပြီး တချို့ လူငယ်တွေက ဝါဒရေးရာ ဝေဖန်ရေးများနဲ့ ပတ်သက်ပြီး ဆွေးနွေးတတ်ကြတယ်။ သူများကို ဝေဖန်ရင် ကြိုဆိုတယ် အဲဒီလို ဆွေးနွေးရင်းနဲ့ မူကို ဝေဖန်တာ မဟုတ်ဘဲပုဂ္ဂိုလ်ရေး သဘောလူလို ဝေဖန်တဲ့ကိစ္စဘက်ကို အမြဲလိုလို ရောက်သွားလေ့ရှိတယ်။ ဝေဖန်ရေးနဲ့ ပတ်သက်ရင် လူတိုင်း ပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းရှိတယ်။ ''ဝေဖန်ရေးဆိုတာမရှိ မဖြစ် လိုအပ်တဲ့အရာဖြစ်တယ်'' အားပေးရ မယ်၊ ကြိုဆိုရမယ်''ဆိုတာပဲ။ ဒါပေမဲ့ သူများကိုဝေဖန်တာကို ကြို ဆိုပေမယ့် ကိုယ့်ကိုဝေဖန်ရင်တော့ ကြိုဆိုနိုင်သူ တော်တော်ရှားပါတယ်။ ''ဒါဝေဖန်တာမဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာပဲ''လို့ စိတ် ဆိုးမာန်ဆိုး တုံ့ပြန်ကြတာသာများ တာကိုတွေ့ရတယ်။ တချို့က ဆတ် ဆတ်ထိမခံပြန်ပြီးချေပတယ်။ တချို့ က ပြန်မချေပဘဲနေပေမယ့် ရင်ထဲ မှာ တော့အောင့်သက်သက်နဲ့ မကျေ မနပ်ဖြစ်နေတတ်တယ်။ တချို့ကျ တော့လူရှေ့သူရှေ့မှာ ဟန်ဆောင် ပြုံးနေပြီး စိတ်ထဲကကြိတ်ဒေါသ ထွက်နေတယ်။ လိပ်ပြာသန့်သူမှ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စွဲမြဲခိုင်မာစွာယုံကြည်မှုရှိပြီး ကိုယ်တိုင် လိပ်ပြာသန့်သူ တချို့တလေသာ ဘယ်လို ဝေဖန်မှုမျိုးကိုမဆို ဝမ်းသာ ခြင်း၊ ဝမ်းနည်းခြင်း၊ ကျေနပ်ခြင်း၊ မကျေနပ်ခြင်း၊ စိတ်ဆိုးဒေါသ ထွက် ခြင်းစတဲ့ တဒင်္ဂစိတ်လှုပ်ရှားမှု မျိုး တွေလုံးဝမရှိဘဲ ဥပေက္ခာပြုထား နိုင် စွမ်းရှိကြတယ်။ ဒီလိုလူမျိုးက တော် တော်ရှားတယ်။ ဒါကြောင့် တချို့ တလေလို့ ဆိုခဲ့တာဖြစ်တယ်။ စိတ် ဓာတ်နဲ့အတွေးအခေါ် အများကြီး ရင့်ကျက်နေသူများမှသာ စိတ်လှုပ် ရှားမှုမရှိဘဲ ဥပေက္ခာတရား လက် ကိုင်ထားနိုင်တာဖြစ်တယ်။ မူနဲ့လူခွဲဖို့မလွယ် အများစုကတော့ နည်းနည်း လေးဖြစ်ဖြစ် စိတ်ဆိုးသွားတတ် တယ်။ စိတ်မဆိုးတောင် ''ကျွဲမြီးတို တယ်''ဆိုတာလောက် တော့ဖြစ်သွား ကြတယ်။ အဲဒီအခါပုဂ္ဂိုလ် ရေးတိုက် ခိုက်တာပဲ''လို့ပြောမြဲဖြစ်တယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလို့ ဘာကြောင့် ပြောသလဲဆိုတော့ ပညာတတ် လောကမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု ဟာ အောက်တန်းကျတဲ့လုပ်ရပ် အဖြစ်ရှုမြင်ကြလို့ဖြစ်တယ်။ ဒါပေမယ့် လို့ ခက်တာကစာပေမှာပဲဖြစ်ဖြစ် နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ မူနဲ့လူကိုခွဲခြား ကြည့်မြင်ဖို့ဆိုတာ အင်မတန်မလွယ် တဲ့ကိစ္စဖြစ်တယ်။ သမ္မတရေဂန် လက်ထက်က ကာတွန်းဆရာတွေ သူ့ပုံကိုဆွဲရင်ကောင်း ဘွိုင်ဦးထုပ်ကြီး နဲ့ မြင်းစီးပြီးလက်ထဲက သေနတ် ဝှေ့ယမ်းနေတဲ့ပုံကိုဆွဲကြမြဲဖြစ်တယ်။ သူက ကောင်းဘွိုင်မင်းသားကနေ သမ္မတဖြစ်လာခဲ့တာကိုး။ မချိသွားဖြဲနေရ သူ့ကိုကောင်းဘွိုင်သမ္မတလို့ခေါ်တဲ့ အတွက်ရေဂန်က ဘယ်လိုမှမတုံ့ပြန် ခဲ့ပါဘူး။ သူ့လိုလူအများနဲ့ ဆက်စပ် ပတ်သက်နေရသူ Public Figure များကို လူတွေကစိတ်ဝင်စားမှုကြီး မားလွန်းတာကြောင့် ပုဂ္ဂိုလ်ရေးနဲ့ အများအရေးဆိုပြီးခွဲခြားဖို့ ဘယ်လို မှမဖြစ်နိုင်ဘူးဆိုတာကိုကောင်းကောင်း သဘောပေါက်နားလည်ထားလို့ မတုံ့ ပြန်တာပါ။ ''သူလည်းလေလောကီ သားပေမို့'' ဆိုသလိုကျွဲမြီးတိုတာ လောက်တော့ ရှိကောင်းရှိနိုင်တာပေါ့။ ဒါပေမဲ့ 'မချိသွားဖြဲ'ဆိုသလိုဟန်လုပ် ပြီးပြုံးနေရုံကလွဲပြီး ဘာမှမတတ် နိုင်ပါဘူး။ ဘယ်သူမပြုမိမိမှု ''ထင်ပေါ်ကျော်ကြားမှု''ဟာချိုမြိန် ပါတယ်။ ဒါပေမဲ့ပေးရတဲ့ တန်ဖိုး ကလည်းကြီးပါတယ်။ လူသား တစ်ယောက်ရဲ့ဘဝမှာ တန်ဖိုးအရှိဆုံး ဖြစ်တဲ့ ''ပုဂ္ဂလိကလွတ်လပ်ခွင့်''ကို ပေးလိုက်ရခြင်းဖြစ်တယ်။ ဒါဟာ ''ဘယ်သူမပြုမိမိမှု''ဆိုတဲ့ စကားလို ကိုယ်တိုင်ရွေးချယ် ဖန်တီးခဲ့တာဖြစ် လို့ပုဂ္ဂိလိက လွတ်လပ်ခွင့်ချိုးဖောက် ခံရတယ်ဆိုပြီး ဘယ်သူ့ကိုမှအပြစ်တင်လို့မရပါဘူး။ ရေဂန်သမ္မတရယ် လို့ ဖြစ်လာတာဟာ ပြည်သူလူထုက မဲပေးလို့ဖြစ်လာတာ မဟုတ်လား။ အလားတူပဲ ကောင်းဘွိုင်မင်းသား ရေဂန်လို့ဖြစ်တာလည်း ပြည်သူ လူထုကအားပေးကြလို့ပဲလေ။ ရေဂန် အတွက်တော့ ပြည်သူ့လူထုဟာ ကျေးဇူးရှင်ဖြစ်တယ်။ အဲဒီပြည်သူ တွေကတောင်းဆိုတာကို ရေဂန်မ ငြင်းနိုင်ဘူး။ လိုက်လျောဖြည့်ဆည်း ရမှာပဲ။ ဒါဟာ ပြည်သူလူထုကြောင့် တစ်ခု၊ တစ်ကောင်၊ တစ်ယောက် (Somebody) ဖြစ်လာသူမှန်သမျှ မလွဲမသွေထမ်းဆောင်ရမယ့် တာဝန် ဝတ္တရားဖြစ်တယ်။ ပတ္တမြားမှန်ရင် အရောင် မမှိန် ဝေဖန်ရေးမှာ မူနဲ့လူခွဲဖို့ခက်ပါ တယ်။ လူကြောင့်မှုဖြစ်လာရသလို လူကြောင့်ပဲ မှုပျက်သွားရပါတယ်။ အလားတူပဲမူကြောင့်လူကောင်းဖြစ်လာ နိုင်သလိုမူကြောင့်လည်း လူဆိုးဖြစ် သွားနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရလူကို အတိုက် အခိုက်မခံချင်ရင်ကောင်းဆုံး နည်းလမ်းက ကိုယ့်မှာဘာအစွန်း အထင်းအညစ်အကြေးမှ ကပ်ငြိမခံရ အောင်စောင့်စည်း နေထိုင်ဖို့ပါပဲ။ ကိုယ့်လိပ်ပြာက သန့်ရှင်း လှပနေရင် ဘယ်ပယောဂမှ ဝင်လို့မရပါဘူး။ နိုင်ငံရေးသမားတို့ စာပေအနုပညာ သမားတို့မီဒီယာသမားတို့ ပုဂ္ဂိုလ် ရေးအရ တိုက်ခိုက်ခံရတယ်ဆိုတာက တိုက်စရာ အကြောင်းတစ်ခုရှိနေလို့ သာပါ။ ပတ္တမြားမှန်ရင် နွံထဲဘယ် လောက်ဆွဲနှစ်နှစ်အ ရောင်မှိန်မသွား ပါဘူး။ မီးရှိမှမီးခိုးထွက်တယ် အရက်လုံးဝမသောက်သူကို မူး ပြီးရမ်းတယ်လို့ စွပ်စွဲလို့မရနိုင်သလို မိန်းမကိစ္စရှင်းသူ ကိုလည်းကြာခို တယ်လို့ စွပ်စွဲလို့ မရပါဘူး။ မီးရှိမှ မီးခိုးထွက်ပါတယ်။ မီးမရှိဘဲနဲ့ မီးခိုး မထွက်ပါဘူး။ အရေးကြီးတာက ကိုယ်တိုင်လိပ်ပြာသန့်ဖို့ပဲဖြစ်တယ်။ ပါးစပ်က လေကြီးမိုးကြီးတွေပြောပြီး လူကွယ်ရာကျတော့မှ မဟုတ်တာ တွေလုပ်နေသူများကတော့ ဝေဖန် ရေးဆိုတဲ့ အသံကြားရင်တီကိုဆားနဲ့ တို့သလိုတွန့်သွားမှာပါပဲ။ ဒါသဘာဝ ကျပါတယ်။ တီနဲ့ဆားဆိုတာ ဘယ် လိုမှဓာတ်မတည့်တဲ့ အရာနှစ်ခုမ ဟုတ်လား။ ငိုဘသမားနဲ့ ဝေဖန်ရေး ဆိုတာလည်းပြဒါးတစ်လမ်း သံတစ် လမ်းပဲလေ။ ဝေဖန်ရေးအောက်လမ်းဆရာတွေ ဝေဖန်ရေးအကြောင်းဆွေးနွေးတဲ့ လူငယ်တိုင်းကို ဝေဖန်ရေးဆိုတာ ကြောက်စရာမဟုတ်၊ ရွံစရာမဟုတ် တဲ့အကြောင်း အမြဲပြောရတယ်။ ဝေဖန်ခံရတဲ့အခါ စိတ်မဆိုးဖို့လည်း ရှင်းပြရတယ်။ တမင်သက်သက် ပွဲဆူအောင်လုပ်တဲ့ အောက်လမ်း ဆရာဝေဖန်ရေးသမားမရှိဘူးလို့တော့ မဆိုပါဘူး။ ခေတ်တိုင်းခေတ်တိုင်းမှာ တစ်ယောက်စနှစ်ယောက်စတော့ ရှိတတ်တာပါပဲ။ ဒါပေမယ့်ကိစ္စမရှိပါ ဘူး။ မြန်မာစာဖတ်ပရိသတ်က ရှင် ကြီးဝမ်းလည်းဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်း လည်းဝင်ခဲ့ဖူးသူတွေပါ။ ဘယ်သူ တွေဟာ ဘာရည်ရွယ်ချက်နဲ့လုပ် နေကြတယ်ဆိုတာ ကောင်းကောင်း သိကြပါတယ်။ ဝေဖန်ရေးအောက် လမ်းဆရာတွေကို ဥပေက္ခာရှုထား လိုက်ကြစမ်းပါ။
လူထုစိန်ဝင်း

0 comments:

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons