လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

27 March 2011

စောလားဘွယ် အဖွဲ့ မှတပ်ဖွဲ့ ဝင်များ အစိုးရထံသို့  ပြန်လည်ပူးပေါင်း


အစိုးရထံပြန်လည်ပူးပေါင်းလာကြသူများ
မ၀တီမြို့ကို နိုဝင်ဘာ ၇ ရက်နေ့က ပစ်ခတ် တိုက်ခိုက်ပြီး KNU အဖွဲ့နှင့် ပူးပေါင်း သွားခဲ့သည့် ဗိုလ်မှူးချုပ် စောလားဘွယ် အဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မြန်မာ အစိုးရ တပ်များ၏ ဖိအားပေး တိုက်ခိုက်မှုများကြောင့် ဗိုလ်မှူးချုပ် စောလားဘွယ် လက်အောက်တွင် ဆက်လက် နေထိုင်ရန် အခက် အခဲများ ဖြစ်ပေါ် နေပြီး အဖွဲ့လိုက် အဖွဲ့လိုက် နယ်ခြားစောင့် တပ်များနှင့် ပြန်လည် ပူးပေါင်းလျက် ရှိကြောင်း သိရှိရပါသည်။
အစိုးရတပ်များနှင့် လာရောက်ပူးပေါင်းခဲ့သည့် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွှေးအဖွဲ့မှ ဗိုလ်မှူးကြီး နိုင်လွင်၊ ချင်းလုံ၊ ဗိုလ်မှူးကြီး စောလားဒါးနှင့် တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူ နယ်မြေအတွင်း လှုပ်ရှားနေသော DKBA ဗဟိုလုံခြုံရေး တပ်ရင်း ၉၀၆ မှ ဗိုလ်မှူး မန်းသိန်း ဦးစီး (၁၅)ဦး လက်နက်မျိုးစုံ (၁၄) လက်နှင့်အတူ ဘုရားသုံးဆူ အစိုးရ တပ်စခန်းသို့ ဒီဇင်လာလ (၁)ရက်နေ့တွင် ရောက်ရှိ သွားပါသည်။ ဘုရားသုံးဆူမြို့ ကုန်သည်တစ်ဦးက ‘‘ဗိုလ်မှူးချုပ် နှုတ်ခမ်းမွှေး အဖွဲ့တွေ ပြန်ရောက် လာတာ သေချာတယ်၊ အခုပြန်လာတဲ့ အဖွဲ့တွေက အရင်တုန်းက အတင်းခေါ်သွား ခံရတယ်လို့ ပြောတယ်။ တောထဲမှာ စားရေးသောက်ရေး ခက်နေတယ်။ တချို့ KNU ခေါင်းဆောင်တွေ ကလည်း လက်မခံချင်လို့ ပြန်လာတာလို့ ပြောသံကြားတယ်’’ ဟု ချင်းမိုင်ဒေးလီးလ် သတင်း မီဒီယာ အဖွဲ့သို့ ပြောကြားခဲ့ပါသည်။ အလားတူ ဗိုလ်မှူးကြီး နိုင်လွင်နှင့် ဗိုလ်မှူးကြီး စောလားဒါး အဖွဲ့မှ အင်အား (၄၀) ကျော်လည်း မြ၀တီ အနီးရှိ နယ်ခြားစောင့် တပ်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ နှင့်အတူ ပြန်လည် ရောက်ရှိသွားကြောင်း သိရှိ ရပါသည်။
ဗိုလ်မှူးချုပ် စောလားဘွယ် အဖွဲ့ကို KNU အဖွဲ့မှ လိုအပ်သည့် ထောက်ပံ့ ကူညီမှုများ ပြုလုပ်ပေးနေ သော်လည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့ မယုံ သင်္ကာစိတ်များ ကြီးမားနေသဖြင့် ပူးပေါင်းရန် အခက်အခဲ ရှိနေကြောင်း၊ စစ်အစိုးရ တပ်များနှင့် တိုက်ပွဲ ဖြစ်ရာတွင် ဗိုလ်မှူးချုပ် စောလားဘွယ်၏ တပ်များက ရှေ့တန်းကျကျ တိုက်ခိုက် နေရကြောင်း၊ ဗိုလ်မှူးချုပ် စောလားဘွယ် အဖွဲ့များသည် ၁၉၉၅ ခုနှစ်ခန့်က KNUမှ ခွဲထွက် လာခဲ့ပြီး မြန်မာ အစိုးရ တပ်များ၏ ယုံကြည်မှု ရရှိအောင် DKBAတပ် အနေဖြင့် KNUကို ပြန်လည် တိုက်ခိုက် ရာတွင်လည်း မြန်မာ အစိုးရ တပ်များ၏ ရှေ့မှ တိုက်ခိုက် ခဲ့ရကြောင်း၊ ယခု ၂၀၁၀ ပြည့်နှစ်တွင် မြန်မာ အစိုးရကို ဆန့်ကျင်ပြီး KNU နှင့် ပြန်လည်ပူးပေါင်း ချိန်မှာ KNU အဖွဲ့မှ ယုံကြည်မှု ရရှိအောင် မြန်မာ အစိုးရ တပ်များကို ပြန်လည် တိုက်ခိုက်ရာတွင် KNU တပ်များ၏ ရှေ့မှ တိုက်ခိုက် နေရကြောင်း၊ ဒါ့ကြောင့် အဖိုး နှုတ်ခမ်းမွှေး အဖွဲ့ဟာ အခုလက်ရှိ အချိန်မှာတော့ မိတ်ဆွေမရှိဘဲ မြန်မာ အစိုးရ ကလည်း ရန်သူ၊ KNU ကလည်း မိတ်ဆွေစစ်စစ် မဟုတ်၊ ယခင်က သေအတူ ရှင်မကွာ ဖြစ်ခဲ့တဲ့ DKBA အသွင်ပြောင်း နယ်ခြားစောင့် တပ်ဖွဲ့နှင့်လည်း ပြန်လည် တိုက်ခိုက် ရတော့မှာ ဖြစ်လို့ တိုက်ပွဲတွေကို စိတ်ကုန်နေပြီး ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက် နေထိုင် သွားတော့မှာ ဖြစ်ကြောင်း မြန်မာ အစိုးရနှင့် ပြန်လည် ပူးပေါင်းသွားသည့် ဗိုလ်မှူးကြီး စောလားဒါး မှ ပြောကြားခဲ့ ပါသည်။
ပြန်လည် ပူးပေါင်းသွားသည့် အဖွဲ့များကို DKBA အဖွဲ့မှ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ရှေ့တွင် သစ္စာရေ သောက်ခိုင်း ကြောင်း သိရှိရ ပါသည်။

0 comments:

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons