လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

20 March 2011

နောက်တစ်ချီဖုံးတဲ့ ဒီတစ်လုံးမှာ ဂျပန်ဗေဒါ ပြန်ပေါ်မှာလား

ဂျပန်နိုင်ငံရှိ ငလျင်နှင့်ဆူနာမီကြောင့်ပျက်စီးသွားသည့် အိုဖူနာ တိုမြို့တွင် သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးကို မတ်လ ၁၅ ရက် နေ့ကတွေ့ရစဉ်။ မတ်လ ၁၁ ရက်နေ့ကဖြစ်ခဲ့သည့် ငလျင်နှင့် ဆူနာမီအပြီး 'ကန်'၊ ဗြိတိန်နှင့် တရုတ်နိုင်ငံတို့က ဂျပန်ကို အကူအညီများပေးလျက်ရှိသည်။ ဓာတ်ပုံ - အေအက်ဖ်ပီ
(အေအက်ဖ်ပီ)
ကိုကိုနှင့် တီအေ ဘာသာပြန်သည်။
အတွဲ ၂၆ ၊ အမှတ် ၅၁၀ (၁၈ - ၂၄ ၊ ၃ ၊ ၂၀၁၁)
ဆင်ဒိုင်း (ဂျပန်) - ပင်လယ်ထဲမှဒေါမာန်ကြွ၍ နိုးထလာသော ဆူနာမီ ရိုင်း၊ ဒီရေလှိုင်းကို လုပ်တိုင်း မခံ၊ တွန်း လှန်ထွက် ပြေးနိုင်ခဲ့ကြသော ဂျပန်နိုင်ငံ သားအချို့က ၎င်းတို့၏ သည်းထိတ်ရင်ဖိုအတွေ့အကြုံများ ပြန်ပြောင်း ပြောခဲ့ကြသည်။
သေကံမရောက်၍သက်မပျောက်ခဲ့ကြသူများတွင် မီကီအိုတိုမို၏ အစ်မ ဖြစ်သူလည်း တစ်ဦး အပါအ၀င်ဖြစ် သည်။ အထိအနာဆုံး ဖြစ်သော ဆင်ဒိုင်းမြို့အနီးတွင် နက်မှောင်သော လှိုင်းကြီးများနှင့်အတူ အိမ်ပျက် ကြီး များ၊ မော်တော်ကားများကြား၌ မျောပါ အသက်ဆုံးသွားကြသော ကံဆိုးသူများ၏ မြင်ကွင်းကိုမူ သူ၏ မျက်စိထဲမှ ထွက်တော့မည် မဟုတ်ချေ။
"အစ်မစီးလာတဲ့ ဘတ်စ်ကားရဲ့ နောက်က လှိုင်းလုံးကြီးတွေက လိုက် လာတယ်။ကားဒရိုင်ဘာက ကားကိုရပ်ပြီးအားလုံးကို ကားထဲက ဆင်း ပြီး ထွက်ပြေးကြဖို့ ပြောလိုက်တယ်။ အစ်မက လွတ်အောင်ပြေးလိုက် နိုင်ပေမယ့် တချို့ လွတ်အောင်မပြေးနိုင်လို့ လှိုင်းလုံးကြီးတွေရဲ့ ၀ါးမျို ခြင်းကိုခံခဲ့ ကြရရှာတယ်"
ဆယ်ကျော်သက်အရွယ် ကလေး သုံးယောက်၏မိခင် အိုတိုမိုကိုယ်တိုင် ကမူ ဒီလှိုင်းများလာစဉ်က ၎င်း၏ ကားထဲတွင်ရှိနေသည်။ ၎င်းဖခင် နှင့်ခွေးကို ကားထဲ အလျင်အမြန်ထည့်ကာ မောင်းထွက်ပြေးနိုင်ခဲ့သဖြင့် လှိုင်းဘေးမှ လွတ်မြောက်နိုင်ခဲ့သည်။ သူ၏ မိသားစုအားလုံး အသက်ဘေးမှလွတ်မြောက်ခဲ့ကြသော်လည်း ဆင်ဒိုင်းမြို့အနီးရှိ ၎င်း၏အိမ်မှာမူ ငလျင်ဘေးနှင့် ဆူနာမီလှိုင်းဘေး ကပ်ဘေးကြီးနှစ်ခုတွင် လုံးဝပျက်စီးသွားခဲ့ပြီ။
သောကြာနေ့က တုန်လှုပ်သွားသော ပြင်းအား ရစ်ခ်ျတာစကေး ၈ ဒသမ ၉ ရှိ ငလျင်ကြီးသည် ဂျပန်နိုင်ငံတွင် လှုပ် ခဲ့ဖူးသမျှ ငလျင် များတွင် အပြင်းထန်ဆုံး ဖြစ်ပြီး ၎င်းနှင့်အတူ ပေ ၃၀ ခန့်မြင့်မားသော ဒီရေလှိုင်းလုံးကြီးများကို လည်းဖြစ်ပေါ်စေခဲ့သည်။ ယခုအထိ သေဆုံးသူ ၁၀,၀၀၀ ကျော် သွားပြီဟု သိရှိရပြီး ထပ်တိုးလာ စရာအကြောင်း ရှိသည်ဟု သက်ဆိုင်ရာက ကြေညာ ထားသည်။ ယခု အခါ ဒုက္ခသည်များ အားနီးစပ်ရာစာသင်ကျောင်းများ နှင့် အားကစားရုံများတွင် နေရာချထားပြီး ရွှေ့ပြောင်းသယ်ယူနိုင်သော အိမ် သာ များကို စီစဉ်ပေးထားသည်။
ဂျပန်လူမျိုး သန်းပေါင်းများစွာသည် စားစရာရိက္ခာ မရှိ၊ သောက်စရာရေမရှိ၊ လျှပ်စစ်မီး လည်းမရှိဘဲ တနင်္လာနေ့ (မတ်လ ၁၄ ရက်) ကကြုံခဲ့ရသည်။ဂျပန်နိုင်ငံတွင်အင်အားပြင်းသည့် မြေငလျင်ကြီးလှုပ်သွားပြီး ဆူနာမီရေလှိုင်းကြီးများကြောင့် အိုးမဲ့အိမ်မဲ့ဘ၀ရောက် သွားသူများသည် သိန်းနှင့်ချီ၍ရှိသည်။
ကမ္ဘာတစ်ဝန်းလုံးမှ ရောက်ရှိလာသော ကယ်ဆယ်ရေးလုပ်သားများနှင့် ရှာဖွေ ရေးအဖွဲ့များသည် ဂျပန်စစ်သား ၁၀၀,၀၀၀ နှင့် ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို အပြင်းအထန်လုပ်ကိုင်နေကြသည်။ ငလျင်ကြီးလှုပ် ပြီးနောက် နောက်ဆက်တွဲငလျင် များ ဆက်လှုပ်နေ၍ မတည်မငြိမ်ဖြစ်နေသော ဂျပန်နိုင်ငံတွင် ဆူနာမီရေလှိုင်းကြီးများ ထပ်လာမည်ကို လန့်နေကြသည်။ တစ်ချိန် တည်းတွင် အပူချိန်သည်လည်း ကျဆင်းလျက်ရှိသည်။
လူများသည်ကြောက်လန့်ပြီး စိုးရိမ်ပူပန်မှုများစွာဖြင့် ၀ယ်ယူခဲ့မှုကြောင့်တစ်နိုင်ငံလုံးရှိ စတိုးဆိုင်များနှင့် ဓာတ်ဆီဆိုင်များတွင် ရောင်း စရာမရှိဖြစ်နေသည်။ အိုးအိမ်ပေါင်း ၂ ဒသမ၆ သန်းသည် လျှပ်စစ်မီးမရ၊ လူ ၃ ဒသမ၂ သန်းသည် ဓာတ်ငွေ့မရဖြစ်နေသည်။
ငလျင်ဒဏ်အကြီးအကျယ်ခံရသော ဆင်ဒိုင်းမြို့တွင် လူများသည် လိုအပ် သည့် ပစ္စည်းများဝယ်ရန်အတွက် စိတ် ရှည်ရှည်ဖြင့် တန်းစီ စောင့်ဆိုင်းနေရသည်။တယ်လီဖုန်းလိုင်းများလည်း ပြတ်တောက်နေပြီးဘေးဒုက္ခကျရောက်နေသည့်ဒေသတွင် တယ်လီဖုန်း အဆက် အသွယ် ရတစ်ချက် မရတစ် ချက်ဖြစ်နေသည်။
စူပါမားကက်တစ်ခုတွင် ပြုံးပြုံးရွှင် ရွှင်ဖြင့် ၀န်ထမ်းများသည် ကားရပ် ကွင်းတွင် ဈေးဆိုင်များ ခင်းကျင်းပြီး စားနပ်ရိက္ခာများ ရောင်းချ ပေးနေ သည်။ လူတစ်ဦးလျှင် ဂရိတ်ဖရုနှစ်လုံး၊ လိမ္မော်သီးနှစ်လုံး၊ အာလူးကြော်၊ချောကလက်ငါးထုပ်နှင့် တူနာငါး သေတ္တာနှစ်ဘူးစီ ရောင်းချပေးသည်။
လူဦးရေ ၁၆၅,၀၀၀ ရှိသော အီရှီ နိုမာကီမြို့တွင် လျှပ်စစ်ဓာတ်အားလည်းပြတ်တောက်နေပြီး ဆက်သွယ်ရေးလုပ်ငန်းများလည်း ပြတ်တောက်နေသည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းပျက်စီးသွား၍ ကယ်ဆယ်ရေး ထောက်ပံ့မှုများလည်း အထစ်ထစ်အငေါ့ငေါ့
ဖြစ်နေသည်။ မြို့တစ်ဝက်ကို ဆူနာမီရေလှိုင်းကြီးက ဖုံးလွှမ်းသွားသည်။
"ပထမဦးဆုံး ကျွန်တော်ပြောချင် တာကတော့ ကျွန်တော်တို့မှာ သောက်စရာရေမရှိဘူး။ ကျွန်တော်တို့မှာ စားစရာစားနပ်ရိက္ခာမရှိ ဘူး။ ဘာသတင်းမှလည်းမရဘူး"ဟု မြို့တော်ဝန်ဟီရိုရှီကာမီယာမာက အစိုးရအသံလွှင့်ဌာန အင်န်အိပ်ခ်ျကေကို ပြောကြားသည်။
အီရှီနိုမာကီမြို့တွင် လုပ်ကိုင်နေ သော အာရှ-ပစိဖိတ်ဒေသ ကြက်ခြေနီ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် ဖူလာက "အပျက်အစီး တောင်ပုံရာပုံ ကြီးအောက်ရောက်နေတဲ့ ပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ဖို့ကိစ္စက အချိန် နာရီနဲ့အပြိုင် အကြိတ်အနယ်လုပ်ဆောင် နေတယ်"ဟု ပြောကြားသည်။
"ကြက်ခြေနီဆေးရုံမှာအသုံးပြုဖို့ နေရာကွက်လပ်တောင်မကျန်ဘူး။ပင်ပန်းနွမ်းနယ်နေတဲ့ ကြက်ခြေနီ ဆေးဝန်ထမ်းတွေဟာ ဒဏ်ရာ ရတဲ့ လူတွေနဲ့ ဘေးချင်းယှဉ်ပြီးအိပ်နေရ တယ်"ဟုလည်း ဖူလာက ကြက်ခြေနီ ဘလော့တွင် ရေးသားဖော်ပြခဲ့သည်။
"ဒဏ်ရာရတဲ့လူတွေဟာ ဆေးဝါး အကူအညီရဖို့ လိုအပ်နေတုန်းပဲ။ ဒဏ်ရာရတဲ့လူတွေဟာ ခြေလျင်နဲ့ တစ်မျိုး၊ ရဟတ်ယာဉ်နဲ့တစ်ဖုံ၊ မိမိတို့ လုပ်ဖော်ကိုင်ဖက်များက တွဲလာ၍ တစ်မျိုး ဆေးရုံကို လာနေကြပါတယ်" ဟု လည်းဆိုသည်။
ဂျပန်နိုင်ငံတွင် ၁ ဒသမ ၄ သန်းထက်မနည်းသည့်ဦးရေသည် လောလောဆယ်ဘုံဘိုင်ရေမရဘဲ ပြတ်လပ်လျက်ရှိသည်။ လူဦးရေ ငါးသိန်းကျော်သည် ရွှေ့ပြောင်းခဲ့ရပြီး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေကြရသည်ဟုလူသားရေးရာညှိနှိုင်းရေး ကုလသမဂ္ဂရုံး
(အိုစီအိပ်ခ်ျအေ)က ပြောကြားသည်။
"အဓိကလိုအပ်ချက်ကတော့ စားနပ် ရိက္ခာ၊ သောက်သုံးရေ၊ စောင်၊ လောင် စာဆီနှင့် ဆေးဝါးတွေဖြစ်တယ်။ ဂျပန် အစိုးရနဲ့ ပုဂ္ဂလိက အခန်းကဏ္ဍက ချက်ချင်းတစ်နိုင်ငံလုံး လှုံ့ဆော်ကာ အဲဒီပစ္စည်းတွေကို ဘေးအန္တရာယ်ကျရောက်တဲ့ဒေသကို ပို့ပေးနေတယ်"လို့ အိုစီ
အိပ်ခ်ျအေအဖွဲ့က ပြောကြားသည်။
လျှပ်စစ်ဓာတ်အား ချွေတာသည့် အနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားကိုအလှည့်ကျပေးနေသည်။ နျူကလီးယားမှ လျှပ်စစ် ဓာတ်အား ထုတ်ယူမှုကို အကြီးအကျယ်မှီခိုနေရသော ဂျပန်နိုင်ငံသည် ဖူကူရှီမာမြို့ရှိ အဏုမြူဓာတ်ပေါင်းဖိုများပေါက်ကွဲပြီး အရည်
ပျော်ကျသွားမှာကို စိုးရိမ်နေရသည်။
တစ်ချိန်တည်းတွင် ရေနံချက်စက်ရုံလည်း မီးလောင်နေသည်။လျှပ်စစ်ဓာတ်အားနှင့် ဓာတ်ငွေ့ ထောက်ပံ့ရေး အခက်အခဲရှိသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။ ဂျပန် ဆောင်းရာသီကလည်း ညဘက်တွင် အပူချိန် သုညမှတ်အောက် ရောက်နေသည်။ လာမည့် ရက်များတွင်ဆီးနှင်းနှင့်မိုးကျနိုင်သည်ဟု ခန့်မှန်းထားသည်။
"နောက်ဆက်တွဲငလျင်တွေ၊ ဆူနာမီသတိပေးချက်နဲ့ မီးလောင်မှုတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုအဟန့်အတားဖြစ်စေတယ်။
"ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းရိုးတန်း နေရာဒေသ အတော်များများဟာ အဆက်မပြတ်ဖြစ်နေတယ်။ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ မရောက်သေးဘူး" ဟုလည်း အိုစီအိပ်ခ်ျအေကပြောသည်။ စစ်သားများသည် အပူပေးစက်များ၊ အရေးပေါ် စားသောက် စရာများ၊ စောင်များ၊ သောက်သုံးရေများကို ဝေငှပေးခဲ့သည်။ လူ ၁၀,၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်သည်။
ဒေသအတော်များများတွင် မြေပြိုမှုများဖြစ်ပြီး တံတားများ၊ ရထားလမ်း များကိုလည်း ရေတိုက်စားသွားသည်။ နိုင်ငံအရှေ့မြောက် ပိုင်းရှိ အဓိကအဝေးပြေးလမ်းမကြီး အားလုံးကိုလည်းပိတ်ထားသည်။ သို့သော်လည်း အရေး ပေါ်ခရီးသွားလာမှုကိုကား ခွင့်ပြုထား သည်ဟု ဂျပန်ကြက်ခြေနီအဖွဲ့မှပြော ကြားသည်။
"အပျက်အစီးဟာ ကြီးမားတယ်။ ဒါပေမယ့် ဂျပန်အာဏာပိုင်တွေရဲ့ အရေးတယူရှိမှုကလည်း လေးစား လောက်တယ်"ဟု ဂျပန်နိုင်ငံ ဆိုင်ရာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ညွှန်ကြားရေးမှူး အဲရစ် အွန်နက်က အေအက်ဖ်ပီကို ပြောသည်။

source:မြန်မာ့တိုင်းမ်

0 comments:

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons