လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

12 March 2011

ဒေါ်ညုငွေချေးစားပီ

2011-03-08
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရန်ကုန်တိုင်းအတွင်း ပျံကျဈေးသည်တွေကို အတိုးမဲ့ အသေးစား ငွေချေးပေးနေတဲ့ အစီအစဉ်ဟာ အောင်မြင်မှု ရနေတယ်လို့ သိရှိပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးချက်အရ ၊ ရန်ကုန်တိုင်း တာမွေမြို့နယ် ရာပြည့်ဈေးက ခေါင်းရွက်ဗျတ်ထိုး ဈေးသည် အယောက် ၅၀ ကို တယောက်အတွက် တလကို ကျပ် ၂ သောင်း ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တဲ့ ထောင်ထဲမှာ ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းရဲ့ အနှစ်နှစ်ဆယ်ပြည့် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးခဲ့တုန်းက အမျိုးသမီးတွေနဲ့ တွေ့ခဲ့ပြီး၊ သူတို့ရဲ့ နေ့စဉ်ဘဝ အခက်အခဲတွေ ကြားသိခဲ့ရလို့ ကူညီဖို့ စဉ်းစားခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် ဈေးသည်တွေကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ငွေချေးတဲ့အစီအစဉ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့တာပါ။ အခု တလကုန်လို့ ပြန်လည် သုံးသပ်တဲ့အခါ ငွေချေးတဲ့ ဈေးသည်တွေက အားလုံးကို ပြန်ဆပ်တာ တွေ့ရတယ်လို့ သိရပါတယ်။

အခြေအမြစ်မရှိသတင်းမှားများသာလွှင့်တတ်သော RFA
ဒါကြောင့် အခုနောက်ထပ် တလအတွက် ငွေထုတ်ချေးပေးနေပြီး၊ ဒီအစီအစဉ်ကို စုစုပေါင်း ၆ လ စမ်းသပ်မယ်လို့ ဆိုပါတယ်။ အောင်မြင်ရင် ဒီထက်ပို ပြီး နေရာ တော်တော်များများမှာ ချေးပေးနိုင်ဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။လက်ရှိစမ်းသပ်ကာလဖြစ်သည့်အတွက် အတိုးမယူသေးကြောင်းနှင် မကြာမီစမ်းသပ်ကာလအောင်မြင်ခဲ့လျှင် တစ်သောင်းကို အတိုးနှစ်ထောင်ယူမည်ဟု ဒေါ်ညု၏ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ပြောဆိုခဲ့ပါသည်။

အောက်မှာClickကြည့်ပါ

http://www.rfa.org/burmese/news/micro_loan_program_successfull-03082011141620.html

0 comments:

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons