လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

10 October 2011

NLDမှတ်ပုံတင်ရေးအတွက် ဘူးလှုပ်ရှားမှုကိုဆန့် ကျင်နိုင်

ဒေါ်လာစားတို့ ဘူးလှုပ်ရှားမှု ပြုလုပ်နေကြစဉ်
ကမ္ဘာကျော်ဒေါ်လာစားတို့ ၏ ဘူးလှုပ်ရှားမှု

ဘူးအမှတ်တရ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှတ်ပုံတင်ရေးနှင့် ကြားဖြတ် ရွေးကောက်ပွဲဝင်ရေး ကိစ္စများနှင့် ပတ်သက်ပြီးတစုံတရာဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါသည်။
မြန်မာနိုင်ငံသို့ အစိုးရနှင့်တွေ့ ဆုံရန်ရောက်ရှိနေသော နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး Mr.EspenBarthEideသည်အချိန်အနည်းငယ်ပိုနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုတက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် အောက်တိုဘာလ ၈ရက်နေ့ကနာရီဝက်ခန့် သွားရောက်တွေ့ဆုံအပြီးသတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။NLD ပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်တော့မည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက်တိကျရေရာစွာသိရှိလိုကြောင်းသတင်းထောက်တဦးက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေကို ပြင်ဆင်နေတယ်ဆိုတာတွေ ကြားနေလို့ အဲဒီအပေါ်မှာ အခြေခံပြီး ဆွေးနွေးကြတာပါ။ ဥပဒေတောင်မှ ဘာမှ အတည်မပြုရသေးတာ ဘယ်လို ဆုံးဖြတ်ရမလဲ” ဟု ပြောသည်။

       ဤပြောကြားချက်နှင့်ပါတ်သတ်၍ ဝါရင့် NLD ခေါင်းဆောင် တစ်ဦးကမူ ဒေါ်စုအနေဖြင့် မှတ်ပုံပြန်တင်ရန်အတွက်စိတ်အားထက်သန်နေသော်လဲချက်ချင်းကြီးမှတ်ပုံတင်ပါက ပြည်ပရောက်ဒေါ်လာစားအတိုက်အခံများကိုအရူးလုပ်သလိုဖြစ်နေမည်ဆိုးသောကြောင့်အက်တင်ခံနေခြင်းသာဖြစ်ကြောင်း ပြောကြားသွားသည်။ အဘယ်ကြောင့်ဆိုသော် NLDသည် ၂၀၀၈ ဥပဒေကို ပြတ်ပြတ်သားသားဆန့် ကျင်ခဲ့သောကြောင့် ယခု ကြားဖျက်ရွေးကောက်ပွဲဝင်ရန်မှတ်ပုံပြန်တင်ပါကနဂိုကတည်းကသိက္ခာမရှိတော့သည့်NLD၏သိက္ခာလဲဖွတ်ဖွတ်ညက်ညက် ကြေသွားနိုင်ကြောင်း၎င်းဝါရင့်နိုင်ငံရေးသမားမှ ပြောဆိုသတိပေးခဲ့ပါသည်။NLDသည်၂၀၁၀ရွေးကောက်ပွဲမဝင်ရေးအတွက်ဘူးလှုပ်ရှားမှုကိုလဲကမ္ဘာသိ ပြုလုပ်ခဲ့သောကြောင့်မှတ်ပုံလုံးဝမတင်သင့်ပါဘူးဟု ဝါရင့်နိုင်ငံရေးသမားကြီးမှပြောကြားခဲ့ပါသည်။

၂၀၀၈ဥပဒေကိုလက်မခံဘူး
ပါတီမှတ်ပုံမတင်ဘူး
ရွေးကောက်ပွဲမဝင်ဘူး


စသည်ဖြင့် တိုင်းသိပြည်သိ ကမ္ဘာသိ ဘူးလှုပ်ရှားမှုကိုဆင်နွဲခဲ့ကြသောကြောင့် ယခုအချိန်မှတ်ပုံပြန်တင်ပါက အန်အယ်ဒီအနေဖြင့် ပြည်သူလူထု၏ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်ခြင်းသာဖြစ်ပြီး မည်သို့ မျှယုံကြည်ဖွယ်ရာမရှိသော အဖွဲ့ အစည်းတစ်ရပ်သာဖြစ်လိမ့်မည်။ဤသို့  အမျိုးမျိုးအခုပဲထောက်ခံ ခုပဲကန့် ကွက် ကလေးကစားကွက်များမပြုလုပ်သင့်ကြောင်းလဲပြောကြားလိုက်သည်။နိုင်ငံရေးလေ့လာသူတစ်ဦးကမူ ဤသည်မှာဒေါ်စုကြည်၏နိုင်ငံရေးကစားကွက်လဲဖြစ်နိုင်ကြောင်း ထင်မြင်ချက်ပေးခဲ့ပါသည်။ ပြည်သူ့ ချဉ်ဖတ် သတင်းစာဆရာဟောင်း ဦးဝင်းတင်ကမူ

အများစု မှတ်ပုံတင်ရေးအတွက် ထောက်ခံမယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီလို ဆိုရင်တော့ ကျနော် နားတော့မယ်။ ကျနော့် ကျန်းမာရေးလည်း သိပ်ကောင်းတော့တာ မဟုတ်ဘူး” ဟု 
ပြောကြားလိုက်ပါသည်။''
ဤပြောကြားချက်နှင့်ပါတ်သတ်ပြီး GWအဖွဲ့ မှ လူငယ်တစ်ဦးမှာ ဦးဝင်းတင်ဆိုတာ အသက်ကြီးပြီး ဘာမှအချိန်မစီးတဲ့လူ သူမရှိတာပိုကောင်းပါတယ်ရှိလဲဘာမှအဖြစ်ရှိအောင်လုပ်နိုင်တာမဟုတ်ဘူး အခုဆို နိုင်ငံတော်ကလဲ ပြောင်းလဲသင့်သလောက်ပြောင်းလဲလာပြီ သူတို့ မပါလဲ နိုင်ငံတော်က ချမှတ်တဲ့အတိုင်းကျွန်တော်တို့ လက်ခံလို့ ရနေပြီဟု ပြင်းပြင်းထန်ထန်ဝေဖန်သွားပါသည်။အရင်တစ်ခေါက်ကလဲ ပါတီမှတ်ပုံတင်ရေးကို နှောက်ယှက်လို့ ပါတီနှစ်ခြမ်းကွဲခဲ့ပြီးပြီဒီတစ်ခါနှောက်ယှက်ရင်တော့ဦးဝင်းတင်ကို ပြင်းပြင်းထန်ထန်ဆန့် ကျင်ရမည်ဟုလည်း၎င်းလူငယ်မှ ပြောကြားလိုက်သည်။

အမေရိကားရောက် အတိုက်အခံ တစ်ဦးကမူ ဒေါ်အောင်ဆန်းစုကြည်သည် မှတ်ပုံတင်ရေးအတွက် ၂၀၀၈ဥပဒေကိုလက်ခံမည်ဆိုလျှင် ပြည်ပရောက်အတိုက်အခံများကို ခွေးဖြစ်အောင်လုပ်သည်နှင့်မခြားဟု ပြောဆိုခဲ့ပါသည်။
မည်သို့ ပင်ဆိုစေကာမူ ဒေါ်စုအနေဖြင့်အာဏာကိုအငမ်းမရလိုချင်နေသောကြောင့်ပြည်ပရောက်များကိုဂရုမစိုက်ပဲ ၂၀၀၈ဥပဒေကိုလက်ခံလိမ့်မည်ထင်ပါတယ်ဟု၎င်း၏အထင်ကို ပြောကြားခဲ့ပါသည်။ဘယ်လိုပဲဖြစ်ဖြစ် NLDအနေဖြင့်၂၀၁၀အတွင်းလှုပ်ရှားခဲ့သောဘူးလှုပ်ရှားမှုအား၂၀၁၁တွင်ဆန့် ကျင်မှူမပြုလုပ်သင့်ကြောင်း ဝါရင့်စာရေးဆရာတစ်ဦးမှပြောကြားလိုက်ပါသည်။တရားဝင်နိုင်ငံရေးပါတီတစ်ခုကမူ အန်အယ်လ်ဒီအနေဖြင့် မှတ်ပုံပြန်တင်မည်ဆိုပါက အောက်ပါအချက်များကိုမလွဲမသွေ လိုက်နာရမည်ဖြစ်ကြောင်းနှင့်မလိုက်နာပါက ပြင်းပြင်းထန်ထန်ကန့် ကွက်ကြောင်းကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

NLD ဟာ ပါတီမှတ်ပုံပြန်တင်မယ်ဆိုရင်တော့အောက်ပါအချက်များကိုမလွဲမသွေလုပ်ဆောင်ရပါလိမ့်မယ်


၁။ တစ်ချိန်က မှတ်ပုံမတင်ခဲ့တာ မှားယွင်းကြောင်း ပြည်သူတွေနဲ့ အခြားမှတ်ပုံတင်ခဲ့တဲ့ ပါတီများကိုဝန်ချတောင်းပန်ပါ။

၂။ မှတ်ပုံမတင်ဖို့ရဲရဲတောက် တင်ပြခဲ့ကြတဲ
့ NLD ခေါင်းဆောင် များကို ပါတီဦးဆောင်မှုမှ ထုတ်ပယ်ပါ။

၃။ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဒီမိုကရေစီအရေးကြိုးပမ်းသူတွေကို မဲမထဲ့ဖို့ လှုံ့ဆော်ခဲ့တာ မှားယွင်းတဲ့မူဝါဒ ဖြစ်ခဲ့ကြောင်း ၀န်ခံပါ။

၎။ ကြားဖြတ်ရွေးကောက်ပွဲ ၀င်မဲ့ ဒီမိုကရေစီအရေးကြိုးပမ်းတဲ့ နိုင်ငံရေးပါတီတွေကို မဲထဲ့ကြဖို့ ပြည်သူများကို မေတ္တာရပ်ခံပါ။

၅။ လာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ လုံးဝ ၀င်မပါပါနဲ.။

၆။ ပြည်ပရင်းနှီးမြုပ်နှံမှုများပြန်လည် ၀င်ရောက်လာစေဖို့ နိုင်ငံတကာကို ဖိတ်ခေါ်ပါ။

၇။ NLD ကိုပြန်လည်မှတ်ပုံတင်တာထက် ၂၀၁၀ မှာ မှတ်ပုံတင်ခဲ့တဲ့ နိုင်ငံရေးပါတီကကိုယ်စားလှယ်တွေ ကိုပါဝင်စေပြီး အမျိုးသားကွန်ဂရက် သဘောသက်ဝင်တဲ့ နိုင်ငံရေးပါတီတစ်ရပ်ကိုတည်ထောင်ပါ။ (ပါတီငယ်တွေကို ဖြည်းဖြည်းခြင်း ဖျက်ပေါင်းပေါင်း စေဖို့ခွင့်ပြုနိုင်ရမှာဖြစ်ပါတယ်။)

၈။ ၂၀၁၅ ရွေးကောက်ပွဲကို မျိုးဆက်သစ်များနဲ့ယှဉ်ပြိုင်ပါ။

၉။ လမ်းပေါ်ထွက် နိုင်ငံရေးကိုတတ်နိုင်သမျှရှောင်ရှားဖို့ မျိုးဆက်သစ်များကို ဆွေးနွေးပါ။
ဖိုးကျော်

0 comments:

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons