လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

12 October 2011

ဒေါ်ညု ဆာဒူး ကတုံးနှင့် ဦးသိန်းစိန်အကြောင်း တစေ့တစောင်း

အပြောမဟုတ်အလုပ်ဖြင့်သက်သေပြကာ ဒေါ်လာစားတို့ ပါးစပ်ပေါက်အားတစ်ဆင့်ခြင်းပိတ်နေသော သမ္မတဦးသိန်းစိန်
ယနေ့သည် မြန်မာသက္ကရာဇ်(၁၃၇၃)ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်ပါတယ်။မြန်မာပြည်သူတို့ ရဲ့  နေ့ ထူးနေ့ မြက်တခု မှာနိုင်ငံတော်အစိုးရ အသစ်စက်စက် မှ ကောင်းမှူကုသိုလ်အဖြစ် နိုင်ငံတော်သမ္မတရုံးမှ အမိန်အမှတ် ၄၉/၂၀၁၁ ကိုမနေ့ က ( ၁၁.၁၀ .၂၀၁၁)ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါသည် ။ထို့ ကြောင့် ယနေ့ ၁၂.၁၀.၁၀၁၁ (သီတင်းကျွတ်လပြည့်နေ့ )တွင်သမ္မတ၏ ကြေငြာချက်အရတည်ဆဲဥပဒေကိုဖောက်ဖျက်သဖြင့်အကျဉ်းကျခံနေရသော အကျဉ်းသားများအနက် အကျဉ်းသား (၆၃၅၉)ကို ဒီကနေ့  စတင်လွတ်ငြိမ်းချမ်းသာခွင့်ပေးလျက်ရှိပါသည်။

သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ကြေငြာချက်ဤနေရာတွင်ကလစ်ပြီးဖတ်ပါ။

သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လွတ်မည့်သူများကို မိသားစုများ ကြိုဆိုစဉ်
ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရသစ် လက်ထက်တွင် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦး၏ ပြစ်ဒဏ်များကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲ သက်သာခွင့် ပေးခဲ့သည်။

ယင်းသို့ နိုင်ငံတော်အစိုးရ၏လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတစ်ကာခေါင်းဆောင်များမှ ကြိုဆို ကြပေမဲ့ ကျွန်တော်တို့ ၏ပြည်တွင်းမှ အာဝါဒါးအချို့ နှင့် ပြည်ပ အတိုက်အခံ ဒေါ်လာစား သတင်းဌာနတို့ မှာ အပြုသဘောမမြင်ကြပဲပြည်သူများထင်ယောင်ထင်မှားဖြစ်အောင်လုပ်ကြံသတင်းများ အစိုးရမုန်းတီးစေရန်အလို့ ငှာ ရေးသားလျက်ရှိကြောင်းတွေ့ ရပေသည်။
 
ထို့အတူယနေ့နံနက်၌၂၃နှစ်လုံးလုံးပြည်သူအတွက်ဘာအကျိုးတစ်ခုမှမပြုခဲ့သောအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလဲရန်ကုန် တော်ဝင်နှင်းဆီ၌အကျဉ်းသားဟောင်းများကန်တော့ပွဲဆိုပြီးခေါင်းစဉ်တတ်ကာ
မိမိသားသမီး ကပြားနှစ်ယောက်၏ကန်တော့မခံရ၍ ကန်တော့ခံလျက်ရှိကြောင်းကြားသိရပါသည်။

၎င်းပွဲ၌သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည်နှင့်အင်တာဗျူးရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ
“နိုင်ငံရေးအကျဉ်းသား တယောက်လွှတ်လည်း ကျေးဇူးတင်တယ်။ လောလောဆယ်သိထားတာ ၁၀၀ လောက်လွှတ်ပြီလို့ သိထား တယ်။ ဘာပဲပြောပြောလွှတ်တာ ကျေးဇူးတင်တယ်။ အားလုံးကို ဆက်လွှတ်ပေးရမယ်။ လွှတ်ပေးမယ်လို့လည်း မျှော်လင့်တယ် ဟု အပြုသဘော ပြောကြားခဲ့ပါသည်။

ခေါင်းထဲတွင် ဖျက်ဆီးရေးများသာအမြဲကြံစည်တတ်သော သာသနာဖျက်ကတုံး
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ တိုင်းသူပြည်သားများကို မဟုတ်မမှန်သတင်းများဖြင့် အစဉ်တစိုက် Brainwashedလုပ်ခဲ့သော သတင်းစာဆရာဦးဝင်းတင်ကမူ အကျဉ်းသားများလွှတ်ပေးမှုကို ကြိုဆိုသော်လည်း နိုင်ငံရေးအကျဉ်းသားများကို အခြားပြစ်မှုအကျဉ်းသားများနှင့်အတူ တစ်တန်းတည်းထား လွှတ်ပေးမှုကို ကျေနပ်မှုမရှိကြောင်း ပြောကြားသွားပါသည်။

ဤပြောကြားချက်ကို ကိုးကား၍ အန်အယ်ဒီမှ လူငယ်တစ်ဦးမှာ ကျွန်တော်တို့ တော့ NLDရဲ့ ဒီမိုကရေစီဆိုတာဘယ်လိုနားလည်ရမှန်းတောင်မသိတော့ပါဘူး။ဦးဝင်းတင်အနေနဲ့  ခုလိုစကားမျိုးဒီအချိန်မှာ ပြောသင့်ပါရဲ့လား ဒီမိုကရေစီစနစ်မှာ အားလုံးသာတူညီမျှအခွင့်အရေးရှိရမယ်။နိုင်ငံရေးအကျဉ်းသားနဲ့ အခြားပြစ်မှုကျူးလွန်သူတွေက လူတွေပဲမဟုတ်ဘူးလား ဘယ်သူတွေကို ဘယ်လိုပဲလွှတ်လွှတ် အပြုသဘောနဲ့  ကြိုဆိုသင့်ပါတယ် တစ်ကယ်တော့ သူတို့ လိုချင်တာ ဒီမိုကရေစီမဟုတ်ဘူး အာဏာဆိုတာ သက်သေပြလိုက်သလိုပါပဲ စသည်ဖြင့် ဝေဖန် အပြစ်တင်လိုက်ပါသည်။

ယနေ့ လွတ်မြောက်လာသူများထဲတွင် လူပြက်ဇာဂနာတစ်ယောက်လဲ ပါလာသည်ဖြစ်ရာ ELEVEN MEDIA GROUPမှ အင်တာဗျူးခဲ့ပါသည်။အပြည့်အစုံ ဒီနေရာမှာနှိပ်ဖတ်ပါ။
မေး- အခုလိုလွတ်လာပြီးတဲ့နောက် ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားတာရှိလဲ။
ဖြေ- ဘာမှတော့ မစဉ်းစာရသေးပါဘူး။ ကျွန်တော့်ညီတွေအတွက် သီချင်းတွေ၊ ပြက်လုံးတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လုပ်ရမယ့် အလုပ်တွေ မပြီးသေးဘူး။ နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်ရဦးမယ်။

ယင်းအင်တာဗျူးကိုကိုးကား၍ ပြည်ပရောက် အတိုက်အခံ တစ်ဦးမှာ ဇာကနာက ဘီလူးဆိုင်းတီးပြန်ပြီ။ ပြည်တွင်းအခြေအနေကို နဲနဲပါးပါးလေ့လာပြီးမှ ဒီလိုစကားမျိုးပြောသင့်တယ်။အစားကိုကုန်အောင်စား စကားကိုကုန်အောင်မပြောနဲ့  ကြမ်းကျွန်ရင် နှုတ်လို့ ရတယ် စကားကျွန်ရင်နှုတ်လို့ မရဘူး ခုတော့အပြုသဘောမဆောင်တဲ့အပြင် အဖျက်လုပ်ငန်းတွေပဲ ခေါင်းထဲမှာပြည့်နေတဲ့လူ။ဒီလူလွတ်လာတာနိုင်ငံနဲ့ ပြည်သူအတွက် ကောင်းတဲ့လွတ်ခြင်းရောဖြစ်နိုင်ပါ့မလား ဟု ဝေဖန်အပြစ်တင်သွားခဲ့ပါသည်။
ပြည်ပဒေါ်လာစား သတင်းလိမ်များလွှင့်တတ်တဲ့ ဧရာဝတီ သတင်းဌာန နှင့်အင်တာဗျူးတွင်

မေး။     ။ ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို လွတ်စေချင်တာလဲ၊ သူက နိုင်ငံရေးအကျဉ်းသားမို့လို့လား။
ဖြေ။     ။ ကျနော်က နိုင်ငံရေးအကျဉ်းသားလို့ မပြောပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား။
သူငယ်ပြန်နေသောအရူးကြီးကျော်သူ နှင့်ချိုမိုင်မိုင်အက

ဘိုးတော်လား ဆာဒူးကြီးလား ဝေဖန်ခံနေရသော သုဘရာဇာ မုတ်ဆိတ်ရိတ်အပြီးမြင်ရပုံ
ဤဖြေကြားချက်နှင့်ပါတ်သတ်ပြီး ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးက ဦးဝင်းတင်က ခုလေးတင် နိုင်ငံရေးအကျဉ်းသား တွေနဲ့  သာမာန်ပြစ်မှုကျူးလွန်သူတွေဆိုပြီးသုံးသွားတယ် ဇာကနာက နိုင်ငံရေးအကျဉ်းသားရှိလို့ လားဆိုပြီးပြောပြန်ပြီ။အစိုးရက မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားဆိုတာမရှိဘူး တည်ဆဲဥပဒေကိုဖောက်ဖျက်တဲ့ အကျဉ်းသားတွေပဲရှိတယ်လို့  ပြောတုန်းကလက်မခံ ခုမှ နိုင်ငံရေးအကျဉ်းသားရှိလို့ လားဆိုတော့ ဇာကနာ ဥနှောက် မှမှန်သေးရဲ့လား ထောင်ထဲမှာနေရတာများပြီး ဦးနှောက် ပုံမှန်မရှိတော့ဘူးထင်တယ် စသည်ဖြင့် သုံးသပ်လိုက်ပါသည်။
ဇာကနာနှင့် ဒေါ်လာစား သတင်းလိမ်လွှင့်ဧရာဝတီတို့ ဖုန်းဖြင့်အင်တာဗျူး နှိပ်ပြီးဖတ်ရန်  

အခြားဆက်စက်သတင်းများအရ ကြီးမှဝက်သက်ပေါက်ပြီး ဘိုးတော်ယောင်ယောင် ဆာဒူးကြီးယောင်ယောင် သုဘရာဇာ ဦးကျော်သူမှ ဆံပင်ညှပ်ရန် စိုင်းပြင်းလျက်ရှိပါသည်။
အတွင်းသိတစ်ဦး၏ပြောကြားချက်အရ ဦးကျော်သူမှာ ဆံပင်ကို နဂိုကတည်းက ညှပ်ချင်နေကြောင်း အဘယ်ကြောင့်ဆိုသော် ခုလိုဆံပင်ရှည်မုတ်ဆိတ်ရှည်ကြီးနှင့် လမ်းထွက်ရာတွင် နောင်လာနောင်သားကလေးငယ်များမှ အရူးကြီးဟုနောက်ပြောင်တတ်ကြခြင်းအပြင် သူ၏အနုပညာ အပေါင်းအသင်းများမှာလဲ အနားသို့ ပင်အကတ်မခံတော့သောကြောင့် ဖြစ်သည်။သို့ ရာတွင် ချက်ချင်းညှပ်လိုက်ပါက သူ့ အားမြောက်ပင့်ပြောဆိုထားသောပြည်ပ ဒေါ်လာစားအတိုက်အခံများမှ အထင်အမြင်သေးသွားမည်ဆိုးသောကြောင့် မချစ်သော်လဲအောင့်ခါနမ်းကာဤဆံပင်ရှည်ကြီးကို ထားရခြင်းသာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ယခင်ဧရာဝတီရေကာတာ တည်ဆောက်မှုကို ပြည်သူ့ ဆန္ဒဖြင့် သမ္မတမှရပ်ဆိုင်းခဲ့သောကြောင့် မုတ်ဆိတ်ရိတ်ခဲ့သည်မှာမှန်ပေမဲ့ ဦးကျော်သူမှ တိုက်ဆိုင်မှုတစ်ခုသာဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါသည်။ထို့ အပြင်နိုင်ငံရေးအကျဉ်းသားများလွှတ်လျှင်လဲဆံပင်ပါညှပ်မည်ဟုမကြာသေးခင်ကပြောခဲ့သောကြောင့် ယနေ့ ဆံပင်ညှပ်ဖွယ်ရှိကြောင်း သို့ ရာတွင်တိုက်ဆိုင်မှုတစ်ခုဟု ပြန်လည်ပြောကြားဦးမည်လော စသည်ဖြင့် သို့ လောသို့ လောဖြစ်နေကြောင်း သတင်းများထွက်နေပါသည်။

ရရှိသောသတင်းများအားအချိန်နှင့်တပြေးညီတည်း ဖော်ပြသွားပါမည်။

ဆက်စပ်သတင်းများဒီမှာနှိပ်ပြီးဖတ်ပါ


ပုံ/အတိုက်အခံတို့ ရဲ့ အတိုက်အခံ ဖိုးကျော်

0 comments:

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons