လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

21 October 2011

KIA က အယ်ဂျားဇီးယားသတင်းဌာနနှင့်ပူးပေါင်း၍ လုပ်ကြံသတင်းများထုတ်လွှင့်ရန်စီစဉ်နေဟုဆို

KIA က အယ်ဂျားဇီးယားသတင်းဌာနနှင့်ပူးပေါင်း၍ လုပ်ကြံသတင်းများထုတ်လွှင့်ရန်စီစဉ်နေဟုဆို: သတင်းထောက် Abderrahim Foukara အယ်ဂျားဇီးယားသတင်းဌာနမှသတင်းထောက် Gabriel Elizondo နှင့် Abderrahim Foukara တို့ဟာ ရွှေလီမြို့ မှတစ်ဆင့် KIA ဗဟိုဌာနချုပ်လိုင်ဇာမြို့တွင် ရောက်ရှိနေကြောင်း ကချင်နေ့စဉ်သတင်း ၏ အင်တာနက်စာမျက်နှာတွင်ဖေါ်ပြထားချက်အရသိရှိရပါသည် ။ သတင်းထောက် Gabriel Elizondo မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ KIA ဖြစ်နေသောတိုက်ပွဲများကြောင့် ကချင်လူထုမှာ တော်တော်လေး ဒုက္ခရောက်နေတဲ့အကြောင်းနဲ့ လက်ရှိတိုက်ပွဲများကြောင့်တရုတ်မြန်မာနယ်စပ်က ဒုက္ခသည်တွေဟာ ဆင်းရဲကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတဲ့ ပုံစုံမျိုးဖန်တီးရိုက်ကူးပြီးအယ်ဂျားဇီးယားသတင်းဌာနမှာ ထုတ်လွှင့်သွားမမှာဖြစိကြောင်း အဆိုပါသတင်းမှာဖေါ်ပြထားပါတယ် ။ အဓိကကတော့ KIA က ဒုက္ခသည်တွေအကြောင်းပြပြီးနိုင်ငံတကာမှ...

19 October 2011

ဒေါ်အောင်ဆန်းစုကြည်လိုမျိုး လူမျိုးခြားကို အထင်ကြီး လက်ထပ်မိလို့ မြန်မာအမျိုးသမီးငယ်တစ်ဦး ဘဝပျက်ရပြန် (ပေးစာ - ၃၅)

ဒေါ်အောင်ဆန်းစုကြည်လိုမျိုး လူမျိုးခြားကို အထင်ကြီး လက်ထပ်မိလို့ မြန်မာအမျိုးသမီးငယ်တစ်ဦး ဘဝပျက်ရပြန် (ပေးစာ - ၃၅): ဖြစ်ရပ်မှန် (၁)ဒီအဖြစ်အပျက်လေးက အညာမြို့လေးတစ်မြို့မှာ တကယ်ဖြစ်ပျက် ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။တိတိကျကျပြောရရင် မုံရွာမြို့နယ်၊ အလုံမြို့လေးမှာဖြစ်ပါတယ်။ ဒီမြို့လေးဟာ ဘိုးတော်ဘုရား အိမ်နိမ့်စံဘ၀က ပဒုံဟူသောအမည်နဲ့ မြို့တည်ပြီးစိုးစံခဲ့တာကြောင့် သမိုင်းကြောင်းအရာလည်း ထင်ရှားခဲ့ပါတယ်။အလုံမြို့လေးဟာ ချင်းတွင်းမြစ်ကမ်းနဖူးမှာတည်ရှိနေတာကြောင့်လည်း သာယာစိုပြေလှပါသည်။ မြို့သူမြို့သားတွေဟာ ချင်းတွင်းရေသောက်သူများဖြစ်ကြတဲ့အတွက် အသားအရေစိုပြေလှပါတယ်။ အဲဒါကြောင့် ချင်းတွင်းမြစ်ရေဟာ အလုံမြို့သူမြို့သားတွေရဲ့ နှလုံးသားများဖြစ်နေပါတော့တယ်။မစုဟာ ဦးလှမြတ်+ဒေါ်စန်းရီဆိုတဲ့မိဘနှစ်ပါး၊ ညီအစ်ကိုမောင်နှမများနှင့်အတူ အလုံမြို့၊...

16 October 2011

အတိုက်အခံများနှင့်လက်နက်ကိုင်တိုင်းရင်းသားများအောင်မြင်မှုရရှိ သွားသောအခါ(သရော်စာ)

အတိုက်အခံများနှင့်လက်နက်ကိုင်တိုင်းရင်းသားများအောင်မြင်မှုရရှိ သွားသောအခါ(သရော်စာ): ၂၁ ရာစု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အသွင်နိုင်ငံပေါင်းစု၏ သမိုင်း တစ်ချိန်အခါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟူရ်ျ အထက်ပါပုံကဲ့သို့ဝင့်ထည်စွာတည်ရှိခဲ့ဖူးလေသည်။ထိုနိုင်ငံတွင် အစိုးရအား ရဲရဲဝံ့ဝံ့ ဖြင့် ၁ ဦးတည်းရှိစေကာမူ နာမည်အကြီးကြီးပေးကာ အတိုက်အခံဟုခေါ်သော အစိုးရအား လက်နက်ကိုင်ရ်ျသဖွယ် လက်သီးပုန်းပြရ်ျတနည်း လေလှိုင်းမှ အာကျယ်ရ်ျတဖုံ တိုက်ခိုက်ကြသော အတိုက်အခံ များနှင့် လက်နက်ကိုင်(လောက်လေးခွကိုင်ရ်ျ A4စာရွက်တွင်ကြေငြာချက်ဟုရေးသားထုတ်ပြန်တတ်သောအဖွဲ့သည်လည်း လက်နက်ကိုင်ဟု ခံယူလိုက်တတ်သေး၏)အဖွဲ့ အစည်းများက (ပုံပြင်များ-တရုတ်ရှေးသိုင်းကားများထဲကလို)မည်သို့ မည်ပုံတိုက်လိုက်လေသည်မသိ-အစိုးရ ပြုတ်ကျသွားပြီးအောက်ဖော်ပြပါပုံအတိုင်း ဆိုင်ရာဆိုင်ရာနိုင်ငံများအဖြစ်...

စတုတ္ထမဏ္ဍိုင်ကို အားကိုးပါ၊ သို့သော် လက်သရမ်းတတ်သည် သတိထားပါ

စတုတ္ထမဏ္ဍိုင်ကို အားကိုးပါ၊ သို့သော် လက်သရမ်းတတ်သည် သတိထားပါ: မြန်မာနိုင်ငံမှာ အစိုးရရဲ့ သတင်းလွတ်လပ်ခွင့်တွေ ပေးမှုကြောင့် သတင်း တွေ၊ ဂျာနယ်တွေထဲမှာ အရင်တုန်းက မမြင်ဖူးတာတွေ မြင်လာရတာကြောင့် ပြောင်းလဲခြင်းတွေကို လူအများက အသိအမှတ်ပြုလာကြပါတယ်။ ဂျာနယ်တွေကဆိုရင် ဘယ်လောက်များသလဲ မမေးနဲ့ နေ့စဉ်ထုတ်နေရုံမကဘူး။ တစ်နေ့ ၃ လေးစောင် ထွက်နေလို့ ဘာဖတ်ရမှန်းတောင် မသိတော့ဘူး။ ဒါတောင် နေ့စဉ် သတင်းစာ ထပ်ထုတ်ချင်ကြသေးတယ်။ ပြည်သူအတွက် ရပ်တည်မယ့် စတုတ္ထမဏ္ဍိုင် တွေက ပြည်သူတွေကို တစ်ပတ်တစ်ခါ သတင်းရောင်းစားလို့ အားမရသေးဘူး။ နေ့စဉ် အမြတ်ထုတ်ချင်ကြသေးတယ်။ စီးပွားရေးတွေ သောင်းကျန်းကြလွန်းတယ်။ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က မြန်မာအစိုးရမှ သမ္မတအမိန့်နဲ့ အကျဉ်းသားပေါင်း ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသားခွင့် ပေးခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထောင်ကထွက်လာမယ့် ထောင်ဘူးဝ...

15 October 2011

ဘယ်မှာလဲ လူကြီး လူကောင်း (ပေးစာ - ၃၂)

ဘယ်မှာလဲ လူကြီး လူကောင်း (ပေးစာ - ၃၂): ပုထုဇဉ်လူသားတွေမှာ အတ္တဆိုတာ ရှိကြပါတယ်၊ မိမိအတ္တအတွက် တပါးသူကို မထိခိုက်ဘူး ဆိုလျှင် အကောင်းဆုံးပေါ့ဗျာ၊တပါးသူ နှစ်ပါးသူလောက် ထိခိုက်တယ်ဆိုအုံးတော့ တော်သေးတာပေါ့၊ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို ထိခိုက်ပြီဆိုလျှင်တော့ အဲဒီလို လူစားတွေကို ကင်ပွန်းတတ်ရမယ့် အမည်ကိုတောင် ရှာမတွေ့နိုင်ပါဘူး၊စကားလုံးနဲ့ ပြောမရနိုင်လောက်အောင် ဆိုးဝါးလွန်းလှပါတယ်၊ ဒါပေမယ့် ဒီလိုလူစားတွေဆိုတာကလည်း နိုင်ငံတိုင်း၊ နေရာတိုင်း၊ အဖွဲ့အစည်း တိုင်း၊ မိသားစုတိုင်းမှာ ရှိနေတတ်ကြပါတယ်၊ဘ နဖူး သိုက်တူးတဲ့ လူစားတွေပေါ့။အခုလည်း ပုတ်နေတဲ့ အထဲက ပေါ်လာတဲ့ အပုတ်ကောင်လေးတကောင်ရဲ့ အနံ့ပါ၊DVB ခေါ် ဒီမိုကရက်တစ် မြန်မာ့အသံ (နော်ဝေနိုင်ငံအခြေစိုက် မြန်မာ့ ဒီမိုကရေစီရေး အတွက် အသံလွှင့်ဌာနပါ) မြန်မာပြည်သူတွေ သိခဲ့ကြတဲ့ ကျောင်းသား အသံလွှင့်ဌာနပေါ့၊အမေရိကန် ဒေါ်လာသုံးသိန်း၊...

14 October 2011

အမြင်မတူလျှင် တပည့်တောင် ရန်သူသတ်မှတ်သည့် ပြည်သူ့ချဉ်ဖတ် လူပျက်ဇာဂနာ

အမြင်မတူလျှင် တပည့်တောင် ရန်သူသတ်မှတ်သည့် ပြည်သူ့ချဉ်ဖတ် လူပျက်ဇာဂနာ: လူပျက်ဇာဂနာ ထောင်ကလွတ်လာတာ မကြာသေးပါ။ ထောင်ဟူသည် ပြစ်ဒဏ်ကျခဲ့သူတို့၏ အပြစ်နှင့် ထိုက်သင့်သောပြစ်ဒဏ်များပေးရာနေရာ၊ ပြစ်ဒဏ်ကျခံရသူတို့၏ မကောင်းစိတ်၊ မကောင်းသည့် အမူအကျင့် တို့ကို ပြုပြင်ပြောင်းလဲ ပေးရာ နေရာဟု သတ်မှတ်လို့ရပေသည်။ ဇာဂနာသည် ထောင်မှ လွတ်လာသည်မှာ မကြာသေး သူ၏ မကောင်းတဲ့အမူအကျင့်တို့က မပျောက်။ အခုလည်းကြည့် မိမိ၏ လုပ်ဖော်ကိုင်ဖက် တပည့်များကို မိမိနှင့် အမြင်မတူတာနဲ့ ရန်သူလိုသဘောထားပြီး ပြောဆို ဆက်ဆံ နေလေသည်။ သမ္မတ၏ ပြည်ပရောက်မြန်မာများ ပြန်လာနိုင်ရန် ခွင့်ပြုမှုကြောင့် ပြည်တော်ပြန်လာကြသော သီးလေးသီး အဖွဲ့ဝင် ဂေါ်ဇီလာ၊ စိန်သီး၊ဇီးသီးနှင့် မင်းသမီးချောစုမျိုးသည် သူတို့၏ နိုင်ငံရေးအပေါ် အမြင်များကို ထုတ်ဖော်ပြောဆိုကြသည်။ ထိုအမြင်များအပေါ် မိမိနှင့်အမြင်မတူဘူးဆိုပြီး...

13 October 2011

ဘာလဲဟဲ့စတုတ္ထမဏ္ဍိုင်

ထိုင်းအစိုးရမှဒေါ်လာ၃၂ဘီလီယံကျော်ဆုံးရှုံးခဲ့တဲ့ရေကြီးမှု ဒူးဇစ်လောက်တောင်မရောက်သော ရေတွင် လှေကြီးတစ်ကားကား ဒူးဇစ်မကမြုတ်သောနေရာတွင်လှေမသုံးကြတဲ့ထိုင်းနိုင်ငံ ကလေးများပင်လှေမသုံး ယနေ့ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများတွင် ရေးကြီးခြင်းများနှင့်ရင်ဆိုင်နေရပါသည်။စက်တင်ဘာ ၂၈ရက်နေ့နံနက်ခင်းက ရွာသွန်းခဲ့သော မိုးကြောင့် တောင်ဥက္ကလာပ မြို့နယ်ရှိ သစ္စာလမ်းမကြီးနှင့် ဝေဇယန္တာလမ်းဆုံတွင်ခြေသလုံးသာသာ ရေလျှံခဲ့ပါတယ်။ဤရေလျှံမှုအားအကြောင်းပြု၍မြန်မာနိုင်ငံရှိစတုတ္ထမဏ္ဍိုင် ဟုခေါ်သော ELEVEN MEDIA GROUPနှင့် THE VOICE WEEKLY တို့ မှသတင်းထောက်များသည် ဧရာဝတီမြစ်ဝကျွန်ပေါ်ဒေသမှ လှေတစ်စီးကို ငှားလာကာကြီးကြီးကျယ်ကျယ် သတင်းလုပ်ပြီး ပြည်သူများအား လူပေါင်းရာချီသေသွားသည့်နှယ် သတင်းများရေးသားခဲ့ကြောင်းတွေ့ ခဲ့ရပေသည်။ မေန္တလေးတိုင်းဒေသကြီး...

12 October 2011

ထောင်ကလွှတ်ပေးလိုက်လို့ မကျေနပ်နိုင်၊ ဝမ်းမသာနိုင်ဖြစ်နေသူများ ထောင်ထဲပြန်ဝင်ကြရန် တိုက်တွန်း

ထောင်ကလွှတ်ပေးလိုက်လို့ မကျေနပ်နိုင်၊ ဝမ်းမသာနိုင်ဖြစ်နေသူများ ထောင်ထဲပြန်ဝင်ကြရန် တိုက်တွန်း: ယနေ့ သီတင်းကျွတ်လပြည့်နေ့မှာပဲ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အကျဉ်းထောင် အသီးသီးကနေ ပစ်မှုကျူးလွန်ကာ အကျဉ်းကျနေတဲ့ အကျဉ်းသားပေါင်း ၆၃၅၉ ဦးကို နိုင်ငံတော် သမ္မတ အမိန့်နဲ့ လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ သမ္မတကြီး ဦးသိန်းစိန်လက်ထပ်မှာ ဒုတိယအကြိမ် လွှတ်တာဖြစ်ပြီး မေလ ၁၆ ရက်နေ့က ၁၄၅၇၈ ယောက် လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။အကျဉ်းသားများ လွှတ်ပေးသည့် ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမ္မဂ္ဂနဲ့ ကမ္ဘာက ကြိုဆိုခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ်တစ်ဦးကတော့ အကျဉ်းထောင်ထဲမှာ အကျဉ်းသား မရှိလေ ကောင်းလေ ဟု ပြောကြားခဲ့ဖူးပါတယ်။ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ဆိုသူများလည်း ဒီနေ့ လွတ်တဲ့အထဲမှာ ပါလားတာ တွေ့ရပါတယ်။ ဘာကို ယုံကြည်လို့ အကျဉ်းကျလဲဆိုတာကိုတော့ မေးမြန်းချိန်မှာ ပြန်လည် ဖြေကြားခြင်းမရှိပါဘူး။ယုံကြည်ချက်ကြောင့်...

နိုင်ငံတော် သမ္မတ အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင် နှင့် RFA တွေ့ဆုံမေးမြန်းခန်း (၂)

နိုင်ငံတော် သမ္မတ အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင် နှင့် RFA တွေ့ဆုံမေးမြန်းခန်း (၂): http://oppositeyes.blogspot.com/...

တွစ်တ်တာ(twitter) မှပြန်အလာ (၁၂.၁၀.၂၀၁၁)

တွစ်တ်တာ(twitter) မှပြန်အလာ (၁၂.၁၀.၂၀၁၁): ဖဲရိုက်တိုင်းသတိရ မယ်တဲ့ အသုံးချခံ လူတန်းစား နောက်ဆုံးပေါ် ဒေါ်လာတောင်းနည်း ဒီမိုလုပ်စား အဲလေမှားလို့ လှုပ်ရှား Ref : http://phdlunnwai.blogspot.c...

ယောင်ဝါးဝါးနဲ့ အချောင်စားဖို့ ကြိုးစားနေသူများ

ယောင်ဝါးဝါးနဲ့ အချောင်စားဖို့ ကြိုးစားနေသူများ: နိုင်ငံတည်ရာမှာ ငါဟာမဏ္ဍိုင် တစ်ပါးရယ်လို့ မီဒီယာအင်အားနဲ့ အော်လို့အော် ဖွလို့ဖွ လွတ်လပ်မှုက အမှန်တရားဆိုပြီး တရားသေ ကိုင်စွဲထားသူတွေကြားမှာ စည်းကမ်းနဲ့ လွတ်လပ်မှုကို ချိန်ဆကြဖို့ ညွှန်းဆိုဆုံးမ ပြောရတာလည်း လေကုန်လို့ မောလှပါပြီ။ ဒါပေမယ့် မီဒီယာ လွတ်လပ်ခွင့်လို့ ကြွေးကြော်နေတဲ့ ပြည်တွင်းပြည်ပက မီဒီယာ သမားတွေရဲ့ မီဒီယာ လွတ်လပ်ခွင့်ကို ဖော်ထုတ်ကြရာမှာ နှစ်ဘက်ချွန် သဘောနဲ့ လိုသလို သုံးနေကြတဲ့ အဖြစ်ကလေး တစ်ခုကို ပြောပြချင်လို့ပါ။ ပလာတာကို မကြိုက်သလို မူနေတော့ နွားအိုမှာ နားမလည်ရှာဘူးရယ်လို့ ဆိုပြီး သနားခဲ့မိ ပြန်ပါသေးတယ်။ ကြွေးမိတဲ့ ပလတာ အလကား အာပလာသာ ဖြစ်ခဲ့ရပြီပဲလို့ ကျွန်တော်တကယ်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ တကယ်ဆို သကောင့်သားက နားမလည်တာမှ မဟုတ်ဘဲ သူ့ဂွင်ထဲ မဝင်သေးလို့ နားမလည်ချင် ယောင်ဆောင်နေတာပဲ။ ကျွန်တော်တို့ကိုက...

ဒေါ်ညု ဆာဒူး ကတုံးနှင့် ဦးသိန်းစိန်အကြောင်း တစေ့တစောင်း

အပြောမဟုတ်အလုပ်ဖြင့်သက်သေပြကာ ဒေါ်လာစားတို့ ပါးစပ်ပေါက်အားတစ်ဆင့်ခြင်းပိတ်နေသော သမ္မတဦးသိန်းစိန် ယနေ့သည် မြန်မာသက္ကရာဇ်(၁၃၇၃)ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်ပါတယ်။မြန်မာပြည်သူတို့ ရဲ့  နေ့ ထူးနေ့ မြက်တခု မှာနိုင်ငံတော်အစိုးရ အသစ်စက်စက် မှ ကောင်းမှူကုသိုလ်အဖြစ် နိုင်ငံတော်သမ္မတရုံးမှ အမိန်အမှတ် ၄၉/၂၀၁၁ ကိုမနေ့ က ( ၁၁.၁၀ .၂၀၁၁)ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါသည် ။ထို့ ကြောင့် ယနေ့ ၁၂.၁၀.၁၀၁၁ (သီတင်းကျွတ်လပြည့်နေ့ )တွင်သမ္မတ၏ ကြေငြာချက်အရတည်ဆဲဥပဒေကိုဖောက်ဖျက်သဖြင့်အကျဉ်းကျခံနေရသော အကျဉ်းသားများအနက် အကျဉ်းသား (၆၃၅၉)ကို ဒီကနေ့  စတင်လွတ်ငြိမ်းချမ်းသာခွင့်ပေးလျက်ရှိပါသည်။ သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ကြေငြာချက်ဤနေရာတွင်ကလစ်ပြီးဖတ်ပါ။ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လွတ်မည့်သူများကို မိသားစုများ ကြိုဆိုစဉ် ဦးသိန်းစိန်ခေါင်းဆောင်သော...

Pages 271234 »

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons