လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

22 November 2011

ဒေါ်အောင်ဆန်းစုကြည်ကို ယုံစားမိလို့ NCGUB ပျက်တော့မည်

ဒေါ်အောင်ဆန်းစုကြည်ကို ယုံစားမိလို့ NCGUB ပျက်တော့မည်:

ဒေါ်အောင်ဆန်းစုကြည်က အဒဖ ကို မှတ်ပုံတင်မယ်လို့ ၁၀၀ ရာခိုင်နှုံးထောက်ခံတယ် ကန့်ကွက်သူ မရှိပါဘူးဆိုပြီး အတင်းအဓမ ဆုံးဖြတ်ပြီးနောက်မှာ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB ကို ဖျက်သိမ်းရတော့တယ် အခြေအနေ ရောက်သွားပါတော့တယ်။


ဘာရယ်တော့ မဟုတ်ဘူး၊ သူလဲ ဝန်ကြီးချုပ်တဲ့

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာလိုက်တဲ့အတွက် ပြီးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ဟာ ဆက်လက် ရပ်တည်စရာ မလိုတော့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက သူ့အမြင်ကို ပြောပြပါတယ်။ ရှိနေတုန်းကလည်း မြန်မာပြည်နဲ့ လူထုအတွက် ဘာမှမလုပ်ခဲ့လို့ ခု ဖျက်မယ်ဆိုတော့လည်း ဘယ်သူမှ ဝမ်းမနည်းကြပါဘူး။ ဒါပေမယ့် မိသားစုဝင်တွေကတော့ နေထိုင် စားသောက်ရေးအတွက် ထောက်ပံ့ကြေးငွေ မရရှိတော့မှာကို စိုးရိမ်နေရတယ်လို့ NCGUB နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

အဝေးရောက် ညွန့်ပေါင်းအစိုးရ NCGUB အဖွဲ့ကို ပေါက်ခေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်ဝင်း ဦးဆောင်ပြီး ၁၉၉ဝ ရွေးကောက်ပွဲ အမတ်တွေနဲ့ မာနယ်ပလောစခန်းမှာ သောင်းကျန်းသူတွေရဲ့ ထောက်ခံမှုနဲ့ ၁၉၉ဝ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပြီးနောက်မှာ ဦးစိန်ဝင်းက အမြဲတမ်းဝန်ကြီးချုပ် လုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ပါဆိုပြီး နာမည်ခံထားပေမယ့် မြန်မာနိုင်ငံမှာ တိုင်းရင်းသား ဘယ်နှမျိုးရှိလဲ ဆိုတာတောင် ကောင်းကောင်းမသိပါဘူး။ ဝန်ကြီးချုပ် သက်တမ်းကလည်း ခုဆိုရင် ၁၁ နှစ်တောင် ရှိနေပါပြီ။

အစိုးရကို ယှဉ်ပြိုင်ဖို့ NLGUB အဖွဲ့ကို ဖွဲ့စည်းခဲ့ပေမယ့် နောက်ပိုင်းမှာ NCGUB အဖွဲ့ကို ယှဉ်ပြိုင်တဲ့ NCUB အဖွဲ့ဆိုတာလည်း ထပ်ပြီး ပေါ်လာပြန်ပါတယ်။ မြန်မာအတိုက်အခံတို့ရဲ့ထုံးစံအတိုင်း အဝေမတည့် ဖြစ်ပြီး အချင်းချင်း သဘောထားတွေ ကွဲကာ အဖွဲ့တွေ ပေါ်လာခြင်းဖြစ်ပါတယ်။

NCGUB ပျက်ရင် NCUB လည်း ပျက်သွားမှာဖြစ်ပြီး၊ နောက်ထပ် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ MPU ခေါ် လွှတ်တော်အမတ်များ သမဂ္ဂ လည်း ပျက်၊ CRPP လည်း ပျက်မှာ ဖြစ်ပါတယ်။ ၂၃ နှစ် ကျော်အတွင်းကတော့ အတိုက်အခံတို့ အဖွဲ့တွေ ဖွဲ့လို့ကောင်းတဲ့ အချိန်တွေ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အစိုးရက အဖွဲ့သစ်တွေ တစ်ခုပြီး တစ်ခု ဖွဲ့နေပြီး အတိုက်အခံအဖွဲ့တွေကတော့ တစ်ခုပြီး တစ်ခု ပျက်နေပါတယ်။

0 comments:

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons