သောက်တော်ရေခွက်တွင် ပေါ်သောပုံရိပ် နှင့် နောက်ဆက်တွဲ ( ပေးစာ - ၅၅ ):
စွယ်တော်မြတ်ရဲ့ တန်ခိုးတော်ကြောင့် ထူးထူးခြားခြား သောက်တော်ရေခွက်ပေါ်မှာ ပေါ်လာတဲ့ ပုံရိပ်တွေအကြောင်းကို သတင်းစာ နဲ့ ဂျာနယ်အသီးသီးမှာ ဖော်ပြပြီးနောက်မှာ ယင်း သောက်တော်ရေရှိရာ အိမ်ကို နေ့ရောညပါ လာရောက်ကြည့်ရှု သူလှုဒါန်းကြသူများ များပြားနေပါတယ်။ အနီးနားဝန်းကျင်ကတဦးကမူ ကျမတို့ကအိမ်နားနီးတော့ ဘယ်အချိန်သွားသွားရတာဘဲဆိုပြိးနေလိုက်တာ မနေ့ကမှဖူးဘို့သွားတော့ ည ၃ နာရီမှဖူးခဲ့ရပါတယ် ..။
လူကြီးတွေလာကြည့်ပါတယ် မြို့နယ်မှုးနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေလည်း လာပြီး ကောလဟာလ ဟုတ်မဟုတ်၊ နေရောင်ကြောင့်၊ ရေကြောင့် ဟုတ်မဟုတ် စစ်ဆေးကြပါတယ်။ သောက်တော်ရေခွက်ထဲမှာ စွယ်တော်ပုံပေါ်နေတော့ ရေခွက်ထဲလက်နှိုက်ပြီးမွှေပြီး စစ်ဆေးတာတွေ၊ အထဲကရေကို သွန်ပြီး အသစ်ပြန်ထည့်တာတွေ လုပ်ကြည့်ကြပါတယ်။ ဒါပေမယ့် အံ့သြောထူးဆန်းစွာပဲ ပုံရိပ်က ဆက်ပြီး ပေါ်နေပါတယ်။ နေရောင်ထိုးလို့ပေါ်တယ်လို့ အစက ထင်ကြပေမယ့် ညမှာလည်း ပေါ်နေပါတယ်။ လူကြီးတွေက မီးတွေ ပိတ်ခိုင်းပြီး တအိမ်လုံး မှောင်ကျသွားချိန်မှာ သူတို့ပါလာတဲ့လက်နှိပ်ဓာတ်မီးတွေနဲ့ အပေါ်ကထိုးကြည့်လိုက်အောက်ကထိုးကြည့်လိုက်၊ ဖန်ခွက်ကိုတည့်တည့်မထိုးဘဲ တခြားဘက်ကိုထိုးထားလည်း ထူးခြားစွာနဲ့ ပေါ်မြဲပေါ်နေတာကို တွေ့ရပါတယ်။
အခုဆို အနယ်နယ်အရပ်ရပ်ကပါ ညပိုင်ရော မိုးအလင်းတန်းစီပြီးလာဖူးကြပါတယ်။ ပိုပြီးထူးခြားလာတာက တဖြေးဖြေးကြည်လင်နေတာကနေ ရွှေအဆင်းကိုပြောင်းနေပါပြီ။ လာဖူးတဲ့လူတွေကလည်း ကြည်ညိုလွန်းလို့ လှူတန်းကြပါတယ်။ ပထမနေ့ မှာပဲ ၉ သိန်းလောက်ရတယ်လို့ ပြောပါတယ်။ နောက်နေ့တွေတော့ ပိုက်ဆံကို ရေတောင်မရေနိုင်တော့ပဲ ဆာလာအိပ်နဲ့ ၂ အိပ်အပြည့်ရပြန်ပါတယ်။
အိမ်ရှင်ကတော့ ဘုရားတည်ရမှာလား ဘာလုပ်ရမလဲဆိုတာကို ဇဝေဇဝါဖြစ်နေတုန်းရှိပါသေးတယ်။ ပြီးတော့ ဘယ်အချိန်ထိ သောက်တော်ရေခွက်ထဲမှာ တန်ခိုးတော် ပေါ်နေမယ်ဆိုတာ ကိုလည်း မသိတာကြောင့် ပျောက်သွားမှာ စိုးရိမ်နေကြပါတယ်။ ဒီနေ့ဆိုရင် ရပ်ဝေးက လူတွေကပါ လာရောက်ဖူးမြှော်တာတွေ တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာတောင် ဒီလိုဖြစ်စဉ် မရှိခဲ့ပဲ မြန်မာနိုင်ငံမှာမှ ဒီလိုဖြစ်ရတာကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာအားလုံးကို ဂုဏ်ယူနိုင်ဖို့၊ သာဓုခေါ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။
--
စွယ်တော်မြတ်၏ အနီးကပ်ပုံများ

( သာဓု သာဓု သာဓု ပါဗျာ
စွယ်တော်မြတ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) က လာရောက်ဖူးမျှော်ပြီး အလှူဒါနတွေ ရက်ရက်ရောရော လှူသွားပေမယ့် NLD က တရားရှာရမယ့် အရွယ်ရောက်နေတဲ့ အဖိုးကြီးတွေကတော့ တစ်ယောက်မှ လာမဖူးဘူးလို့ သိရပါတယ်။ အထူးသဖြင့် အသက် ၆၇ နှစ်အရွယ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘောလုံးပွဲကိုတောင် သွားကြည့်နိုင်ပေမယ့် စွယ်တော်ကိုတော့ လာဖူးဖို့ မေ့နေပါတယ်။
သောက်တော်ရေခွက်ထဲမှာ ပုံရိပ်ပေါ်တာဟာ အလွန်ထူးဆန်းတဲ့ ဖြစ်စဉ်လို့ လူအများက အသိအမှတ် ပြုကြပါတယ်။ ဒီထက် ထူးဆန်းတာကတော့ မြန်မာလူမျိုးလည်းဖြစ်၊ ဗုဒ္ဓဘာသာလည်း ဖြစ်တဲ့ လူတွေကပဲ နေရောင်ကြောင့် ဖြစ်ကြောင်း၊ ရေကြောင့် ဖြစ်ကြောင်း၊ စမ်းကြည့်တာ မပေါ်ကြောင်း စတဲ့ သတင်းတွေ လွှင့်နေကြတာပါပဲ။
ဘာမဟုတ်တဲ့ ဇာဂနာ ရဲ့ ပက်စပို့အကြောင်းကို အကျယ်တဝင့် ဖော်ပြကြပေမယ့် စွယ်တော်မြတ်အကြောင်းကို အကျယ်တဝင့်ဖော်ပြနေကြတာတွေ အင်တာနက်ပေါ်မှာ အလွန်ရှားပါးနေတာကို သတိထားမိပါတယ်။ မယုံသင်္ကာနဲ့ ဝေဖန်နေကြတာတွေကိုတော့ အနှံ့အပြားတွေ့ရပါတယ်။
အတိုက်အခံများအနေနဲ့ တခြားနေရာတွေမှာပဲ ကန့်လန့်တိုက်ပြီး ဒါမျိုးကိုတော့ ကန့်လန့်မတိုက်ဖို့ အကြံပေးချင်ပါတယ်။ ရှေးဘဝတွေက ဘုရားမှန်း တရားမှန်း မသိခဲ့လို့ ခုလို လူမွှေးလူတောင် မပြောင်တဲ့ အတိုက်ခံဘဝ၊ လူတကာ ရွံရှာမုန်းတီး ကျက်သရေမဲ့ကာ လုပ်သမျှ မအောင်မြင်တဲ့ အတိုက်အခံဘဝကို ရောက်ခဲ့ရပြီးပါပြီ။ ဒါကို သံဝေဂ မရပဲ ဆက်မိုက်နေရင် နောင်ဘဝတွေမှာပါ ဆက်ပြီး အကျိုးဆက်တွေ ခံစားနေရပါလိမ့်မယ်။
ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတဲ့ အတိုင်း မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ မြအေးတို့ကလည်း အရင်ဘဝက မေတ္တာတရားခေါင်းပါးကာ သတ္တဝါတွေကို ဖမ်းပြီး လှောင်အိမ်တွေထဲ ထည့်ခဲ့လို့ ခု ဝဋ်လည်နေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်လည်း အရင်ဘဝက သူများမိသားစုကို ကွဲအောင်လုပ်ခဲ့တာတွေကြောင့် ခုဆိုရင် သားတွေက အတူမနေနိုင်ပဲ သားတွေက ခဏလောက်လာပြီး ပြန်သူကပြန်၊ လုံးဝ မလာသူက မလာ ဖြစ်နေရပါတယ်။ ဒီအကုသိုလ်ကံတွေ ပြေပျောက်စေဖို့ စိတ်ပုတ်စိတ်ယုတ်တွ ဖျောက်ပြီး ဗုဒ္ဓဘုရားရှင်တဲ့ အရိပ်အောက်မှာ မှီခိုပြီး အပြစ်တွေကို ဆေးကြောဖို့ ကောင်းနေပါပြီ.... )
0 comments:
Post a Comment