![]() |
ဒါကတော့ ကိုရဲထွန်းတို့ပါတီရဲ့ အလံ နဲ့ တံဆိပ် ဖြစ်ပါတယ်။ |
ကွက်မဲ့လူမရှိတာကြောင့်ဒေါ်အောင်ဆန်းညုကြည်မှာကန့်ကွက်သူမရှိစိတ်ချမ်းသာနေသော်လဲ
အခု ကန့်ကွက်မယ့်သူ ပေါ်လာပါပြီ။ကန့်ကွက်သူကတော့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ( ပြည်ထောင်စု မြန်မာနိုင်ငံ) ဆိုတဲ့ ပါတီ ဖြစ်ပါတယ်။
သူတို့ပါတီရဲ့ အလံနဲ့ တူနေတာကြောင့် ကန့်ကွက်တဲ့အကြောင်း ပါတီဥက္ကဋ္ဌ ကိုရဲထွန်းက ပြောကြားခဲ့ပါတယ်။ NLD ဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၇) ရက်နေ့က ရွေးကောက်ပွဲ ကျင်းပစဉ်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ပါတယ်။
ယခင်တုန်းကတော့ လွှတ်တော် လုပ်ငန်းစဉ်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်ထွန်းရေး ခြေလှမ်းဟု အစိုးရက ထုတ်ပြန်ပြီး အခြေခံဥပဒေကိုထောက်ခံရန်နှင့် ယင်းအခြေခံဥပဒေအရ NLD ပါတီကို မှတ်ပုံတင်ရန် သတိပေးချိန်တွင် NLD က လက်မခံပဲ ၂ဝဝ၈ အခြေခံ ဥပဒေမှာ တဖက်သတ် ရေးဆွဲထားခြင်း ဖြစ်သည်ဟု ထောက်ပြကာ အစိုးရ၏ လမ်းပြမြေပုံ ကို ဆန့်ကျင်ခဲ့သည်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရော NLD ပါတီဝင်များကပါ ရှေ့တစ်မျိုးနောက်တစ်မျိုး စကားတွေ ပြောလာကြတော့သည်။
NLD ထဲမှ လူငယ်အချို့ကတော့ NLD ကို စွန့်ခွာပြီး NDF ပါတီ ကို တည်ထောက်ကာ ပါတီ မှတ်ပုံတင်၍ ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။ အဲဒီချိန်တုန်းကတော့ ပြည်တွင်း ပြည်ပ မှာရှိတဲ့ အတိုက်အခံ အင်အားစုများနဲ့ အတိုက်အခံ မီဒီယာတွေ အားလုံးက ရွေးကောက်ပွဲ မဝင်သင့်ကြောင်းနဲ့ ပါတီ မှတ်ပုံမတင်သင့်ကြောင်း တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။
![]() |
ရွေးကောက်ပွဲမဝင်ရေးဘူးလှုပ်ရှားမှူ |
အရင် NDF ပါတီနှင့်လဲ တရားဝင်ဟိုးလေးတကျော် ခမောက်လုခဲ့ကြပါသေးတယ်။အဲတုန်းက NDFက အနိုင်ရသွားတဲ့အတွက် ဒေါ်စုကြည်ဟာ ခမောက်ကို စိတ်နာပြီးလုံးဝမဆောင်းတော့ပါဘူး။အမြင်မှန်ရလာပြီး မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်မယ့် NLD နှစ်ပေါင်း ၂၀ ကျော် အသုံးပြုလာတဲ့ ခမောက်တံဆိပ်အစား တိရိစ္ဆာန် ဒေါင်းတံဆိပ်ကို ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။ “အသစ်ပြောင်းလိုက်တဲ့ တံဆိပ်က ကြယ်ဖြူတစ်ပွင့်ရယ်၊ ခွပ်ဒေါင်းရယ်ပါ။ ခွပ်ဒေါင်းအောက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ စာတန်း ပါပါတယ်။
![]() |
ကိုးကွယ်စရာကောင်းတဲ့ ဒေါင်း
|
အဒဖ ပါတီရဲ့ အလံဟာ တိရိစ္ဆာန်ဒေါင်းပုံပဲ ဖြစ်ပြီး အခု ပါတီတံဆိပ်ဟာလည်း ဒီ တိရစ္ဆာန်ပုံပဲဖြစ်နေပါတယ်။ တိရစ္ဆာန်ကို လံမှာတင်လွှင့်၊ တိရစ္ဆာန်တံဆိပ်ကို ရင်ဘက်မှာတပ်ကာ က အရေးမကြီးပေမယ့် ဒီတိရစ္ဆာန် ရဲ့ စိုးမိုးမှုအောက်က တိရိစ္ဆာန်စိတ်တွေ ဝင်နေတာ ဖျောက်ဖို့လိုကြောင်း NLD ကို အနီးကပ်စောင့်ကြည့်သူ တစ်ဦးက သုံးသပ်ပါတယ်။
ရုရှားနိုင်ငံရောက် သမိုင်းပညာရှင်တစ်ယောက်ကတော့ "သူ့ဘာသူ ခွပ်ဒေါင်းပဲဖြစ်ဖြစ်၊ က ဒေါင်းပဲဖြစ်ဖြစ် တိရစ္ဆာန်က တိရစ္ဆာန်ပဲ။ တိရစ္ဆာန်ကို နိုင်ငံ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုခုရဲ့ ကိုယ်စားပြု အလံ လုပ်ပြီး ဦးညွတ်နေကြမှတော့ အဲ့ဒီလူတွေအားလုံးက တိရစ္ဆာန်လောက်ကို မမြင့်မြတ်လို့ပေါ့။" လို့ ဆိုပါတယ်။
အဒဖ ပါတီဟာ အရင်တုန်းက ခမောက် တံဆိပ်ကို အသုံးပြုခဲ့ပြီး လမ်းမှားလိုက်ကာ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ခဲ့တာကြောင့် ပါတီ နှစ်ခြမ်းကွဲကာ ခွဲထွက်သွားတဲ့ NDF က ခမောက်တံဆိပ်ကိုပါ ယူဆောင်သွားခဲ့ပါတယ်။ အဲဒီတုန်းက အတင်းလိုက်ပြီး ကန့်ကွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်မို့အခု ခမောက်အစား တိရစ္ဆာန်ကို အစားထိုးရတာဖြစ်ပါတယ်။
![]() |
ခမောက်အစား ဆံပင်တု ကို သုံးဖို့ ပြည်သူတွေက အကြုံပြုပေမယ့် NLD က ဂရုမစိုက်ခဲ့ |
0 comments:
Post a Comment