![]() |
ဒါတွေပဲလုပ်နေတော့မှာလား?? |
- >>>>>အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၂ဝ၁၁)ခုနှစ်၊ မေလ(၂ဝ)ရက်နေ့ထုတ်ပြန်သော ကြေညာ ချက်အမှတ်(၁ဝ/ဝ၅/၁၁)တွင် မေလ(၂၉)ရက်နေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်အရ သာမန် ပြည်သူတို့၏ သက်သာချောင်ချိရေးကိုမြှင့်တင်လျက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါအားပေးပြီး တိုင်းပြည်၏ ယဉ်ကျေး မှု၊ နိုင်ငံရေး၊ လူမှုရေးဘဝတို့ကို ရှုမြင်နားလည်ပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ အပန်းဖြေနေ့ရက်များကို ဖြတ်သန်းလိုသော ခရီးသွားများအားကြိုဆိုပါကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။<<<<<
- (၁၉၉၆)ခုနှစ်က ပင် မြန်မာခရီးသွားနှစ်အဖြစ်သတ်မှတ်၍ ခရီးသွားလုပ်ငန်းအား မြှင့်တင်ရန်၊ နိုင်ငံတကာခရီးသွားများအား ကြိုဆိုရန် ကြိုးပမ်းဆောင်ရွက်ခဲ့ဖူးပါသည်။ ယင်းအချိန်က ယခုဖျက်သိမ်းပြီး NLD ပါတီအနေဖြင့် နိုင်ငံခြား ခရီးသွားများ မြန်မာနိုင်ငံအတွင်းသို့ လာရောက်ခြင်းမပြုကြရန် နိုင်ငံတကာသို့ ပိတ်ဆို့တားဆီးအော်ဟစ်ခဲ့သဖြင့် တိုင်းပြည်၏ ခရီးသွားလုပ်ငန်းနှင့် ယင်းလုပ်ငန်းကို အမှီသဟဲပြုနေရသော အခြေခံလူတန်းစားအားလုံး အတိဒုက္ခရောက်ခဲ့ရ သည်။မှန်ပါသလား?????
- >>>>>>BBC, VOA, RFA အပါအဝင် Internet မီဒီယာများတွင် ထုတ်ပြန်ချက်များအရ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သည်မှာ 'အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ထိတွေ့ဆက်ဆံရေး ပေါ်လစီ Engagement Policy)သည် ကောင်းမွန်ပါကြောင်း၊ ဒီလို တစ်ဦးပေါ်တစ်ဦး ထိတွေ့ဆက်ဆံခြင်းဖြင့် နားလည်မှုများ ရရှိလာမည်ဖြစ်ကြောင်း၊ အမေရိကန်အစိုးရမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု (Economic Sanction) သက်တမ်းတိုးခြင်း သည် မြန်မာနိုင်ငံ၌ လုံလောက်သည့်အပြောင်းအလဲမရှိ၍ဖြစ်သည်ဟု မိမိနားလည်ကြောင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို မိမိလုပ်ခဲ့ခြင်းမဟုတ်ကြောင်း၊ ယခု မိမိတို့ဆိုလိုသည်မှာ အနိမ့်ဆုံးအားဖြင့် ပြည်သူလူထုထိခိုက်မည့် စီးပွားရေး ပိတ်ဆို့မှုများမရှိသင့်ကြောင်းကိုသာပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုမှာ မိမိတို့ကြောင့်ဖြစ်လာ ရခြင်းမဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံအချို့တို့၏ သဘောထားများသာဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံတစ်ခုခြင်းနှင့်သာ သက်ဆိုင်မည်ဖြစ် ကြောင်း'ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။<<<
- ဒေါ်အောင်ဆန်းစုကြည်၏ပထမ ဆွေးနွေးချက်အား ဆန်းစစ်ကြည့်ပါက မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရက စီးပွားရေးပိတ်ဆို့မှု သက်တမ်းတစ်နှစ်တိုးသည်အား ထောက်ခံပြောဆိုထားကြောင်းတွေ့ရှိရမည်ဖြစ်သည်။ အစိုးရသစ်က အပြောနှင့်အလုပ်တစ်ထပ်တည်းကျအောင် ကာလတိုတစ်ခုအတွင်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည်နှင့်အတူ နိုင်ငံသူနိုင်ငံသားများကလည်း စိတ်သစ်၊ လူသစ်ဖြင့် ပူးပေါင်းပါဝင် လျှောက်လှမ်းကြရန် ကြိုးစားနေဆဲ အချိန်ကာလမျိုး၌ ယခုကဲ့သို့ စီးပွားရေးပိတ်ဆို့မှုသက်တမ်းတိုးခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ တစ်ဖက်တစ်လမ်းက ထောက်ခံပြောဆိုခဲ့မှုသည် အထူးပင်စိတ်မကောင်းဖွယ်ရာဖြစ်ပါသည်။ သမ္မတကြီး၏ မိန့်ခွန်းပါ အစိုးရနှင့်အတိုက်အခံဆိုသော ပဋိပက္ခအသွင်ဆောင်သည့် အမြင်သဘောထားများကို ကိုင်ဆွဲခြင်းမပြုဘဲ လုပ်ဖော် ကိုင်ဖက်များအဖြစ် လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းထားချက်ကိုပါ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဥပေက္ခာပြုသကဲ့သို့ဖြစ်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယဆွေးနွေးချက်မှာမူ တစ်ချိန်ကနိုင်ငံတကာသို့ ၎င်းကိုယ်တိုင်ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့သော စီးပွားရေးပိတ်ဆို့မှုဆိုင်ရာအကြောင်း အချက်အရပ်ရပ်အား ဗြောင်လိမ် ဗြောင်ငြင်းသကဲ့သို့ ဖြစ်နေခြင်းမှာလည်း ဝမ်းနည်းဖွယ်ရာဖြစ်ပါသည်။??????
- ဒီလိုပဲ ဗြောင်လိမ်နေတော့မှာလား ???????
- သိသူများ နားလည်သူများ ဖြေရှင်းကြပါဦး
0 comments:
Post a Comment