လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

31 August 2011

နိုင်ငံ့ဝန်ထမ်းများနဲ့  လွပ်လပ်စွာပြောဆိုခွင့်

လွတ်လပ်တဲ့ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းများဟာ နိုင်ငံတိုင်းနဲ့ လူမျိုးတိုင်း အတွက် အင်မတန် အရေးကြီးတယ် ဆိုတာကို တစ်ကမ္ဘာလုံး သိကြတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှသိတာ မဟုတ်ဘူး။ အာဏာရှင်တွေလည်းသိ၊ ဖက်ဆစ်တွေလည်း သိတယ်။ စံတင်လောက်အောင်တော်တဲ့ ဟစ်တလာ သိတဲ့အတွက် ဘယ်နိုင်ငံမှာမဆို အာဏာသိမ်းပွဲတစ်ခု ဖြစ်ပြီ ဆိုရင် သတင်းစာနဲ့ အသံလွှင့်ဌာနတွေကို အစိုးရရုံး သမ္မတအိမ်တော်၊ လွှတ်တော်တို့နဲ့အတူ အရင်ဆုံး သိမ်းပိုက်ကြတယ်။ ဒီမိုကရေစီ အစိုးရတွေက သတင်းမီဒီယာရဲ့တန်ဖိုးကို သိပေမယ့်  တန်ဖိုး သိပ်ထားလေ့ မရှိကြဘူး။ သူတို့အတွက် အသုံးချလို့ ရရုံလောက်သာ နေရာပေးကြတယ်။ အာဏာရှင်တွေနဲ့ နာဇီတွေ ဖက်ဆစ်တွေကတော့ သတင်းမီဒီယာရဲ့ တန်ဖိုးကို ကောင်းကောင်းသိသလို ကောင်းကောင်းလည်း အသုံးချကြတယ်။ ဂျာမန်အာဏာရှင်ကြီး ဟစ်တလာဟာ သတင်းမီဒီယာကို အသုံးချတဲ့ နေရာမှာ စံတင်လောက်အောင် တော်တဲ့သူ ဖြစ်တယ်။ စစ်အတွင်း နာဇီ အသံလွှင့်ဌာနက...

15 August 2011

တွေ့ ဆုံပွဲမှဆွေးနွေးပွဲသို့ (၂ )

ပြီးခဲ့တဲ့အပတ်က ထွက်လာတဲ့ ဂျာနယ်အားလုံးလိုလို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတဲ့သတင်းကို မင်္ဂလာသတင်းအဖြစ် ၀မ်းသာအားရ ဖော်ပြကြတယ်။ဒါတင်မက ဆောင်းပါးတွေရေးပြီးလည်း ကြိုဆိုထောက်ခံကြ တာ တွေ့ရတယ်။ အားလုံး ကြိုဆိုထောက်ခံ ဂျာနယ်တချို့က နိုင်ငံရေးပါတီ အသီးသီးနဲ့ အလွှာပေါင်းစုံက ပြည်သူများရဲ့ အာဘော်ကို ဖော်ပြရာမှာအားလုံး အားတက်သရော ထောက်ခံကြတာ တွေ့ရတယ်။'အလဲဗင်း' အွန်လိုင်းသတင်းစာမှာ ဖော်ပြထားတဲ့စာရေးသူရဲ့'တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့' ဆောင်းပါးကို ဖတ်ရှုပြီး ထင်မြင်ချက်ပေးသူ အားလုံးကိုလည်း ကြိုဆို ထောက်ခံကြတာကို ထူးထူးခြားခြား တွေ့ရတယ်။ အွန်လိုင်းမှာ ထင်မြင်ချက် ၀င်ပေးတယ်ဆိုတာက ဘယ်သူဘယ်ဝါ နာမည်မဖော်ဘဲ ရေးကြတာ ဆိုတော့ အားလုံး ထောက်ခံတာမျိုး ရှိခဲတယ်။ တစ်ခါတလေ မူရင်း အကြောင်းအရာကို သေးသိမ်သွားအောင် တမင်တကာ ၀င်နှောက်သူ တစ်ယောက်ကြောင့် ထင်မြင်ချက်ပေးသူချင်း...

01 August 2011

တွေ့ ဆုံပွဲမှဆွေးနွေးပွဲသို့ 

 ဒီတစ်ခါအိပ်ရာက မထနိုင်ဖြစ်တာ တော်တော်ကြာသွားတယ်။ ဘယ်လောက်ထိ ကြာသွားလဲဆိုရင် နံပါးနှစ်ဖက်မှာ ဘိုလိုbedsore လို့ခေါ်တဲ့ အိပ်ရာပွန်းနာတွေ ရလာတဲ့အထိပါပဲ။ သုံးလလုံးလုံး နေ့ရောညပါ အိပ်ရာထဲမှာပဲနေပြီးညာဖက်နံတောင်းနဲ့ စောင်းအိပ်လိုက်၊ ဘယ်ဖက်နံတောင်းနဲ့စောင်းအိပ်လိုက် နဲ့သာ နေရတာကိုး။  စိတ်ပူရှာကြရေးနေကျဂျာနယ်တွေအတွက် စာမရေးနိုင်တော့ နယ်ပေါင်းစုံကစာ ဖတ်ပရိတ်တွေ ဖုန်းဆက်ကြ၊ စာရေးကြနဲ့ စိတ်ပူရှာကြတယ်။ ရန်ကုန်နဲ့ နီးတဲ့ဒေသက စာဖတ်သူများကတော့ လူကိုယ်တိုင်ရောက်လာပြီး စုံစမ်းမေးမြန်းကြတယ်။ နဂိုက ဧည့်မပြတ်ရတာ ထက်တောင်ပိုပြီး အရောက်အလာများတယ်။ နေမကောင်း ဘူးကြားတော့ စာပေသမား သတင်းသမားတွေကလည်း စိတ်ပူပြီး တစ်ယောက်ပြီး တစ်ယောက်ရောက်ရောက်လာ ကြတယ်။ တချို့များဆို ၀ီရိယကောင်းလွန်းလို့ နေမကောင်းတဲ့ကြား က ပြုံးတောင်ပြုံးမိသေးတယ်။ စာရေးနိုင်ပြီလားဆိုတာ သိချင်လို့လာတာပါဆိုပြီး အိပ်ရာထဲလှဲနေတဲ့ သူကို...

Pages 271234 »

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons